Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, February 19, 2017

" MLM ကို AVon လို company ကြီးတွေက ဘာကြောင့်လုပ်နေတာပါလဲ ခင်ဗျာ "


" MLM ကို AVon လို company ကြီးတွေက
ဘာကြောင့်လုပ်နေတာပါလဲ ခင်ဗျာ "
=================================
Comment မှာ လူ တစ်ယောက် မေးလာလို့ပါ ။
သာမန် သိချင်လို့မေးတာ ( လာရစ်တာမဟုတ်ဘူးလို့ ယူဆလို့ )
လိုအပ်မယ်ထင်တာလေးတွေ ၊ သိသင့်တာလေးတွေ ဖြေပေးလိုက်ပါတယ် ။
မေးသူရဲ့ ဆိုလိုရင်းက " MLM စီးပွါးရေးက မကောင်းဘူး ၊ ကျင့်ဝတ်နဲ့ မညီဘူး " ဆိုရင်
ဘာလို့ ဒီလို နာမည်ကြီး American Companies တွေက MLM ပုံစံနဲ့ ဈေးကွက်ထိုးဖောက်နေသလဲ လို့
သိချင်တဲ့ သဘောဖြစ်မယ် ထင်ပါတယ် ။
AVON မှ မဟုတ်ပါဘူး ။
Amway တို့ Herbalife တို့ Nuskin တို့လို Company ကြီးတွေလည်း MLM သုံးကြပါတယ် ။
( ဖြတ်ပြောရရင် ဒီ MLM Companies ကြီးတွေဟာ Stock Market မှာပါ ဝင်ရောက်လုပ်ကိုင်နေတဲ့ အဆင့်အထိ ရှိပါတယ် ။
ဒါကြောင့် ဒီက MLM Companies တွေထက် အများကြီး ပွင့်လင်း မြင်သာမှု ရှိရပါတယ် ။
MLM Industry မှာ ဝင်လုပ်နေသူ တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကျော်ဟာ ငွေကြေးဆုံးရှုံးမှုတွေရှိနေတယ်ဆိုတာကို
ဒီလို ပွင့်လင်းမြင်သာမှု အတန်အသင့်ရှိတဲ့ MLM Companies တွေကြောင့် သေသေချာချာ ပိုပြီး သိလာနိုင်တာပါ ။
( Stock Market ဝင်ထားတာဆိုတော့ ငွေကြေးနဲ့ ပတ်သက်တဲ့ Reports တွေကို အများသိအောင် ချပြပေးရတယ်လေ ။ )
AVON ကတော့ ( ကျွန်တော် သိသလောက် ) နာမည်ပျက် နည်းနည်း နည်းပါတယ် ။
The Company for Women လို့ ကြွေးကြော်ပြီး
အမျိုးသမီးတွေရဲ့ လူနေမှု ဘဝကို မြှင့်တင်ပေးဖို့ ကြိုးစားနေတဲ့ Company လို့ Brand Image ယူထားလို့ ဖြစ်ပါတယ် ။
ဒါတောင်မှ AVON ဟာ နိုင်ငံတကာမှာ တရားစွဲခံရတဲ့ ကိစ္စတွေ ၊
တရုတ်မှာ MLM တွေကို ပိတ်ခံရတုန်းက ရောပါသွားတာတွေ ၊
လာဘ်ထိုးမှုနဲ့ အရေးယူခံရတာတွေ ရှိခဲ့ပါတယ် ။
< Quote :
The Times reported that the final tally may be close to $250 million, after which Avon would report the findings to the United States Department of Justice and the Securities and Exchange Commission (SEC) and try to negotiate the penalties that those entities may impose.[32] On February 24, 2011, Avon filed a report with the Securities and Exchange commission highlighting the investigation as a corporate risk factor that could cause investor loss.[33]
In 2014 Avon settled the bribery charges for a total of $135 million; $68 million in criminal penalties, with the remainder in interest, disgorgement, and fines from a civil case brought by the SEC.[13][34] >
အဓိက Avon က CSR တွေ လုပ်ရင်းနဲ့ Brand image ကို ဆွဲတင်ပြီး ထိန်းထားတာပါ ။
အခု Shine Hope ( Myanmar MLM Company ) ဒီမှာ သက်တမ်းကြာနေပေမယ့်
ထိန်းထားနိုင်တဲ့ ပုံစံက ဒီ လို ပုံစံမျိုးပေါ့ ။
ဘာအသင်း ညာအသင်း စတဲ့ လူမှုရေး အသင်းတွေ ... လှုပ်ရှားမှုတွေနဲ့
Company ရဲ့ Brand Image ကို ပြန်ထိန်းတဲ့ ပုံစံပါ ။
အဓိကက MLM မှာ အရေးကြီးတာက Members အချင်းချင်းပဲ ပတ်ဝယ်နေတာမျိုးမဟုတ်ရပဲ
အပြင်က သာမန်သုံးစွဲသူတွေပါ လက်ခံအားပေးတာမျိုးဆိုရင်
နာမည် သိပ် မပျက်ပါဘူး ။ တကယ်က ဒီလိုပဲ ဖြစ်သင့်တာပါ ။
Members အချင်းချင်း ဝယ်လိုအား ကြောင့် ရနေတဲ့ ရောင်းအားထက်
ပြင်ပ ( Member မဟုတ်သူတွေရဲ့ ) ဝယ်လိုအားက များကို များနေရပါမယ် ။
ဘာလို့ဆို Member အချင်းချင်း ဝယ်လိုအားက လောဘ အပေါ် အခြေခံပြီး
ပြင်ပ ဝယ်လိုအားကတော့ ထုတ်ကုန်ရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းမျှတမှုကို အာမခံချက် ပေးနိုင်လို့ပါ ။
အခုဟာက MLM Companies အများစုက လောဘနဲ့ အချင်းချင်းဝယ်အားကို
အသုံးချပြီးတည်ဆောက်နေတဲ့အတွက် ဝေဖန်ခံနေရတာပါ ။
အဓိက က လူဆွယ် Bonus နဲ့ ၊ အချင်းချင်း မလှိမ့်တပတ်ဝယ်ခိုင်းလို့ရလာတဲ့ Bonus ကို
ဦးတည်ပြီး လုပ်ကိုင်ရင် Ethics နဲ့ မညီပါဘူး ။
ဒါကို ပြင်နိုင်ရင် MLM တွေ နာမည်ကောင်း ပြန်ရလာမှာပါ ။
US က FTC ( Federal Trade Commission ) ကလည်း ဒါကို အဓိကထောက်တာပါ ။
ဒါပေမယ့် MLM Companies တွေဟာ စာရွက်ပေါ်မှာသာ
ဒီလို စည်းမျဉ်းတွေကို လိုက်နာပြီး လက်တွေ့မှာ မလိုက်နာပဲ
အမြတ်ရရင်ပြီးရောဆိုပြီး ကိုယ်စားလှယ်တွေရဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုတွေကို လွှတ်ပေးထားတာပါ ။
ဒါကြောင့် MLM တွေဟာ စပေါ်လာတဲ့ ၁၉၅၀ လောက်ကနေ အခုအချိန်အထိ
နာမည်ပျက်နေဆဲ စီးပွါးရေး ပုံစံ တစ်ခု ဖြစ်နေတာပါ ။
သူနဲ့ သိပ်မကွာပဲ ပေါ်လာတဲ့ Franchising Business Model ဆိုရင်
စပေါ်လာကာစမှာ ဝေဖန်ခံခဲ့ရပေမယ့် အခုဆိုရင် နိုင်ငံတကာမှာရော မြန်မာမှာပါ
အားလုံးက လက်ခံထားတဲ့ Business Model တစ်ခု ဖြစ်နေပါပြီ ။
MLM တွေလည်း အကျင့်တွေကို ပြင်နိုင်ရင်တော့ လူရိုသေ ရှင်ရိုသေ တစ်ခု ဖြစ်ကောင်း ဖြစ်လာမှာပါ ။
=========
ဒါက FTC ( Federal Trade Commission ) နဲ့ Amway ( America MLM Company - Industry Leader )
ငြိတုန်းက ရှောင်ထွက်သွားနိုင်ခဲ့တဲ့ အချက် ၃ ချက်ပါ ။
The Amway Safeguards Rule လို့ လောကမှာ နာမည်ကြီးပါတယ် ။
ဒီ ၃ ချက်ကို လိုက်နာပါတယ်ဆိုလို့ Amway ကို Pyramid Scheme လို့ မကြေငြာပဲ
Multi-level Marketing Company အနေနဲ့ ပဲ လက်ခံပေးထားလိုက်တဲ့ သဘောပါ ။
ဒီ ၃ ချက်ကို စာရွက်ပေါ်မှာ မဟုတ်ပဲ တကယ်လိုက်နာနိုင်ရင်
MLM ဟာ နာမည်ကောင်း ပြန်ရကောင်းရလာနိုင်ပါတယ် ။
အချိန်မရလို့ အကြမ်းဖျဉ်းပဲ ပြောပါရစေ ။
၁။ ကိုယ်စားလှယ် တစ်ယောက်ဟာ ( MLM အသင်းဝင်မဟုတ်တဲ့ )
ပြင်ပ စားသုံးသူ အနည်းဆုံး ၁၀ ယောက်ကို ရောင်းချနိုင်စွမ်းရှိရမယ် ။
ဒါမှ သက်ဆိုင်ရာ တခြား ဆုကြေး ( လူခေါ် ဆုကြေး ၊ အုပ်စုအရောင်းဆုကြေး စတာတွေ ) တွေ ခံစားခွင့်ရမယ် ။
( အချင်းချင်း Money Game / Push Selling ပဲ လုပ်နေမှာစိုးလို့
ထိန်းတဲ့ အချက်ပါ ။
ခက်တာက ရှောင်လို့ရနေတဲ့အကွက်တွေရှိနေပါတယ် ။
တကယ် ဒီမှာ Rule ဖြစ်လာရင် ရှောင်ပြီး လိုက်လုပ်ကြမှာစိုးလို့
ဟာကွက်ကို မရေးတော့ပါဘူး ။)
Amway required its representatives to engage in retail selling, under the "ten retail customer policy" which appeared in the agreement that representatives signed upon enrollment. This rule required that representatives make 10 sales to retail customers as a qualification for eligibility to receive commissions and bonuses on sales/purchases made by other representatives in their personal sales organization.
၂။ ထုတ်ကုန်တွေကို နောက်တစ်ခါ ထပ်မမှာခင် အနည်းဆုံး ၇၀ % ရောင်းချပြီးသား ဖြစ်ရပါမယ် ။
( တကယ် မရောင်းနိုင်ပဲ ရာထူးတက်လိုဇော နဲ့ လောဘတက်ပြီး ဝယ်ရာက ပိုက်ဘောမိမှာစိုးလို့ ကာကွယ်တဲ့ ဖြစ်ပါတယ် ။ )
Amway required its representatives to sell a minimum of 70% of previously purchased product before placing a new order.
(Amway’s rules recognize "personal use" for purposes of the 70% rule.)
၃။ ရောင်းမထွက်တဲ့ ၊ ပါကင်မဖောက်ရသေးတဲ့ ထုတ်ကုန်တွေကို
ကိုယ်စားလှယ်က ဒီ အလုပ်ကို ဆက်မလုပ်ချင်တော့လို့ ပြန်ရောင်းတဲ့အခါ
Company က ပြန်ဝယ်ပေးတဲ့ စည်းမျဉ်းရှိရမယ် ။
( သတ်မှတ်တဲ့ ကာလ တစ်ခု အတွင်းမှာ ဆိုရင် မဖြစ်မနေ ပြန် ဝယ်ပေးရမယ် ။ )
( ထိုက်သင့်တဲ့ % တော့ နှုတ်မှာပေါ့ )
ဒါမှ ကိုယ်စားလှယ်က မလုပ်ချင်တော့တဲ့ အခါ အချိန်မရွေးထွက်လို့ရမယ် ။
သူ့အတွက် နစ်နာမှု အများကြီး မဖြစ်နိုင်လို့
စုပ်လည်စူး စားလည်းရူး အဖြစ်မျိုးနဲ့ နောက်လူတွေကို မဖြစ်မနေ ဓားစာခံရှာရတာမျိုး မဖြစ်တော့ဘူးပေါ့ ။
Amway had an official "buy-back" policy for unsold, unopened inventory. This policy had some reasonable restrictions, including a specified maximum length of time since the item was originally purchased by the representative and that the item was still current in the company’s product offerings to consumers. The policy also included a minimal "restocking" fee. (Buy-back policies are significant especially for their protection of representatives who choose to terminate their affiliation with a company, and do not want to be "stuck" with unsold inventory.)
============
ကဲ ဒီတော့ ဒီမှာ Run နေတဲ့ MLM Companies တွေကို မေးကြည့်ပါ ။
ဒီ စည်းမျဉ်းတွေကို သိပါသလား ? လိုက်နာပါသလား ?
ကိုယ်စားလှယ်တွေရဲ့ အကျိုး ၊ စားသုံးသူတွေရဲ့ အကျိုးကို ကြည့်ပါသလား ?
စည်းကမ်း စာရွက်ပေါ်မှာ တစ်မျိုး အပြင်မှာ တစ်မျိုးပဲ လုပ်နေပါသလား ?
သေချာ ဆန်းစစ်လေ့လာကြည့်လိုက်တဲ့ အခါ ရှင်းရှင်းလင်းလင်း သိလာပါလိမ့်မယ်ဗျာ ။
လူ အချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ။
လူတွေရဲ့ မသိနားမလည်မှု နဲ့ လောဘ အပေါ် အခြေခံပြီး အမြတ်ရရှိဖို့ ကြိုးစားနေတဲ့
စီးပွါးရေးလုပ်ငန်းတွေရဲ့ ထောက်ချောက်တွေကနေ လွတ်ကင်းနိုင်ကြပါစေဗျာ ။
စေတနာဖြင့်
ကိုဇင်ဇေ
Admin @ MLM/Network Marketing အကြောင်း အသိပညာပေး ၊ ဆွေးနွေး ငြင်းခုန်လိုသူများ
( https://www.facebook.com/groups/mlmDiscussion/ )

https://www.facebook.com/groups/mlmDiscussion/permalink/1789399487971548/