Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

MLM Companies တွေကို အမေရိကန်မှာ ဘာလို့ ပိတ်မပစ်ရတာလဲ ? MLM Companies တွေဟာ အမေရိကန်မှာ တရားဝင်သလား ?


 No automatic alt text available.
MLM Companies တွေကို အမေရိကန်မှာ ဘာလို့ ပိတ်မပစ်ရတာလဲ ?

MLM Companies တွေဟာ အမေရိကန်မှာ တရားဝင်သလား ?
===================================
လူလိမ် တစ်ယောက်က အလိမ်မပေါ်သေးသ၍
သူလိမ်ကြောင်း သက်သေမပြနိုင်သေးသ၍
သူ့ကို လူလိမ်အနေနဲ့ အရေးယူတာကို ခံရမှာ မဟုတ်ဘူး ...
ဆိုတာလေးနဲ့ ဥပမာ စပေးချင်ပါတယ် ။
လက်တွေ့ အချက်အလက်အရဆိုရင်တော့
Vemma Nutrition ( multilevel marketing ) ကို
US - Federal Trade Commission က
၂၀၁၅ ထဲမှာ ပိတ်ကို ပစ်လိုက်တာမျိုးတွေလည်း ရှိပါတယ် ။
( Source >>> https://www.ftc.gov/…/ftc-acts-halt-vemma-alleged-pyramid-s… )
US မှာ Pyramid Scheme တွေဟာ တရားမဝင်ပါဘူး ။
MLM/Network Marketing စစ်စစ်တွေ ( လက်တွေ့မှာ မရှိသလောက်နည်းပါး ) ကတော့
တရားဝင် လုပ်ကိုင်လို့ရပါတယ် ။
( Legal - တရားဝင် တာနဲ့ Ethical = လူ့ကျင့်ဝတ် / စီးပွါးရေး ကျင့်ဝတ် နဲ့ ညီတာ မတူပါဘူး ။ )
နည်းနည်း ဆက်ရှင်းပြပါမယ် ။
Pyramid Scheme တကယ့် အစစ်နဲ့
MLM/Network Marketing က ပုံစံကွဲပါတယ် ။
သာမန် Pyramid Scheme တွေက ထုတ်ကုန် လုံးဝမပါပဲ
နောက်လူပိုက်ဆံနဲ့ ရှေ့လူ စားရတာမျိုးပါ ။
( အခုနောက်ပိုင်း Pyramid Scheme တွေကတော့ ဒီလောက် မတုံးပါဘူး ။
အယောင်ပြ Products တွေ ပါလာလေ့ရှိပါတယ် ။ )
MLM/Network Marketing မှာက ထုတ်ကုန် တော့ ပါပါတယ် ။
ဒါပေမယ့် MLM Companies အားလုံးနီးပါးဟာ
ထုတ်ကုန်က ဟန်ပြလောက်ပဲ ဖြစ်ပြီး
ဝင်ငွေကောင်းမယ် ၊ ဘဝပြောင်းမယ်စသဖြင့် မက်လုံးပေါ်မှာ Market တည်ဆောက်ပြီး
ထုတ်ကုန်ရောင်းချ နေတာကြောင့်
MLM/Network Marketing တွေကို နောက်ပိုင်း ပညာရှင်တွေက
*** Product-based Pyramid Scheme*** လို့ခေါ်ပါတယ် ။
တကယ်လို့ MLM တစ်ခုဟာ အသင်းဝင်မဟုတ်တဲ့
ပြင်ပ ရောင်းအား အတိုင်းအတာ တစ်ခုအထိရှိရင်တော့
လောဘ အခြေခံတဲ့ *** Product-based Pyramid Scheme*** မဟုတ်ပဲ စစ်မှန်တဲ့ Distribution/Marketing ပုံစံ တစ်မျိုးလို့ပဲ
သတ်မှတ်ချင် သတ်မှတ်လို့ရနိုင်ပါတယ် ။
အဲ့တော့ အဲ့ဒီ ပြင်ပရောင်းအားကို အနည်းဆုံး ဘယ်လောက်ရှိရမယ်လို့ သတ်မှတ်ထားလဲဆိုတော့
US - Federal Trade Commission က တော့ အနည်းဆုံး ၇၀% လို့ သတ်မှတ်ပါတယ် ။
( ပြင်ပရောင်းအား ၇၀% ရှိရမယ်ဆိုတာ ၁၉၇၉ မှာ က
Amway Company လွတ်အောင်ရုန်းနိုင်ခဲ့တဲ့ Amway Safeguard Rules အရပါ ။ )
( နောက်ဆုံး ၂၀၁၆ ဇူလိုင်မှာ ထွက်လာတဲ့ Herbalife MLM Company ကို
အရေးယူ စည်းကမ်းကြပ်မတ်တဲ့ မူအရဆိုရင်
ပြင်ပရောင်းအား ၈၀% အထိ ရှိသင့်တယ်လို့
FTC က ထောက်ပြတဲ့ သဘောတွေ ပါပါတယ် ။
Source >>> https://www.ftc.gov/…/herbalife-will-restructure-its-multi-… )
သူတို့ရဲ့ သတ်မှတ်ချက်ကို ဖြစ်သင့်တဲ့ အတိုင်းအတာလို့ ကျွန်တော်လည်း ယုံကြည်ပါတယ် ။
ဒါကြောင့် အဲ့ဒါကို ပြည့်အောင် မရောင်းနိုင်ပဲလည်ပတ်နေရင်
အဲ့ဒီ MLM company ဟာ *** Product-based Pyramid Scheme*** လို့ပဲ
ကျွန်တော်ကတော့ သတ်မှတ်ပါတယ် ။
ဒါပေမယ့် တိုင်တဲ့လူ မရှိသေးတော့
MLM Companies အများစုဟာ ဒီလိုပဲ လက်တစ်လုံးခြား လည်ပတ်နေကြတာများပါတယ် ။
ဒါတွေက US-FTC ကနေ
( Shut down ) ပိတ်ပစ်လိုက် တဲ့
( dissolved ) လုပ်ငန်းရပ်ဆိုင်းခိုင်းလိုက်တဲ့ ၊
( foreclosure ) ပိုင်ဆိုင်မှုတွေကို သိမ်းပလိုက်တဲ့
MLM Companies တွေ စာရင်းပါ ။
( Source >>> https://en.wikipedia.org/…/List_of_multi-level_marketing_co… )
1. BurnLounge (shut down as pyramid scheme by FTC in 2012)
2. Equinox International (dissolved in 2001)
3. European Grouping of Marketing Professionals/CEDIPAC SA (dissolved 1995)
4. European Home Retail (dissolved 2007)
5. Fortune Hi-Tech Marketing (dissolved 2013)
6. Holiday Magic (dissolved in 1974)
7. Metabolife (dissolved in 2005)
8. MonaVie (went into foreclosure 2015)
9. Nouveau Riche (real estate investment college) (dissolved 2010)
10. Solavei (dissolved 2015)[21]
11. Royal Tongan Limu (dissolved in 2003)
12. Sunshine Empire (dissolved 2009)
13. Telexfree (bankrupt 2014)
14. United Sciences of America (dissolved in 1987)
15. WakeUpNow (dissolved 2015)
16. World Leadership Group (dissolved in 2008)
Amway , Herbalife တို့လို MLM Companies ကြီးတွေကတော့
ဒဏ်ငွေ ဆောင်ရတာ ၊ FTC က ချမှတ်တဲ့ စည်းကမ်းတွေကို လိုက်နာပါ့မယ်လို့
ကတိခံတာလောက်နဲ့ပဲ ပွဲပြီးသွားအောင် လုပ်နိုင်ကြပါတယ် ။
နိုင်ငံတကာ မှာ နှစ်ရှည်လုပ်လာတဲ့ MLM Companies ကြီးတွေဟာ
အတော်လေးကို အင်အားကြီးပါတယ် ။
ဒီတော့ သူတို့ကို FTC က ပိတ်ပစ်နိုင်ဖို့ ဆိုတာ အတော် ခက်ပါတယ် ။
ဒါကြောင့် FTC က ဒီ အချက်တွေနဲ့ စာသုံးသူတွေကို သတိပေးထားပါတယ် ။
( Source >>>
https://www.consumer.ftc.gov/arti…/0065-multilevel-marketing )
In multilevel or network marketing, individuals sell products to the public —
often by word of mouth and direct sales.
Multilevel or network marketing မှာ ကိုယ်စားလှယ်တွေဟာ
တစ်ဦးချင်း စီ ( ဆိုင်ဖွင့်တာမျိုးမဟုတ်ပဲ ) လူထုကို ရောင်းချကြတယ် ။
အများအားဖြင့် နှုတ်စကားနဲ့ ကြော်ငြာတာ ၊ တိုက်ရိုက်ရောင်းချတာမျိုးတွေပေါ့ ။
Typically, distributors earn commissions, not only for their own sales,
but also for sales made by the people they recruit.
များသောအားဖြင့် ဖြန့်ချီသူ ကိုယ်စားလှယ်တွေဟာ ကိုယ့်ရဲ့ ရောင်းအားသာမကပဲ
ကိုယ် စည်းရုံးခေါ်ဆောင် လာခဲ့တဲ့ အောက်က လူတွေရဲ့
ရောင်းအားအပေါ်မှာပါ အကျိုးခံစားခွင့် ရကြတယ် ။
Not all multilevel marketing plans are legitimate.
MLM Plans အားလုံးဟာတော့ တရားဥပဒေနဲ့ မညီပါဘူး ။
If the money you make is based on your sales to the public,
it may be a legitimate multilevel marketing plan.
တကယ်လို့ မင်း ရလာတဲ့ ငွေဟာ အပြင်လူထု ( အသင်းဝင်မဟုတ်သူ ) ကို
ရောင်းချတဲ့ အပေါ်မှာ အခြေခံပြီး ရတာဆိုရင်
ဒါဟာ တရား ဥပဒေနဲ့ ညီတဲ့ multilevel marketing plan ပါပဲ ။
If the money you make is based on the number of people
you recruit and your sales to them, it’s probably not.
It could be a pyramid scheme.
တကယ်လို့ မင်း ရလာတဲ့ ငွေဟာ မင်း စည်းရုံးဆွဲဆောင်လို့ ရောက်လာတဲ့ လူတွေအပေါ်မှာ ၊
သူတို့ကို ( သွယ်ဝိုက်ပြီးရောင်းလိုက်တယ်လို့ပြောလို့ရတဲ့ ) မင်းရဲ့ ရောင်းအားတွေအပေါ်မှာ
အခြေခံပြီး ရတာဆိုရင်တော့ ဒါဟာ တရား ဥပဒေနဲ့ ညီတဲ့ multilevel marketing plan မဟုတ်ပဲ
pyramid scheme ဖြစ်နေနိုင်ပါတယ် ။
Pyramid schemes are illegal, and
the vast majority of participants lose money.
Pyramid schemes တွေဟာ တရား မဝင်ပါဘူး ။
ပါဝင် လုပ်ဆောင်သူတွေ အများစု ဟာ
သူတို့ရဲ့ ငွေတွေ ဆုံးရှုံးကြရလေ့ရှိပါတယ် ။
======
ကဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော MLM Companies တွေကို
ဒီလို စည်းမျဉ်းတွေနဲ့ စနစ်တကျ စောင့်ကြည့် အရေးယူလိုက်ရင်
ဘယ်နှခု ကျန်ခဲ့နိုင်မယ် ထင်ပါသလဲ ?
သင်လုပ်နေတဲ့ / လေ့လာနေတဲ့ MLM Companies တွေ ရဲ့
ပြင်ပ စားသုံးသူအစစ်တွေကို ရောင်းချနေတဲ့ ရောင်းအားကရော 70% ကျော်ရဲ့လား ?
လောဘ ကို အခြေတည်ပြီး အချင်းချင်း ရောင်းချနေတဲ့
ကွန်ရက်တွင်း ၊ Company တွင်း ရောင်းအားကပဲ များနေလား ?
သေချာ မေးမြန်းလေ့လာ စဉ်းစားဆုံးဖြတ်စေချင်ပါတယ် ။
:)
နောက်ဆုံး အနေနဲ့ အမေရိကန် သမ္မတ Obama
ပြောခဲ့ဖူးတဲ့ စကားလေး တစ်ခွန်း ပြောခဲ့ချင်ပါတယ် ။
" You can put lipstick on a pig but it's still a pig. "
သင် ဝက် တစ်ကောင်ကို နှုတ်ခမ်းနီ ဆိုးပေးလို့ ရချင်ရမယ် ။
ဒါပေမယ့် ဝက် ဟာ ဝက် ပါပဲ ။
:)
လူ အချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ။
စေတနာဖြင့်
ကိုဇင်ဇေ
Admin @ MLM/Network Marketing အကြောင်း အသိပညာပေး ၊ ဆွေးနွေး ငြင်းခုန်လိုသူများ