Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

Media ကို Aim Star MLM company ခေါင်းဆောင်က ငတ်လို့လုပ်စားတာပါလို့စော်ကားလိုက်တာကိုကြားရတဲ့အခါပြည်သူတစ်ယောက်ရဲ့ခံစားချက်


တက်လာတဲ့ Video file လေးကို အခုမှ ကြည့်မိတာ
စိတ်မကောင်းဖြစ်ရပါတယ်
လူအများကို ခေါင်းဆောင်နေတဲ့သူတစ်ယောက် က အခုလို နိင်ငံတစ်ခုရဲ့ အရေးကြီးဆုံး အခြေခံ အကျဆုံးအပိုင်းမှာ ပါဝင်တဲ့ Media သမားတွေကို ရှုံချတာ မြင်ရတော့ လွန်တယ်လို့မြင်မိပါတယ်
အထူးသဖြင့်ကိုယ့်နိင်ငံကိုနိမ့်ချပြီးပုတ်ခတ်လိုက်တာလည်းမကောင်းပါဘူး
ကိုယ်က MLM သမားတစ်ယောက်ပါ
ငြင်းခုံဆွေးနွေးရတာသဘောကျပါတယ်
တစ်ဘက်နဲ့တစ်ဘက်ရန်လိုပြီး အပြတ်သဘောနဲ့ဆဲဆိုရှုံချမှုတွေမလုပ်တတ်ပါ
ကောင်းကောင်းမွန်မွန်နဲ့ ပညာလည်းတကယ်တတ်ပြီး လုပ်နေတဲ့ MLM သမားတွေအများကြီးပါ
အခုလို ပြောလို့ သူတို့အချင်းချင်းတောင် Fight ကုန်ပြီ ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပြီးလည်းလည်းလာမပြောပါနဲ့
MLM industry ဟာ မစည်းလုံးပါ
အခုလ်ုတွေဖြစ်လာတယ်ဆိုတာ လူအများကိုထိန်းသိမ်းရာမှာ Gap လေးတွေဖြစ်ပြီး လွတ်ထွက်ကုန်ကျတာပါ
ခက်တာက အပြင်က Marketing လုပ်တဲ့ Process တွေမှာ Product (Goods or Service) ကို Edify လုပ်ရပါတယ်
ဒီမှာ ထုတ်တဲ့ထုတ်ကုန်အပြင် လုပ်တဲ့သူ (ဥပမာ ငါကဒီလောက်ရနေပြီ ဘယ်နစ်လဘဲ လုပ်တာ...) ဆိုပြီး ကိုယ့်ကိုယ်ကို Edify ရပါတယ်
(Trip တွေဘာတွေ သွားတယ်ဆိုတာကလည်းဒီလိုပျော်ပါတယ်ဆိုတာကို promote လုပ်ရတာပါ) လုပ်တဲ့သူရဲ့ Life ကို ပါ promote လုပ်ပြီး ရောင်းအားမြှင့်တာကိုလုပ်တတ်ကြပါတယ်
အဲ့ဒီမှာ ဘာတွေ ဖြစ်လည်းဆိုတော့
(ဥပမာ ခေါင်းလျှော်ရည် ကြေငြာ... တစ်ခါလျှော်ယုံနဲ့ပိုးသားလေးလို နူးညံ့တောက်ပြောင်သွားတယ်... ဒီအသားဖြူ Cream လိမ်းတာနဲ့ တစ်ပတ်အတွင်းဖြူဖွေးသွားမယ် ) ဆိုတာ မျိုးကျ တတော့
အလွန်အကျွံဖြစ်ရာမကျဘဲ
MLM သမားတစ်ယောက် ကသူ့life ကို promote လုပ်တဲ့အခါ မထိန်းမသိမ်းပြောရင်သောက်ညင်ကတ်စရာတွေဖြစ်သွားတာပါ
ါးကြောင့်နောက်ပိုင်းတွေမှာ (ကိုယ့် Organization ကိုပြောပါတယ်) နှုတ်ကို ထိန်းသိမ်းဖို့နဲ့ အလွန်းအကျူးတွေ မပြောဖို့ သင်ပေးပါတယ်
နောက်ပြီး အနှုတ်သဘောဆန်တဲ့အရာမျိုးတွေ (ဥပမာ ESBI ကိုပြောတဲ့အခါ ) E ကို ဖိနိပ်ပြောတာ မဟုတ်ဘဲ
ကိုယ်သွားတဲ့လမ်းကြောင်းကိုသာ ပြောရန်ထိန်းသိမ်းပ့တယ်
နောက်ပြီး အောက်ကလူတွေ အသေလုပ်ပြီး အပေါကလူတွေက အေးဆေးစားတယ်ဆိုတာ မဟုတ်ဘူးလို့ ဘယ်နစ်ခါပြောရမှန်းမသိ
တကယ်ကိုမဟုတ်တာပါ... MLM မှာ အပေါရောက်လေ တာဝန်ယူမှုများလေပါ.. နောက် ကိုယ့်ကိုကိုယ်လည်း အမြဲ Upgrade လုပ်ရပါတယ်။ နားတစ်ဖက်ပိတ်ပြီးကိုယ်သိတဲ့ အသိညှောင့်တောက် လေးကိုဘဲ ကြက်တူရွေးနှုတ်တိုက်ပြောတယ်ထင်ရင်မှားသွားမှာပေါ့ကွယ် :)
တကယ့် MLM leader တွေဟာ တစ်ချို့ education background မကောင်းခဲ့ရင်တောင် စာတွေများများဖတ်ပြီး အမြဲ Learning လုပ်ရပါတယ်ဝယ။ နိင်ငံခြားမှာရှိတဲ့ course တွေ Anthony Robbin ရဲ့ Coach.. or public speaking course.. or.. bussiness or medical seminar တွေ လည်းလက်လှမ်းမှီသလောက်အမြဲသင်ယူနေတာပါ
ပြီးတော့ မှန်သောစကားဆိုရပါစေ ဘယ် ခေါင်းဆောင်ကမှ ကိုယ့်အောက်ကလူသေပါစေဟဲ့ ပိုက်ဆံမရနဲ့ဟဲ့ နွားလိုလုပ်စမ်းဟဲ့ ဆိုတာ တစ်ယောက် မှ မရှိပါ
ကိုယ့်အောက် က လူ ရလဒ် မရမှာ ကို အဲ့ဒီDownline က သူ့ကို သူပူတာထက် သူ့ Upline က ပိုပြီးပူပါတယ်
နောက် MLM စနစ်မှာ ကောင်းတာတွေ လည်းယူတတ်မယ်ဆိုတကယ် အများကြီးပါ
ဟိုတလောက Camp နဲ့ပတ်သတ်ပြီူး post တွေတွေ့လိုက်ပါတယ် သူပြောတဲ့ Game တွေကတော့ဟုတ်ပါတယ် ဒါပေမယ့် သူကတစ်ဖက်စောင်းနင်းမကောင်းပြောထားပြီး တချို့နေရာတွေမှာ အလွဲတွေလည်းတွေ့ပါတယ်။ ကောင်းတဲ့အချက်တွေ အများကြီးရှိတာကိုလည်းဖုံးထားတာတွေ့ရတယ်
နောက် Product ကောင်းတာတော့ အမှန်ပါ စနစ်တကျသောက်မယ်ဆိုရင် တကယ်ကို သက်သာ သွားတဲ့သူတွေမှ အများကြီးပါ
ဆေးလိပ်ဘီယာအရက်အချိုရည် အချို့ ထက်တော့ product တွေ ကကောင်းကျိုး အများကြီးပြုနေတာအမှန်ပါဘဲ Unicity Product တွေ အကြောင်းကို ဆရာ့ဆရာများလိုက်ရှာပြီးဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်
ဖြတ်လမ်းနည်းနဲ့ချမ်းသာချင်သူများလို့ထင်လိုက်ရင် အမှားကြီး မှားသွားပါလိမ့်မယ်
ရလဒ်ကြီးကြီးတစ်ခုကို မျော်မှန်းပြီးလုပ်တာမို့လွယ်လွယ်နဲ့တော့မရပါ MLM သမားတစ်ယောက် ကသူ့ Skillset တွေ mindset တွေ even သူ့ရဲ့ Attitude တွေကမှအစ Leadership skill Interpersonal skill communication . General Knowledgeပြီးတော့ EQ ၊public speaking skill..နောက် problem solving တွေ မှအဆုံးအများကြီးတတ်ရပါတယ် သူ့ Team သူ့ ရပ်တညရတဲ့နေရာမှာပေါ့
နောက်ဆုံးပြောချင်တာကျတာ့
ဘယ်သူ့ကိုမှ နစ်နာစေ ဆိုပြီး လိမ်နေသောသူရယ်လို့မရှိပါ စီးပွားရေးလုပ်ပါတယ်ဆိုမှဒီလောက် Communication ကောင်းတဲ့ခေတ်ကြီးမှ လိုက်လိမ်တယ် ဆိုရင် ရေရှည် စီးပွားရေး မလုပ်နိင်မှန်မသိတဲ့ ငတုံးများမဟုတ်ပါ
ps. နောက်ဆုံးနောက်ဆုံးကတော့ မြန်မာ နိင်ငံကို မို့လို့ လာလုပ်လို့ရတယ် မြန်မာက MLM အများဆုံးလို့မထင်ပါနဲ့ Unicityမှာဆိုရင် တခြားနိင်ငံတွေနဲ့ယှဉ်ရင် အောင်မြင်မှု အရမ်းကို နည်းနေပါသေးတယ်
South Korea, Thailand, US,Phillipine, Middle-East countries တွေ မှာ ပိုများပါတယ် Youtube မှာ unicity success stories တွေများရှာကြည့်နိင်ပါကြောင်း
ဒါကတော့ အထင်တွေမမှားကြဖို့ရေးတာပါ
နောက်အားရင် ဘယ်လိုကနေဘယ်လိုကြောင့် အထင်မှားတွာေ ဖြစ်ကုန်လည်းရေးပါမယ်
Peace >_-
https://www.facebook.com/groups/mlmDiscussion/permalink/1822642811313882/