Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

Mlm Company တစ်ခုဖြစ်တဲ့ Double Crane ဆပ်ပြာကို မြေသြဇာဟုလိမ်လည်ရောင်းချခြင်း


 

ဆပ်ပြာပေါ့ဗျာ
Goeco ဆပ်ပြာမှာပါတဲ့ အရာတွေကို ကုမ္ပဏီ websiteကနေ ဖတ်ပြီး စိုက်ပျိုးရေးအနေနဲ့ ဘာတွေပါလာလို့ ဒီလောက်လူပြောများမလဲဖတ်ကြည့်တာ။အများသိအောင်လည်း ကျွန်တော် နားလည်သလောက် ဘာသာ့ပြန်ကြည့်တော့ ပန်းကန်ဆေးဆပ်ပြာ အဝတ်လျှော်ဆပ်ပြာပါပဲ။အော်ဂဲနစ်မဟုတ်ပါဘူး။non toxic အဆိပ်မသင့်တဲ့ ဓာတုတွေလို့ပဲ ရေးထားပါသေးတယ်။စာရှည်မှာဆိုးတဲ့အတွက် ခြုံငုံရေးထားတာဖြစ်တဲ့အတွက် အတိအကျ သိလိုလျှင် ကျနော်အောက်မှာပြထားတဲ့ ref;ကိုရိုက်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။တီထွင်သူ dr ဘယ်သူကအစ ပါပါတယ်။
websiteတခုလုံးမှာလည်း အဝတ်လျော်ရင် ပန်းကန်ဆေးရင် ဘယ်လိုကောင်းမွန်တဲ့အျကြာင်းတွေ ပဲမြင်ရပါတယ်။bioenzyme နည်းပညာဆိုလို့ google မှာရှာပြန်တော့ bioenzyme တံဆိပ်နဲ့ စိုက်ပျိုးရေးဆေး အွန်လိုင်းကရောင်းတာပဲမြင်ရပါတယ်။
ထားပါတော့ ကျနော်တို့ လိုက်မမှီတဲ့ နည်းပညာအဖြစ်ထားပါအုံး Goecoဆပ်ပြာမှာ ပါဝင်တဲ့ ပါဝင်အရာတွေ တခုချင်းလိုက်ကြည့်တော့လည်း ဆပ်ပြာနဲ့ပတ်သက်တာပဲပါပါတယ်။စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ တမာ ဂျင်း စတာတောင် မတွေ့ရပါဘူး။mlmသမားတွေပြောနေကျကို စကားကပ်ပြောရင် အခုဆပ်ပြာဟာ ဓာတု ဆပ်ပြာပါလေ။ဒီတော့ သူတ်ု့ ဆပ်ပြောတွေဖျန်းပြီး organic ဖြစ်လာပါ့မလားလို့ မေးကြည့်ချင်ပါတယ်။ပါဝင်တဲ့ ပစ္စည်းတွေ လေ့လာကြည့်တော့
Nonlyphenol
ဓာတုကွန်ပေါင်းဖြစ်ပြီး အဝတ်လျှော်ရာတွင် အဝတ်တွေမှာ nonlyphenolကပ်ကျန်ပြီး အရေပြား ကိုယ်ခန္ဓာအစိတ်အိုင်း တွေကနေ ဟိုမိုးတွေနိုးကြွစေပါတယ်တဲ့။
Triclosan
သွားတိုက်ဆေးမှာပါတဲ့ Antiseptic ဖြစ်ပြီး အရေပြားကနေ တဆင့် ဖြစ်စေတဲ့ ကင်ဆာ စပိုးspore တွေကို ကာကွယ်ပေးတဲ့အာနိသင်ရှိပါတယ်။
Phosphate
လူတွေကျန်းမာရေးကိုအထောက်အကူဖြစ်ျစတဲ့ သန့်ရှင်းရေး သုံး အကူ ဓာတုပစ္စည်းတခုဖြစ်ပါတယ်။မိမိတို့ဆေးလိုက်လျော်လိုက်တဲ့ ပန်းကန်ဆေးရည်လအဝတ်လျော်ရည်တွေက ကန် အိုင် ချောင်းတွေကို ကျဆင်းခဲ့ရင် Phosphate nitrate ပုံစံပြောင်းလဲပြီး ရေညိုတွေအတွက် အစာဖြစ်စေပါတယ်။အဲဒီ ဆပ်ပြာရည်ပမာဏများကန်တွေတိုးမြင့်လာကာ ရေညိုတွေကန်တခုလုံး အိုင်တခုလုံးမျက်မှာပြင်ပြည့်သည်အထိ ပွားများတတ်ပါတယ်တဲ့ဗျာ။ရေညှိတွေကို ငါးစရှိတဲ့အကောင်တွေကစားပြီး ရေနေသဘာဝကို ဖန်တီးပေးနိုင်စွမ်းရှိတယ်။
All purpose Cleaner APC
Lipase enzyme
ဆီစွန်းဆီကွက်တွေ ချွတ်ပေးတဲ့ enzyme ဖြစ်ပါတယ်
Protease enzyme
ဥပမာ သွေးစွန်းအကွက်မျိုးတွေ ချွေးစွန်းကွက်တွေ လူမှထွက်လာတဲ့ အညစ်အကြေးများကို ချွတ်ပေးတဲ့ enzyme
Glucoside cleaning agent
ရေခဲမုန့်လို အစားအသောက်ပေစွန်းတာတွေ ချွတ်ပေးတဲ့ enzyme
Non ionic surfactant
အက်ဆစ်လအယ်လ်ကိုဟောလ် စသဖြင့် အန္တရယ်ကင်းစွာအသုံးပြုနိုင်
fragrance from lemon oil
သင်းပျံ့သော သံပုရာအနံ့ပါရှိခြင်း
ကဲ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ပစ္စည်း ဘာလေးများတွေ့ရပါလဲ။
Goeco နဲ့တွဲဖျန်းရတယ်ဆိုတဲ့ LD liquid detergent
ဆိုတာကကော Protease enzyme ,anti redeposition cellulose super detergent triolineiပါသတဲ့။
Protease enzymeက သွးစွန်းအကွက်မျိုးတွေ ချွေးစွန်းကွက်တွေ လူမှထွက်လာတဲ့ အညစ်အကြေးများကို ချွတ်ပေးတဲ့ enzyme
anti redeposition cellulose က ဒုတိယ ဘေးထွက်ကိုကာကွယ်သတဲ့။ဥပမာဗျာ အဖြူရောင်အင်္ကျီက ကြာရင်ခလျော်ပါများပြီး မဖြူတော့ပဲ ဝါလာတာကို အကာကွယ်ပေး တားဆီးတဲ့ cellulose
super detergent triolineကတော့ အိုင်ရွန်းမပါတဲ့ ဆပ်ပြာလို့ အလွယ်ဆိုပါစ်ု့ဗျာ။
ကဲဒီစာတွေ အားလုံးမှာ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး သုံးလို့ရတယ်လို့ စာလေးတလုံးတောင်မပါဘူးဗျ။
တောင်သူတွေလက်ခံလို့ တောင်သူတွေရွေးချယ်လို့ ဆိုတဲ့ စကားမျိုးနဲ့ ပြောနေတာဟာ မသိတဲ့သူတွေထောက်ခံနေတာကို လက်နက်အဖြစ် အသုံးချ လုပ်စားနေသလိုပဲ။သူတို့တွေ တကယ်ကိုနားမလည်ပါဘူး။နားမလည်လို့လဲ သုံးနေတာပေါ့။
တကယ်တန်းဆို ဆပ်ပြာဆိုတာက ကလိုလ်ရိုဒ် အလ်ကာလီ အခြေခံပစ္စည်း လူတွေစားနေတဲ့ဆီဆိုတာက အက်ဆစ် အခြေခံပစ္စည်း ရေနဲ့ဆီနဲ့တွဲဖို့ ဆပ်ပြာက ကြားခံရင် ပျော်ဝင်တယ်။ဒါကိုဖျန်းရင် စုပ်စားပိုးကိုနိုင်တယ်။ဘယ်ဆပ်ပြာ သုံးသုံးရတယ်။၂၀၀တန်ဆပ်ပြာတောင်ရတယ်။
လူဆိုတဲ့အမျိုးက မိမိလိုအပ်ချက်တကယ်ရှိလာရင် ဆေးကောင်းတာပေးပါဆိုရင် ဈေးကြီးမှ ပစ္စည်းကောင်းတယ်ထင်နေတာ။ဒီအားနည်းချက်တွေက mlmအတွက် အခွင့်ကောင်းဖြစ်နေတယ်။
ကျွန်တော်ပြောတာ ဘေးရောက်သွားပြီ။စကားချုပ်မယ်ဆိုရက် Goecoဟာ ဆပ်ပြာပါ။LDဆိုတာ APCဆိုတာလည်း ဆပ်ပြာပါ။Bioenzymeဆိုတာ ကြီးက ကြီးကျယ်ခန်းနားအောင်တင်စားတဲ့အသုံးအနှုန်းဖြစ်ပါလိမ့်မယ်။
Goeco ဆပ်ပြာဟာ အားဆေး မြေပြင်ဆေး ပိုးသတ်ဆေး မှိုသတ်ဆေး ၉၆ပါးပျောက်တဲ့ လျှက်ဆားလောက်ပဲ စိုက်ပျိုးရေးလောကမှာ အဆင့်ရှိပါတယ်။
မကျေနပ်ရင် မိမိကုမ္ပဏီပစ္စည်း မိမိဆန်းစစ်ပါ။ဆပ်ပြာအနေနဲ့ လိုင်စင်တင်တာလား စိုက်ပျိုးရေးအောက်ကနေ လိုင်စင်တင်တာလား ဆိုတာအပြင် ဆပ်ပြာအနေနဲ့ လိုင်စင်ရှိသေးရဲ့လားက အစပေါ့ဗျာ။
ဆပ်ပြာသည်များ ကျွန်တော် ရေးတာမကြိုက် ဘလော့နိုင်တယ်။ကျွန်တော်ကတော့ မြင်တာရှိ ရေးနေမှာပဲ။
ကျေးဇူးတင်ပါတယ်



နောက်ဆပ်ပြာကို ဓာတ်မြေသြဇာလိုသုံးလို့ရတယ်ပြောနေတာ Successmore MLM company လဲပါတယ်ဗျာ 
Aye Chan Aung 
Comment
Ref; Goeco Household Products for a Safer Enviroment
Wednesday,13 May 2015
Khant Zaw Htet
ACOM
ပုံများထောက်ကြည့်ပြီးမှာ စာတွေပြည့်စုံပါလိမ့်မယ်။

https://www.facebook.com/photo.php?fbid=1798199620450430&set=pcb.1798199663783759&type=3&theater#