Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

MLM company များမန်ဘာများထင်သလို အောင်မြင်သောလုပ်ငန်းများတွင်မပါဟုဆို


၂၀၁၅ - ၂၀၁၆ ခုနှစ် ကုန်သွယ်လုပ်ငန်းခွန် ထိပ်ဆုံး တစ်ထောင် စာရင်းမှာ
ကျွန်တော် ရှာတွေ့မိသလောက် အောက်ပါ MLM Companies တွေ ပါဝင်ပါတယ် ။
ရှေ့ဆုံးက နံပါတ်က အမှတ်စဉ်ပါ ။
နောက်က ကွင်းစကွင်းပိတ်ထဲက ဆောင်တဲ့ငွေ ပမာဏပါ ။
အခု လက်ရှိ အရမ်းအောင်မြင်နေကြောင်း ၊ အခွန် မြောက်များစွာ ဆောင်ထားကြောင်း
အွန်လိုင်းမှာ မကြာခဏ ပြောနေကြတဲ့
AimStar , Successmore , Zhulian ,
QNet ( Titan Burma ) , Tiens ( Tienshi )
စတဲ့ Companies တွေ မတွေ့မိတော့ နည်းနည်းများ ထူးဆန်းနေသလားလို့ပါ ။
တခြား နာမည် တစ်ခုခုနဲ့ များ ပါနေရင်လည်း ထောက်ပြပါဗျာ ။
MLM လောကမှာ အခွန်ဆောင်ထားတဲ့ ပမာဏ အရတော့
ဒီ Companies ၄ ခုက ရောင်းအားအကောင်းဆုံး ၊
အအောင်မြင်ဆုံးလို့ သတ်မှတ်လို့ရတာပေါ့ ။
ကျန်တဲ့ Companies တွေက ဒီ Companies တွေလောက်
မအောင်မြင်သေးပါဘူးလို့ ကောက်ချက် ချလို့ ရနိုင်ပါတယ် ။
လက်ရှိ MLM လုပ်ကိုင်နေသူများ မိမိဘာသာ စဉ်းစားချင့်ချိန်ကြပါဗျာ ။
တကယ်လို့ ကျွန်တော် မတွေ့မိလိုက်ပဲ
အခွန်အမြင့်ဆုံး ဆောင်တဲ့ လုပ်ငန်းရှင် တစ်ထောင် စာရင်းထဲဝင်တဲ့
MLM Companies ရှိသေးရင်လည်း ကွန်းမန့် ပေးသွားနိုင်ပါတယ် ။
ထပ်မံ ဖြည့်စွက်ဖော်ပြပေးပါ့မယ် ။
၈၄။ Double Crane (Myanmar) Co.,Ltd
( 1,053,693,304 - သိန်း ၁ သောင်းကျော် )
၄၃၄။ Unicity Make Life Better Myanmar Co.,Ltd
( 173,996,869 - သိန်း ၁၇၀၀ ကျော် )
၈၆၇။ Shine Hope Co.,Ltd
( 55,342,347 - သိန်း ၅၅၀ ကျော် )
၉၂၄။ M & M Gano Trading Co.,Ltd
( 50,016,882 - သိန်း ၅၀၀ ကျော် )
( ကုန်သွယ်လုပ်ငန်းခွန် က သက်သက်
ဝင်ငွေခွန်က သက်သက် ဆိုတာတွေတော့
လောလောဆယ် ပြောမနေတော့ပါဘူး ။
ဒီ MLM Companies တွေရဲ့ ရောင်းအားအရ သူတို့ရဲ့ မူရင်းနိုင်ငံတွေကို
ကျွန်တော်တို့ ပြည်တွင်းငွေတွေ ဘယ်လောက် စီးထွက်နေသလဲ ဆိုတာလေးတော့ သတိထားမိစေချင်ပါတယ် ။ )
တာဝန်ရှိသူတွေ အနေနဲ့ MLM Companies တွေကို
ဆက်လက် လုပ်ကိုင်ခွင့်ပေးထားမယ်ဆိုရင်
တိကျ ပြတ်သားပြီး နိုင်ငံအတွက်ရော ၊ ဝင်ရောက်လုပ်ကိုင်သူ ကိုယ်စားလှယ်တွေ အတွက်ရော ၊
ဝယ်ယူစားသုံးသူတွေ အတွက်ပါ မနစ်နာစေမယ့် ဥပဒေတွေ ပေါ်ပေါက်ပြီး
တိတိကျကျ အရေးယူ ဆောင်ရွက်သင့်နေပါပြီ လို့ ထပ်မံ တိုက်တွန်းလိုက်ပါရစေ ။
လေးစားလျက်
https://www.facebook.com/groups/myanmarmlmtruth/permalink/569389143254242/
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ