Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

MLM Companyတစ်ခုကို ဝင်လုပ်ချင်ရင် / စိတ်ဝင်စားမိရင် မေးသင့်တဲ့ မေးခွန်းများ



MLM Companyတစ်ခုကို ဝင်လုပ်ချင်ရင် / စိတ်ဝင်စားမိရင် မေးသင့်တဲ့ မေးခွန်းများ
==============================
*** ထုတ်ကုန် နဲ့ ပတ်သက်လို့ ****
၁။ ဘာတွေ ရောင်းရမှာလဲ ? / ဖြန့်ချီပေး ရမှာလဲ ? / ကြော်ငြာပေးရမှာလဲ ? / မိတ်ဆက်ပေးရမှာလဲ ? / မျှဝေပေးရမှာလဲ ?
( အဓိက က ရောင်းခိုင်းမှာပဲ ။
စကား လှ အောင် အမျိုးမျိုး ခေါင်းစဉ် တပ်ပေးလိမ့်မယ် )
၂။ ဈေးကွက်ထဲမှာ အလားတူ ထုတ်ကုန်တွေရှိသလား ?
အရည်အသွေး ယှဉ်နိုင်ရဲ့လား ?
၃။ ဈေးကွက်ထဲမှာ အလားတူ ထုတ်ကုန်တွေရှိရင် > ဈေးနှုန်းက အဲ့ဒီ ထုတ်ကုန်တွေနဲ့ ယှဉ်ရောင်းနိုင်သလား ? ဈေး သိပ်ကြီးနေလား ?
၎။ ထုတ်ကုန်ကို သုံးရတာရော ဘေးကင်းရဲ့လား ? အစားအသောက်နဲ့ ဆေးဝါးဆိုရင် FDA ( Food and Drug Administration ) ရဲ့ ထောက်ခံချက် ရထားရဲ့လား ?
၅။ ရထားတယ် ဆိုတာကရော
အစားအသောက် အနေနဲ့လား ?
ဆေးဝါး အနေနဲ့လား ?
( တစ်ချို့က အစားအသောက် လိုင်စင် ယူထားပြီး ဆေးဝါး ပုံစံ နဲ့ ပြော ရောင်းကြတယ် ။ ဒါဆို ဥပဒေအရ အရေးယူလို့ရတယ် )
၆။ ဆေးဝါး ၊ ဓာတ်စာ ရဲ့ အစွမ်း သတ္တိတွေကို
( သူ့ Company က လာဘ်ယူထားသူ မဟုတ်တဲ့ )
ဆရာဝန်တွေ ၊ တတ်သိပညာရှင်တွေက
ထောက်ခံချက် ပေးနိုင်သလား ?
ကောင်းမွန်တယ် ၊ ထိရောက်တယ် လို့ ယူဆပါသလား ?
၇။ သင့်ကို လာပြီး ဒီလုပ်ငန်းအကြောင်း ပြောတဲ့လူကိုယ်တိုင်ရော
ဒီ ထုတ်ကုန်တွေရဲ့ အကြောင်းကို သေချာ နားလည်ပါရဲ့လား ?
အာမခံချက်ပေးနိုင်ပါရဲ့လား ?
ကိုယ်တိုင် ( ဒါမှမဟုတ် ) သူ့ရဲ့ ဆွေမျိုးသားချင်းတွေက
ဒီထုတ်ကုန်တွေကို သုံးစွဲထားဖူးပါသလား ?
၈။ ဒီ ထုတ်ကုန်တွေကို သုံးစွဲလို့ တစ်ခုခု ဖြစ်လာရင် ဘယ်လို တာဝန်ယူပေးမှာလဲ ?
၉။ ဒီ ထုတ်ကုန်တွေနဲ့ ပတ်သက်လို့ တိုင်းသိပြည်သိ အများရှေ့မှာ
ကျန်းမာရေးပညာရှင်တွေ ၊
မီဒီယာတွေ ဘက်က မေးခွန်းတွေ ထုတ်မယ်ဆိုရင်
ရင်ဆိုင် ဖြေရှင်းနိုင်ပါသလား ?
*** Company နဲ့ ပတ်သက်လို့ ***
*** Business Model နဲ့ ပတ်သက်လို့ ***
*** အကျိုးခံစားခွင့် ( Compensation Plan နဲ့ ပတ်သက်လို့ ***
*** Ethics လူ့ကျင့်ဝတ် လိုက်နာမှု နဲ့ ပတ်သက်လို့ ***
*** ဟောပြောစည်းရုံးနေတဲ့ အချက်အလက် ၊
အယူအဆတွေနဲ့ ပတ်သက်လို့ ***
စတာတွေကို နည်းနည်းချင်း ကူ ဖြည့်သွားပေးကြပါဗျာ ။
ကျွန်တော်လည်း ထပ်ဖြည့်တင်သွားဦးမှာပါ :)
လေးစားလျက်
ကိုဇင်ဇေ
https://www.facebook.com/permalink.php?story_fbid=965838983536034&id=506112462842024