Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

mlm တွေထဲမှာ လူတော်အများဆုံးပါတဲ့company က Unici ယူနီစီး ပါ။



mlm တွေထဲမှာ လူတော်အများဆုံးပါတဲ့company က Unici ယူနီစီး ပါ။(နာမည်အတိအကျ တက်ပြောတော့ဘူးနော် 😁) ကျွန်တော်လေ့လာရသလောက်ပေါ့ ။
တစ်နိုင်ငံလုံးရဲ့ရောင်းအားလစဉ် သိန်းတစ်သောင်း တစ်သောင်းခွဲကျော်ခဲ့တဲ့အချိန်တွေလဲရှိခဲ့တယ်ပေါ့။ အားနည်းချက်တွေကိုလည်း သင်ကြားရေးအပိုင်းနဲ့ကောင်းကောင်းဖုံးဖိနိုင်တဲ့ company ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ဝမ်းနည်းဖို့ကောင်းတာက
၁။ သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ဝင်တဲ့သူတွေရှိကြတယ်။ အခွန် ၂%ပဲ ဆောင်ထားတယ်။ ဒါတောင် company က ဖြတ်လို့နော်။ အခွန်ရုံးကစစ်လို့တော့ ကွိခနဲပဲ။
၂။ ပွဲကြီးတွေပြ နိုင်ငံတကာဆိုတဲ့စကားတွေလျောက်ပြောပြီး သိန်းရာနဲ့ချီ ထောင်နဲ့ချီ product တွေ move ကျတယ်။ တစ်ချို့ ရာထူးတွေဝယ်ခဲ့တဲ့ သူတွေရဲ့ လက်ထဲမှာ products တွေတောင်ပုံရာပုံ။ ဈေးကြီးလှပါပြီတဲ့ဆိုတဲ့ product တွေ အပြင်မှာ ၁၀%လောက်နဲ့ ပြန်ရောင်းသူ အများကြီး။
၃။ Mercedes တွေ BMW တွေ အကြွေးနဲ့ ဝယ်ထားကျတော့ တစ်လတစ်လ ကားကျွေးဆပ်ဖို့ အသေအလဲ ရုန်းကန်လှုပ်ရှားကျ။ Downline ကို လည်ပင်းညစ်ကျပေါ့။ ကားကြီးနဲ့ ဟန်ပြကောင်းပေါ့။ ရင်ထဲမှာတော့ လကုန်ခါနီးတိုင်း ကုလားဘုရားပွဲကျင်းပနေသလိုပါပဲ။ သုံးဆယ်ရာခိုင်နှုန်းလေးသွင်းပြီး ခုဆယ်ရာခိုင်နှုန်းအကျွေးနဲ့ ဆိုလားပဲ။
၎။ ပွဲတွေ လုပ်စားချက်က မြင်မကောင်း။ရန်ကုန်ပွဲ လက်မှတ်တစ်စောင် ၅၀၀၀ လောက်နဲ့ရောင်း ပွဲသေး training ဆို ၁၅၀၀၀ ၁၇၀၀၀ လူဦးရေ အများဈေးနဲ့ ခန်းမ လုံးပြတ်ငှားရင် အစားအသောက်ပါပြီး ၆၀၀၀-၇၀၀၀ လောက်နဲ့ရပေမယ့် ရုံးရံပုံငွေလေးဖန်သလို နိုင်ငံခြားပွဲတွေ မတက်မနေရ ဖိအားပေးကြလေတယ်။ ဥပမာဆိုပါတော့ ထိုင်းသင်တန်းတစ်ခုဆိုပါတော့ ဘယ် diamond က သင်ပြီဆိုပါတော့။ဘယ်လောက်ကောင်းကြောင်း။ သင်တန်းမစခင် တစ်လအလိုဆို ဘယ်သူမှ ဘယ်ရာထူးမှ ကန့်သတ်ချင်းတွေနဲ့။ စခါနီး လူအရည်အတွက် မကိုက်ရင် အထူးအခွင့်အရေးဆိုပြီး ကန့်သတ်ချက်လျော့ပြီး ဂွင်ဖန်တာ အများကြီး။
၅။ အပြင်မှာတော့ ချစ်ခြင်း စည်းလုံးရမယ်လို့ လေကျယ်တတ်သလောက် အတွင်းက မနာလိုစိတ်လည်းတော်တော်များကြပါတယ်။ ခေါင်းခံဖြေရှင်းတတ်ဖို့ ဝေလာဝေး။မေ့ချင်ယောင်ဆောင် နှစ်ကျပ်ကွက်ကလည်း သေအောင်နင်းတတ်တယ်။ Downline တွေကို ကူညီတာထက် စင်ပေါ်အလှပြ ဟန်ကိုယ့်ဖို နေကြသူတွေ အကုန်လုံးနီးပါး။
၆။ product informationလား ။ ထိပ်ဆုံးတွေတောင် တစ်ယောက်နဲ့တစ်ယောက် အာဘော်မတူပါ။ သေချာမသိလို့လေ။ PDR ဆိုတဲ့ စကားလုံးနဲ့ ကိုင်ပေါက်ကြပါတယ်။ မသိတဲ့သူခံပေါ့။ PDR က clinical မှာ ဘယ်လောက် နေရာမှာရှိလဲ။ ပါဖို့ မခက်ဘူးဆိုတာ မသိမချင်းပေါ့။
၇။ ရာထူးတွေ အကြီးကြီးတွေရတဲ့သူတွေတောင် Structure မှာ ဘယ်သူမှမရှိ ပိုက်ဆံမရတော့ အောက်ကလူတွေလည်း တဖြည်းဖြည်းပျောက်လာပါပြီ။ လူသစ်ရှာဖို့နေနေသာသာ လူဟောင်းတွေပျောက်ကုန်လို့ မနည်းပျားတုပ်နေကြပြီလေ။
၈။ သိန်းဘယ်နှဆယ်ရတယ် ရာချီထောင်ချီရတယ်ပြောနေရင် ။ သက်သေ account လေးပဲပြပါနော်လို့ပြောကြည့်။ တစ်လနှစ်လလောက်ရတာလေးပဲပြောပြနိုင်လိမ့်မည် ကျန်တဲ့လကတော့ ဒုံးရင်းလတွေပေါ့။
၉။ Downline ကို တော်တော်မကူညီပဲ အတ္တကြီးတာတော့ တော်တော်လေးအံ့ဖွယ်ပါ။ VIP ပိတ်တုန်းက သေလောက်အောင်ကူညီမယ် ချက်ချင်းပဲ သိန်းသုံးဆယ်ရမယ်လို့ပြေကြတယ်။ ပိတ်လည်းပိတ်ပြီးရော ဟိုသင်တန်းတက်မှ ဒီသင်တန်းတက်မှ။ တက်လည်းတက်ပြီးလို့ မဖြစ်သေးရင် teamwork နဲ့မလုပ်လို့ ဒီကြားထဲ ကိုယ့်အခက်အခဲကို တင်ပြလျှင်ဖြင့် You can do ဆိုတာတွေက ပါတတ်သေးတယ်။
၁၀။ ရာထူးကြီးပြီး Dr တွေ SD တွေမပြောနဲ့ President ဆိုသူတွေ တစ်ခြား Network ပြောင်းသွားကြတယ်။ မလုပ်သူတွေလည်းရှိတာပေါ့လေ။
၁၁။ ထိုင်းမှာပွဲလာတက်တဲ့ လူဦးရေး သောင်းဂဏန်းဝန်းကျင်ရှိပါမယ်။ သူတို့ဆီက အလှူခံ။ ပြီးရင် Company နာမည်တပ်ပြီးပြန်လှူ။
၁၂။ နိုင်ငံခြားခရီးနဲ့မျှား ကြီးမာတဲ့ပွဲကြီးတွေ Gala dinner တွေ ကိုယ့်ပိုက်ဆံနဲ့ကျင်းပ Trip ရဲ့ quality က စုတ်ပြတ်သတ်နေအောင်ညံ့တယ်။ အပြင်မှာ Tour package နဲ့ ဆယ်ငါးသိန်းလောက်တန်တဲ့ ခရီးကို သိန်းသုံးဆယ်ဝန်းကျင်နဲ့ အမှတ်တွက်တယ်။ အမှတ်မမီတဲ့သူ ငွေစိုက်ပြီးလိုက်။ ဂျင်းထည့်ခံပေါ့။ အပြင်မှာ စားသောက်ကုန် ဆိုပါတော့ဗျာ။ ခေါက်ချိုးကတော့ အကုန်မြတ်တာပဲ။ သိန်း ၂၀၀ ဖိုးရောင်းပေးရင် သိန်း ၅၀-၆၀ လောက်တော့ ပျော်ပျော်ကြီးပေးလို့ရတယ်။ အခုက ကိုယ်ရတဲ့ Trip က ညံ့တာတောင် မျိုသိပ်ပြီး နောင်လာနောက်သားတွေကို ဂျင်း ထပ်ထည့်နေသူတွေအများကြီး။
၁၃။ သိန်းရာချီရကြတယ်လဲပြောသေး ကုမ္ပဏီ ရုံးချုပ်က သေးသေးလေး။ ဟိုလူပြောတဲ့ အမ်စတား ဆိုလား သူ့ထက်ကြီးတယ်။ တကယ်တော့ အောက်ကလူအားလုံးက ရုံးခန်းသေးလို့ အဆင်မပြေကြောင်း ပြောနေခဲ့တာကြာပေါ့။ ပိုက်ဆံထပ်ကုန်မှာစိုးလို့ တုန့်တုန့်မျှမလှုပ်။
၁၄။ ရုံးဝန်ထမ်းတွေမှာလဲ သူ့နေရာနဲ့သူ ခွင်လေးတွေရှိပါ့။ လက်မှတ်ရောင်းတဲ့ ခွင်လေးတွေ။ ticket အပိုတွေ။ စသည်ဖြင့်ပေါ့။
၁၅။ တကယ်တော့ ပါဝင်ပတ်သတ်မိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ထွက်သွားတာ ကြာပါပြီ။ ကျန်ခဲ့တဲ့သူတွေက အလုပ်လုပ်ရမှာ ပျင်းတဲ့သူတွေ ပြင်ပစီးပွားရေးမှာ မရပ်တည်နိုင်တဲ့သူတွေ ပြင်ပစီးပွားရေး မရှိတော့တဲ့သူတွေ လက်ကျောမတင်းတဲ့သူတွေများပါတယ်။ စင်ပေါ်မှာတော့ အာပေါင်အာရင်းသန်သန်နဲ့ အရင်အလုပ်က ဘယ်လောက်ကောင်းတယ်ဆိုပြီး ပြောတတ်ကြတယ်။ သွားပြီးသေသေချာချာမမေးနဲ့နော်။ ရှောင်ထွက်သွားရင် တာဝန်မယူပါဘူး။
၁၆။Downline ကိုချနင်း ရာထူးတက်တာတွေ။ ရာထူးမရခင်ကတော့ Dl နဲ့ ညီအကို မောင်နှမ။ ရာထူးလေများယူပြီးရင် မတူသလိုမတန်သလို သူတို့ကိုယ်သူတို့ ဘုရားသခင်လို ထင်နေကြသူကခပ်များများ။ အောက်ခြေလွတ်တယ်ပေါ့။
၁၇။ ကျွန်တော်လား SD ဆိုတဲ့ senior director ကို ဟိုမကျဒီမကျ ရခဲ့သူဆိုပါတော့။ ကျန်တာတော့ ကျွန်တော့ သူငယ်ချင်းတွေပြောပြတဲ့ ကိုယ်တွေ့တွေပေါ့။ ကျန်သေးတယ် အားနာလို့ ဆက်ရေးတော့ဘူး။
Company လား ရောင်းအားလဲကျလို့ အခွံပဲကျန်တော့တယ် လေဉလေးတွေတော့ရှိနေဦးမှာပေါ့။။ Network Marketingဆိုတာ ဒီလိုပါပဲ အောက်ခြေလွတ်တတ်သူများ စုဝေးတဲ့အဖွဲ့ပေါ့။ မကြာပါဘူး နစ်လေမြုပ်လေနဲ့ အပြင်စီးပွားရေးလုပ်စရာမရှိတော့ အပေါင်းအသင်းရှားလာတဲ့ အဖြစ်တွေ ကိုကိုမမတွေ ကြုံရဦးမှာပါ။ သူတို့ပြောနေတဲ့ ပင်စင်တွေ ကိန်းဂဏန်းတွေ ရနိုင်လား မရနိုင်လား သူတို့လဲသိတာပဲ။ ဒါပေမယ့် ရပ်လို့ အရှက်ကွဲမယ့်တူတူတော့ ထူးဘူးဆိုပြီးဆက်လျောက်မယ့်သူအများသား။
Thanks for all.
https://www.facebook.com/groups/myanmarmlmtruth/permalink/530889637104193/
Robert Owen