Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

MLM company တွေမှာ လုပ်နေတဲ့ mlm member များကို လေ့လာမိခြင်း


MLM company တွေမှာ လုပ်နေတဲ့
mlm member များကို လေ့လာမိခြင်း
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကျုပ် mlmတွေကို သုံးနှစ်ကျော် လေးနှစ်နီးပါး လေ့လာပါတယ်။
ဒီpost ကို ဖတ်ပြီး MLM member တွေနဲ့ Anti - mlmတွေပါ
တမျိုးယူဆကောင်း ယူဆပါလိမ့်မယ်။
mlmတွေ သုံးတဲ့ Active thainking ဆိုလား ဘာဆိုလား မရှိဘူးပေါ့ ။ယူဆလိုက ယူဆစေ။
သုံးနူံးတဲ့ စကားလုံးတွေက ကြမ်းတာကိုး။ အခြားစကားလုံးတွေ သုံးရင်လည်း လိုရင်းမရောက်လို့ပါ။
mlmလုပ်ငန်းမှာ ဘယ်လိုလူတွေ အောင်မြင်မူ့ ရှိတယ်လို့ ထင်ခံရတာများပြီး
ဘယ်လိုလူတွေ သက်တန်းကြာရှည်စွာ လုပ်ကိုင်ကြပါသလဲ။
ဖြေကြည့်ပါ ။
အိမ်ထောင်ပျက် ၊အိမ်ထောင်ကွဲ၊ ၊မုဆိုးဖို ၊
မုဆိုးမ၊ တခုလပ် ၊ တလင်ကွာ ၊အပျိုကြီး ၊လူပျိုကြီး၊၊မယားမရှိ၊လင်မရှိ ။စတဲ့ စိတ်ပိုင်းဆိုင်ရာ ပကတိ သာမာန်မဟုတ်သူတွေ များပါတယ်။
အဘယ်ကြောင့်နည်း။
ထိုသူများသည် အားကိုရာမရှိခြင်း၊စွန့်ပစ်ခံဟု ယူဆမိခြင်း၊လောဘဇောနဲ့ ငွေကြေးလွယ်ကူစွာ ရရှိမည်ထင်မြင်ယူဆခြင်း တွေထက်
လူအများက ဂရုစိုက်တယ်တို့ယူဆခြင်း၊ လွပ်လပ်စွာ ခရီးများသွားနေရခြင်း အထူးအားဖြင့် မသိစိတ်၏
ဂုဏ်ရှိစွာ၊ပေါ်ပေါ်တင်တင် အများအမြင်တွင် တင့်တယ်သည်ဟု ယူဆကာ အပေါ်ယံ ဖိုမ အထိအတွေ့ ရောရောနှောနှော သာယာနေရခြင်း။
ထိုမှတဆင့် ကျုးလွန် ဖောက်ပြန်ခြင်းရှိသော်လည်း
လုပ်ငန်း၏ သဘောသဘာဝ ကိုက စုပေါင်းရောယှက် ပါဝင်လုပ်ဆောင် နေသည်ဟူသော ခေါင်းစဉ်အောက်တွင် ဖုံးကွယ်ထားနိုင်ခြင်း။
စိတ်၏ အလွယ်တကူပျော်မွှေ့ရာ ဖြစ်သော တရုန်းရုန်း တပူးတွဲတွဲ နေရခြင်း စတဲ့
ပုလင်းတူဘူးဆို့၊ ဇရက်တောင်ပံကျိုးနှင့် ကြောင်ခံတွင်းပျက်၊ ရေငတ်တုန်းးရေတွင်းထဲပြုတ်ကျ၊ ဆိုသလို
လွန်စွာမှပျော်ရွှင်ကျေနပ်ကာ အားရကြည်းနူး
အထူထူးသော ဘုံဗိမ္ဗာန်တွင် ရောက်နေသကဲ့သို့ ဖြစ်နေကြောင်း တွေ့ရှိလေ့လာမိသည်။
ငွေကြေး စီးပွား ထက် ပျော်ရွှင်သာယာခြင်းအထိအတွေ့ အပြောအဆို
အနေအထိုင် တို့ကို ဒုက္ခကို " ပရုပ်လုံးသကာဖုံးသကဲ့သို့" တွေးထင်ရှု့မြင်ပျော်မွှေ့နေကြလေသည်။
သကာကုန်၍ လုံးပါးပါးမည့်ပရုပ်လုံးအဖြစ်ကိုတော့
မပြောလိုတော့ပေ။
ထို့ကြောင့် ပို၍ပင် စည်းရုံးကြသည် ။စွမ်းဆောင်ကြသည်။ အောင်မြင်သည်ဟု အထင်ရှိကြသည်။
"ဂျိုကုတ်ရှီရာ ဂျိုထောင် မလာ" ဆိုသကဲ့သို့ တူရာတူရာစုကာ အပျော်ကြီးပျော်ကာ ကြီးသူကငယ်သူကို မိုင်းသွင်း ၊ ငယ်သူက ငယ်သူကိုစည်းရုံး စသည်တို့ဖြင့် ပျော်မဆုံးပြုံးမဆုံး ရှိနေပါတော့သည်။
သကြားမင်းကြီးကိုယ်တိုင် ဆင်း၍ ဟောပြော ဆုံးမ နားချမယ်ဆိုလျှင်တောင် ကိုယ်ရောင်ကိုယ်ဝါ တန်ခိုးများ မသုံးမိရင် တော့ လှပတဲ့စကားလုံး၊ ဟုန်းဟုန်းတောက် ဒဿန၊ ထာဝရအသက်ရှည်ကျန်းမာရေး၊
စင်္ကြာဝဠာ အနှံ တူတူပျော်ခရီးစဉ်၊ တွေနဲ့ပြန်ပြော မည်မှာ ဧကန်မလွှဲပင်။
၉၆ပါးသောရောဂါ အကုန်ပျောက်သည့်အပြင်
လိုလားတောင့်တ မျော်တလင့်လင့် ရှိသော ကျား - မ
မရွှေး ကာမတန်ခိုး ပေးသည်ဟူသော ဆေးလိုလို နေ့စဉ်သုံးဓါတ်စာလိုလို များက မီးလောင်မူ့ကို အားပေးသော အောက်ဆီဂျင် ပမာ ရှိလေတော့
ပျော်၍မဆုံး မော်၍မဆုံးပေ။
ထိုအပြင် ဆရာဝန်လိုလို ဗိန္တော ဆရာ လိုလို
မယောဂဆရာလိုလို စတဲ့ ကျန်းမားရေးနှင့်ပတ်သက်သော အတက်ပညာ တပိုင်းတစလောက်ရှိမည်ဆိုလျင် ၊ အနင်အနှိပ်
အပူထုတ် အကြောဖြေ စတဲ့ မတောက်တခေါက်ပညာလေးများ ရှိမည်ဆိုလျင်
ထို့အပြင် ဖုန်းလေး ဟိုပွတ်ဒီပွတ် လက်တော့ကလေး
ဟိုလှန်ဒီလှန် ဂူဂဲလ်လေး ဟိုခေါက်ဒီခေါက် ပါ တက်မည်ဆိုလျှင်
" ရေလယ်ခေါင် ကျောက်ဆူးချထားသော သဘောင်္ ပမာ" mlm ပင်လယ်မှာ ကြာကြာကြီးရပ်တည်နိုင်ပေတော့သည်။
အောင်မြင်သည်ဟုလည်း ပြောလိုက ပြောဆိုနိုင်ပေသည်။
ထိုသူများကလည်း ဘယ်သူတွေတော့ ဘယ်လို အောင်မြင်နေသည်။ အခြားသူများကလည်း သူတို့အတက်ပညာများ ကို ထောက်ပြ ပြီး အောင်မြင်နေသူများဖြစ်သည်ဟု
" ဘူဘူ ခြင်း တစ်လုပ်ကာ " ရောင်တော်လွှင့်ကြလေသည်။
အနူတောမှာ လူချောလို့ ဆိုရမလောက်ပင်။
ဖြေကြည့်ပြီးပြီလား။
ဤသဘော ဤအချက်ကို ပြည်ပ MLM company တို့က " လယ်ပြင်တွင် ဆင်းသွားသကဲ့သို့ သိသိကြီးရှိကာ မက်လုံးရားထူး ပေး၍မျိုးပြုတ်အောင် စွမ်းဆောင် နေသကဲ့သိုရှိနေပေသည်။ နှစ်ရှည်လများ
အမှောင်ကမ္ဘာ တွင် ထားခြင်းခံထားရသော ကျုပ်တို့
လူမျိုးတွေအတွက် mlm company များရဲ့ ဆီမီးရောင်ကို ရွှေရောင်ထင်နေကြသော mlm ကြီးငယ်များကိုလည်း အပြစ်တော်မတင်လိုပေ။
"နွံ့၌ပျော်သော ကျွဲ"ပမာ နွံ့မှာသာ နေ၍
မဏာတင့်သောကြာပွင့်ကို ပြသော်လည်း
မိုင်းမိ၍ မျက်စီကျိန်း ပြီး မမြင်တော့ ရှိပါစေတော့ ရှိစေတော့။
Home mdy