Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

ဗြောင်လိမ်ဗြောင်စားစစ်စစ်ကြီးက သူကိုယ်သူပရဟိတစေတနာရှင်လို့ ထင်နေအောင် meeting ကနေ လှုံ့ဆော်ပေးပါတယ်


1 ငွေ
သင့်လက်ရှိအလုပ်နဲ့သူတို့ရဲ့
စိတ်ကူးယဉ်ဆန်တဲ့အလုပ်ကို
သင်ကိုယ်တိုင်နှိုင်းယှဉ်လာအောင်
ညွှန်းပါလိမ့်မယ် ငွေ
ကိုဘယ်ချိန်မှာဘယ်လောက်ရမယ်
ဆိုတဲ့အိမ်မက်ကြီးကြီးကိုစတင်မက်စေပါတယ်
ဒီအိမ်မက်ကြီးနဲ့အစပိုင်းမှာသင့်ကိုပျော်ရွှင်စေပါမယ်
2 အားလပ်ပျော်ရွှင်ချိန်
MLM မှာတော့လုပ်ချင်တဲ့ချိန်ထလုပ် မလုပ်ချင်ထိုင်နေလို့ပြောတဲ့သဘောပါ
မလုပ်ချင်လို့ထိုင်နေရင်လည်း
သင်ဝယ်ထားတဲ့ပစ္စည်းဖြစ်နေပြီ
MLM ဖက်ကဆုံးရှုံးစရာမရှိတော့ဘူး
ဒါဟာ
တခြားလုပ်ငန်းခွင်ကလူတွေကို
သွေးဆောင်တဲ့အထိ ဖြစ်နိင်ခြေရှိပါတယ်
3 ပျော်ရွှင်မှုနှင့်စိတ်ချမ်းသာခြင်း
လူကို စိတ်ချမ်းသာစေတဲ့အချက်တွေထဲက
အကောင်းမြင်စိတ်နဲ့ဝါဒကဖန်တီးယူလို့ရပါတယ်
ဒါကိုMLMကပေးတာလို့ထင်ရအောင် ပရဟိတ အသွင်ယူထားပြီး
စွဲလန်းစေပါတယ်
MLMမှာစွဲလန်းလာရင်
လက်ရှိအလုပ်ကို ငြီးငွေ့ပြီးအဆိုးမြင်လာပါတယ်
ရုန်းထွက်မှန်းမသိရုန်းထွက်လာပါတယ်
ဆန့်ကျင်ပြောလာရင်မိသားစုလည်းမရတော့ပါဘူး
လင်မယားဆို ကွဲပါတယ်
မကွဲရင် အတူလုပ်ကြရပါတယ်
ပတ်ဝန်းကျင်မှာရှိသမျှမိတ်ဆွေရော တစိမ်းရော
လူအကုန်လုံးကို သူ့ပိုက်ဆံတွေလို့ထင်နေပါတယ်
(သူတို့ကိုဆန့်ကျင်ပြောတဲ့သူတွေ
သူတို့စည်းရုံးလိုမရတဲ့သူတွေကိုတော့ အင်မတန်ကြောက်ပါတယ်)
အလုပ်လုပ်ချင်စိတ်ပျောက်ပြီး
လက်ရှိဘဝနဲ့ကင်းကွာလာပါတယ်
နောက်ဆုံးမထူးဇာတ်ထဲမျောပြီး
လူရှိန်အောင်အသစ်လေးတွေကို
သိရက်နဲ့ဆက်လက်ဂျင်းထည့်နေပြီး
ဗြောင်လိမ်ဗြောင်စားစစ်စစ်ကြီးက
သူကိုယ်သူပရဟိတစေတနာရှင်လို့
ထင်နေအောင် meeting ကနေ
လှုံ့ဆော်ပေးပါတယ်
Thar Gyi
28.1 .17