Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

KBZ bank က ၀န်ထမ်းဟောင်းတစ်ယောက် ပြောပြတဲ့ MLM အကြောင်း။



KBZ bank က ၀န်ထမ်းဟောင်းတစ်ယောက် ပြောပြတဲ့ MLM အကြောင်း။
MLM အကြောင်းလေး သိသမျှလေးပြောပြချင်လို့ပါ။ ကျနော်က မန်းလေးက kbz bank မှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။
ဘဏ်မှာမလုပ်ခင်ကတည်းက MLM တွေနဲ့ အများကြီးဆက်ဆံဖူးပါတယ်။
စစချင်း ၂၀၀၇လောက်က MLM ကုမ္ပဏီတစ်ခုဖြစ်တဲ့ Healthy shop မှာ member ဖစ်ခဲ့ပါတယ်။
ပစ္စည်းတွေလဲ ဝယ်ခဲ့တယ်။
သူငယ်ချင်းဆွေမျိုးတွေကိုလဲ ကိုယ်အောက်မှာ လူများအောင်ဆွဲဆောင်ခဲ့ပါတယ်။ အမှတ်တွေလဲတက်ပါတယ်။
သို့သော် အသက်က ၁၇လောက်ပဲရှိသေးတဲ့အတွက် စကားတွေရွှန်းရွှန်းဝေအောင်အမွန်းတင်ပြီး မဆွဲဆောင်နိုင်ခဲ့ပါဘူး။
ငယ်လဲငယ်သေးတော့ သေချာမလုပ်ခဲ့ဘူး ပစ္စည်းတေက ထူးခြားပြီး သုံးလို့မကောင်းတာလဲပါတယ်။
ဈေးသည်ကြီးလိုလိုက်ပြောနေရတာလဲ မလုပ်ချင်တော့တဲ့အတွက် ဖာသိဖာသာပဲ နေလိုက်ပါတယ်။
သုံးလဲမသုံးဖစ်တော့ဘူး။
သွင်းထားတဲ့ ဝင်ကြေးတွေလဲ ပလုံ ပေါ့။
နောက်တော့ shine hope ကလင်ဇီးဆေး၊ ကော်ဖီ၊ သွားတိုက်ဆေး၊ ခေါင်းလျော်ရည်၊ ဆပ်ပြာရည်၊ လုံးဝ organic ဆိုလို့ ကြိတ်မှိတ်ဝယ်သုံးခဲ့ဖူးတယ်။ သိလဲမသိသာခဲ့ဖူး။
ရောင်းသွားသူသာ မြတ်သွားခဲ့တယ်။ memberကြေးမတတ်နိုင်လို့ မဝင်ခဲ့ရဘူး။ တော်သေးတာပေါ့။ မဟုတ်ရင်ကိုယ်လဲ တအိမ်တက်ဆင်း ဈေးသဂ်ကြီးဖြစ်ဦးမှာ။
နောက် Successmore / Unicity / Aimstar /Tiens စသဖြင့်ပွထလာပြီး စိတ်ဝင်စားမှုမရှိတော့ဘူး။
KBZ bankမှာဝင်လုပ်တော့ Aimstar ကလူတွေအများကြီး acc လာဖွင့်ပါတယ်။ တယောက်တထောင်နဲ့။
အဲ့ Aimstar ကလဲ kbz saving acc ရှိရမယ်။ လဆန်းပိုင်းတိုင်းမှာ ငွေတွေအမြဲထည့်ပေးမယ်လို့ ဆွယ်ပါတယ်။
bank နဲ့ လွဲမယ်စုပြီးသားဖြစ်မယ် ဆိုပြီးဆွယ်တော့ လူတိုင်းကယုံကြတယ်။
တခါတခါလာဖွင့်ကြရင် light truckကားကြီးနဲ့ မိန်မတွေများတယ်။ အဲ့လိုရက်ဆို သိပ်စိတ်ညစ်ကြပါတယ်။
အလကားလဲဖွင့်ပေးရသေး။ ထည့်တော့တထောင်ထဲ။ အများကြီး စုမဲ့ သူလဲမဟုတ်။
လကုန်တိုင်းလဲ မဖြစ်စလောက်ပမာဏကိုထုတ်လိုက်သွင်းလိုက်နဲ့ ဝန်ထမ်းအနေနဲ့ စိတ်ထဲက ငူစူမိပါတယ်။
Aimstar ကြီးကိုလဲ အသေမုန်းတယ် သူတို့လာမှာကိုကြောက်နေတာ။
MLMဟာ ဘယ်လောက်ထိဆိုးလဲဆို လက်လုပ်လက်စားအောက်ခြေသမားတွေက ကိုယ်ဘဝရည်ရွယ်ချက်တေပျောက်ပြီး အလွယ်လမ်းကိုပဲ အကျင့်ကြီးပါသွားတော့တာ။
သိပ်ကို နှမြောစရာကောင်းတယ်။
Aimstar က memberတွေဟာ ဘယ်လောက်တောင် အလွယ်ပိုက်ဆံလိုချင်သွားလဲဆို kbz bank ကို လမ်းမလျောက်နိုင် အသက်၆၀ ၇၀လောက် စာမတတ်တဲ့အမေအိုကြီးကို
နယ်ခရီးဝေးကနေ ချီလာပြီး acc ဖွင့်ခိုင်း။
စာမတတ်တော့ လက်ပွေနိပ်ခိုင်းပြီး လူရှာ။
လူပွားအောင်လုပ်တော့တာပါပဲ။ ဒီလိုလူကိုaccဖွင့်ပေးလိုက်လို့ရပေမယ့်။
ငွေထုတ်တဲ့အခါတိုင်းအဖွားလဲကိုယ်တိုင်လာထုတ်တဲ့အခါပင်ပန်းမယ်။
လက်ဗွေနဲ့ဖွင့်ထားတာဆိုတော့ ဘဏ်ဘက်ကကြည့်ရင်လဲ securityအနေနဲ့ လုံခြုံမှုမရှိကြောင်းရှင်းပြတာကို
Aimstar member ဝင်သားဟာ သူ့ရဲ့ကွန်ယက် Line အောက်မှာ လူများဖို့ လူပွားဖို့ပဲလောဘတက်နေတော့ အမေ့ကို acc ဖွင့်လို့ရကိုရမယ်နည်းလမ်းနဲ့သာ ဖွင့်ပေးပါဗျာလို့ကို
အတင်းပြောပါတော့တယ်။
အရမ်းပြောနေတော့ သဘောကောင်းတဲ့ မန်နေဂျာအမကလဲ customer ပဲဆိုပြီး ခွင့်ပြုပေးလိုက်ပါတယ်။ တခါတခါ လကုန်ခါနီး Aimstarကလူတွေရဲ့
memberငွေတွေ လွဲလာတဲ့အခါ စာရင်သွင်းရင် စိတ်အညစ်ရဆုံးပါ။
ကိုယ်သွင်းရလို့စိတ်ညစ်တာလဲပါသလို ဒီလို လူတွေကိုလိမ်ညာစားတေတဲ့ Aimstarရဲ့လွဲငွေတွေက ပိုလို့စိတ်ညစ်စရာပါ။
ငွေလွှဲပေးတဲ့ ပမာဏက
၃၄၅.၇၅ ကျပ်၊ ၁၀၉၅ကျပ်၊ ၄၅၆.၇၈ ကျပ်၊ ၂၀၇၅ကျပ်၊ ဒီလိုပမာဏလေးတွေက ၅၀%လောက်ပါပါတယ်။ နဲနဲရာထူးကြီတဲ့ ၁၀% လောက်က
၅၀၇၈ကျပ်၊ ၇၈၀၉ ကျပ်။ ၁၀၈၅ ကျပ်။
ပိုကြီးရင် နှစ်သောင်း၊ သုံးသောင်းရကြတယ်။
မြင်ဖူးသမျှအများဆုံးငွေဟာ ၈သောင်း ၁သိန်းပဲ။
တလတလသူတို့အမှတ်တက်လာခဲ့လဲ အပေါ်ကလူများတဲ့သူတေသာ သိသိသာသာတိုးပါတယ်။
အောက်လူတွေဟာ ၃လတခါသာ ၇ထောင် တသောင်း ၂သောင်းထုတ်နိုင်ပါတယ်။
အလွန်ဆုံးထုတ်နိုင်တာ မန်နေဂျာအဆင့် ၁၀ သိန်းလာထုတ်တာပဲမြင်ဖူးပါတယ်။ ၀.၀၀၀၁%ပါပဲ။
ကိုယ်သူငယ်ချင်းတွေ လုပ်နေရင်လဲ တခါ နခါ သုံးခါ နားကိုမခံနိုင်လောက်တော့လို့ အဲ့လူဆိုရှောင် ပြေး ပုန်းရတော့တာပါပဲ။
Shine hopeနဲ့ Aimstarကအဆိုးဆုံးပါ။
ဆု
(သူပြောပြထားတွေကို နည်းနည်းပြန်ပြင်ပြီး တင်ပေးလိုက်ပါတယ်)
Zayya Sopyay