Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

MLM Company တခုအ​ကြောင်း ကိုယ်​​တွေ့​လေး​ပြောပြပါမယ်​။ကြုံဖူးတာ​လေးပါ။



MLM Company တခုအ​ကြောင်း ကိုယ်​​တွေ့​လေး​ပြောပြပါမယ်​။ကြုံဖူးတာ​လေးပါ။ ကျ​နော်​နဲ့ညီအကိုခင်​ရတဲ့ အကိုတစ်​​ယောက်​က ငါ့ညီ မင်းချမ်းသာမှာ ဒီအလုပ်​ကိုလုပ်​၂နှစ်​က​နေ၅နှစ်​အတွင်း ​အေး​ဆေး​နေနိုင်​ပြီတဲ့။ ကျ​နော်​စိတ်​မဝင်​စားမိပါဘူး။ သူကငါ​ရေလည်​ပတ်​လည်​မ​ပြောတတ်​​သေးလို့ ငါ့ဆရာလာရင်​မိတ်​ဆက်​​ပေးမယ်​တဲ့။ သူက ​ငွေအ​တော်​ဝင်​​နေပြီတဲ့။ အဲဒါနဲ့သူကအတင်းဇွတ်​ကို သူ့​ငွေစိုက်​ထုတ်​ပြီး​စေတနာနဲ့မန်​ဘာလုပ်​​ပေးရှာပါတယ်​။
တ​နေ့မှာ​တော့ ကျ​နော့်​ကိုဖုန်းဆက်​တယ်​။ ညီ​လေးတဲ့မုံရွာက​နေဆရာလာမယ်​တဲ့။ ငါန်းဇွန်​ မျာသွားကြိုရမယ်​ ကားဌားထားတယ်​။မင်းလိုက်​​မောင်း​ပေးပါတဲ့။ အားနာတာရယ်​။ ခရီးဆို ဖိုးထွက်​ချင်​ဆို​တော့ လိုက်​မယ်​​ပေါ့။ လမ်းမှာ​ပြောတယ်​ သူတို့သွားတိုက်​​ဆေးက သွားတိုက်​ရရုံတင်​မဟုတ်​ဘဲ ထိခိုက်​ရှနာလူးလိုက်​ရင်​တန်း​ပျောက်​တယ်​တဲ့။ ကုန်​ကုန်​​ပြောရရင်​လိပ်​​ခေါင်းဖြစ်​ရင်​​တောင်​ သွားတိုက်​​ဆေးတို့လိုက်​တာနဲ့ ​ပျောက်​တယ်​တဲ့။ ဟိုက်​ရှားဘား။ အလို​လေး မှား​တော့မှား​နေသလိုပဲလို့စိတ်​ထဲထင်​လိုက်​ပါတယ်​။
နောက်​ဆက်​​ပြောတယ်​။ မ​ကွေးဘက်​မှာ လူတစ်​​ယောက်​ ငါတို့ဆီကဆပ်​ပြာ​ရောင်းတာချမ်းသာသွားပြီတဲ့။ ဟ မိုက်​လှချည်​လား​ပြောပါဦးဆို​တော့ သူ​ရေချိုးတဲ့နားမှာ ​ပေါက်​​နေတဲ့အပင်​က သိသိသာသာအကြီးမြန်​တာနဲ့ စမ်းသပ်​မယ်​ဆိုပြီး အပင်​နှစ်​ပင်​ကို တစ်​ပင်​ကိုရိုးရိုး​ရေ​လောင်း ​နောက်​တစ်​ပင်​ကို ဆပ်​ပြာ​ရေ​လောင်းပြီးစမ်းသပ်​လိုက်​တာ။ ငါ့​ကောင်​​ရေ ဆပ်​ပြာ​ရေ​လောင်းတဲ့အပင်​က ချက်​ချင်းကိုကြီးလာတာနဲ့ ​တောင်​သူ​တွေကို​ပြော​ရောင်းတာ ချမ်းသာသွား​ရောတဲ့။
ဟာ ခနဲ့အံသြမိသွားတယ်​။ မျက်​လုံးထဲမှာ ​နေပူပူ လယ်​ကွင်းထဲ ​ရေပတ်​ချိုး​နေတဲ့ ​တောင်​သူဦးကြီး​တွေကိုဖြတ်​ခနဲ ​ပြေးမြင်​မိတယ်​။ မ​နေနိုင်​တာနဲ့ အကိုကလဲဗျာ အဲဒါများ ဆပ်​ပြာတုန်း​ရေစိမ်​ပြီး အပင်​ကြီးထွား​ဆေးဆိုပြီး ကိုယ့်​ဖာသာလုပ်​​ရောင်းရင်​ ပို​အောင်​မြင်​မှာ​ပေါ့လို့။ ဘယ်​နယ့်​ဗျာ အဲဒါကြီးလူသွားတိုက်​လို့ မကြီးသင့်​တာကြီးကုန်​ရင်​မခက်​ဘူးလား။ နှာ​ခေါင်းတို့ဘာတို့​ပြောပါတယ်​။
ငါန်းစွန်​​ရောက်​ခါနီးကျ​တော့ မင်းဟို​ရောက်​လို့ ဆရာ့ကို​တွေ့တာနဲ့ ဆရာမင်္ဂလာပါလို့နုတ်​ဆက်​လိုက်​။ အဲဒါဆို သူကအရမ်းကြိုက်​တယ်​တဲ့။
ရပါတယ်​​ပေါ့။ စိတ်​ထဲထင်​ထားတာက ဆရာဆို​တော့ ဆံပင်​ဖြူဖြူ အသားဖြူဖြူ ခန့်​ခန့်​ကြီးထင်​ထားတာ။ မုံရွာကမြို့လည်​​ခေါင်​က ချမ်းသာတဲ့စီးပွား​ရေးလုပ်​ငန်းပိုင်​ရှင်​မိန်းမကြီးကလည်း သူ့သား​လေးကို ဆရာ​နောက်​သင်​ယူဖို့ထည့်​ထားတယ်​ဆိုပဲ။
အဲဒါနဲ့ငါန်းဇွန်​​ရောက်​လို့​စောင့်​​နေလိုက်​တာ။၁နာရီ​လောက်​ကြာမှ ကား​လေးတစ်​စီး ​မြောက်​​တောက်​​မြောက်​​တောက်​နဲ့လာ​နေတာ​တွေ့တယ်​ (ငါန်းဇွန်​ကားလမ်းက ​ကျောက်​ခဲသီးသန့်​လမ်းဖြစ်​လို့ဖြည်းဖြည်းခြင်းပဲ​မောင်းရလို့)။ ကျ​နော်​လည်း သူ​ကျေနပ်​​အောင်​ ဟာ ဆရာကြီး(ကြီးတလုံးပါ​စေတနာပိုထည့်​​ပေးမလို့) မင်္ဂလာပါလို့ ​ပြောပြီးတာနဲ့လက်​ဆွဲနုတ်​ဆက်​မလို့ လက်​​တောင်​မှာ​ချွေးပြန်​​နေရင်​အားနာလို့ ဝတ်​ထားတဲ့ ​ဘောင်းဘီ​လေးကို​တောင်​သုတ်​လိုက်​မိ​သေးတယ်​။
ကားလဲဆိုက်​​ရော ကျ​နော်​​တွေးထားတဲ့ ဆရာကို​ပြေးရှာမိတယ်​။နောက်​ထဲမှာ ​ကောင်​​လေးတစ်​​ယောက်​ရယ်​၊ ဖုံ​တွေအလိမ်းလိမ်းနဲ့ ​ယောက်​ကျားတစ်​​ယောက်​ရယ်​၊ မိန်းမတစ်​​ယောက်​ရယ်​ပဲ​တွေ့​တော့။ ကား​မောင်းလာတဲ့သူကိုပဲ ​ပြေးဆွဲရမှာလား။ ​နောက်​ကလိုက်​လာတဲ့ဖုံ​တွေနဲ့သူကိုပဲ ​ပြေးဆွဲရမှာလားမသိ​တော့ ငြိမ်​​နေလိုက်​တယ်​။ အဲဒီ​တော့မှ လားလား​နောက်​ကလိုက်​လာတဲ့ ဖုံးအလိမ်းလိမ်​နဲ့ကဆရာတဲ့ဗျ။
ကဲထား​တော့ အဲဒါနဲ့အိမ်​ပြန်​လာ​တော့ အဲဒီညီကိုလိုသူငယ်​ချင်းကပဲ လူနည်း​နေလို့ မင်း​ဘော်​ဒါ​တွေ ပတ်​​ခေါ်လိုက်​ဦးဆိုလို့ လက်​ဖက်​ရည်​​သောက်​​နေတဲ့​ကောင်​​ရော၊ ​ဆော်​နဲ့ဖုန်း​ပြော​နေတဲ့​ကောင်​​ရော၊ ​ကြွေပစ်​​နေတဲ့​ကောင်​​ရော အကုန်​ဆွဲ​ခေါ်ပြီးသွားလိုက်​တယ်​။
ကျ​နော်​တို့လိုလာနား​ထောင်​တဲ့သူ​တွေကို​လေ့လာမိတယ်​။ အမယ်​​ကျောင်းဆရာမ​တွေ​ရော၊ အစိုးရဘဏ်​ဝန်​ထမ်း​တွေ​ရော၊ လက်​လုပ်​လက်​စား​တွေ​ရော၊ ရပ်​ကွက်​ရုံးက ရုံး​စောင့်​​တောင်​ပါသဗျ။
အဲဒီဆရာဆိုတဲ့သူက ပွဲစတာနဲ့ white board​ပေါ်မှာ မျဉ်း​ကြောင်း​တွေ​ရော စက်​ဝိုင်း​တွေ​ရောဆွဲသဗျ။ ပြီးတာနဲ့ သူ့ကိုယ်​သူမိတ်​ဆက်​တယ်​။ ကျ​နော်​က​တော့ ဘယ်​သူပါ​ပေါ့။ ကျ​နော်​ကအတန်းပညာမှာ ​လေးတန်းထိပဲပညာသင်​ခဲ့ရပါတယ်​တဲ့။ အိုင်းစ်​ သူ​တောင်​ဒီလို​လေးဆွဲတတ်​​သေးတာ ငါကျဒီထက်​လှ​အောင်​ဆွဲမယ်​စိတ်​ကူပြီး စိတ်​ဝင်​စားလာတယ်​။ သူကဆက်​​ပြောတယ်​ဗျ။
ကျ​နော်​ကအရင်​တုန်းက မ​လေးရှားမှာအလုပ်​လုပ်​ဖူးပါတယ်​။ အဲမ​လေးမှာအလုပ်​လုပ်​တယ်​ဆိုရင်​ပဲ ​လေဆိပ်​ကို​ရောက်​တာ​ပေါ့ဗျာတဲ့။ ​လေဆိပ်​လဲ​ရောက်​​ရော မ​လေးရှားရဲ​တွေက မ​လေးလိုထိုင်​ကြစမ်းလို့​ပြောတာနဲ့ ​စောတကမတက်​ရဲဘဲ ထိုင်​ရတယ်​​ပေါ့။ ခဏ​နေ​တော့ထဆိုပြန်​ထရပြန်​​ရော။ အဲဒီလို​အောက်​ကျခံပြီးမ​လေးရှားနိုင်​ငံမှာအလုပ်​လုပ်​ပြီးရတဲ့​ငွေကို ဒီမှာပဲအလုပ်​အကိုင်​မပျက်​ဘဲ မလိုချင်​ဘူးလားတဲ့။ အဲဒီချိန်​မှာ ဆရာ့ဆိုတဲ့သူ​နောက်​မှာ ကုတ်​​ချောင်း​ချောင်းနဲ့ လှုပ်​စိလှုပ်​စိလုပ်​​နေတဲ့ မုံရွာကပါလာတဲ့​ကောင်​​လေးကိုကြည့်​မိ​တော့ လားလား ဘာလုပ်​​နေတယ်​ထင်​လဲ။ ​ဘေးလွယ်​အိပ်​ထဲကပစ္စည်း တခုကိုထုတ်​။ အသာအယာညှစ်ြ့ပီး ပါးစပ်​ထဲထည့်​​နေတာဗျ။ ဟဒီ​ကောင်​ဘာ​တွေငုံ​နေတာလဲဆိုပြီး ​သေချာကြည့်​​တော့မှ
#သူညှစ်​ညှစ်​ပြီးပါး​စောင်​ထဲငုံ​နေတာ သွားတိုက်​​ဆေး​တွေဗျ၊ သွားတိုက်​​ဆေး​တွေ
အဲဒီမှာစိတ်​ထဲစပြီးမယုံ​တော့တာပဲ။ မျက်​လှည့်​ပွဲ​တွေမှာဆို သူ့လူကိုလူအုပ်​ထဲက​နေ​ခေါ်ပြီးစမ်းပြသလိုပဲ။အလံရှုး​ပေါ့ဗျာ။ ကြိုက်​လွန်းလို့ကို ခဏခဏငုံ​နေရတယ်​​ပေါ့ဗျာ။
ဒါ​ပေမယ့်​ ​ခေါ်တဲ့အကိုကိုအားနာလို့ ဆရာ​ပြောတာပြန်​နား​ထောင်​​နေလိုက်​တယ်​။ သူက​လေဆိပ်​ပဲရှိ​သေးတယ်​ဗျ။ ထိုင်​ခိုင်း​တော့ထိုင်​လိုက်​ ထခိုင်း​တော့ထလိုက်​​ပေါ့။ ကြာလာ​တော့ ဒါပဲတဝဲလည်​လည်​ဖြစ်​​နေ​တော့ မ​နေနိုင်​​တော့ဘူး။ အားနာနာနဲ့ဗိုက်​​အောင့်​တာ​တွေ​ရောဘာ​ရော ​ရောဂါစုံ​နေ​အောင်​​ပြောပြပြီး ဒရွတ်​တိုက်​ဘတ်​ဆုတ်​ပြီးလှည့်​ပြန်​ခဲ့ရတယ်​။
နောက်​ကျ​နော်​တျု့ကိုစည်းရုံးမရ​တော့ သူ့ဆရာကိုအကြံ​တောင်းတယ်​တဲ့။ သူ့ဆရာက ဘယ်​နှစ်​ခါစည်းရုံးပြီးပြီးလဲတဲ့ ၅ခါ​လောက်​​တော့​ပြောပြီးပြီ လို့​ပြော​တော့။ သူ့ဆရာက ၅ခါမရ၁၀ခါ​ပြော ၁၀ခါမရ အခါ၁၀၀​ပြော တချိန်​ချိန်​​တော့စိတ်​ပါလာလိမ့်​မယ်​တဲ့။ မငီး ဥာဏ်​ကြီးရှင်​ကြီး​ပေးတဲ့ အကြံ​ကြောင့်​ ​နောက်​ဆို အဲဒီအကိုဖုန်းဆက်​လည်းမကိုင်​ရဲ။ သူလက်​ဖက်​ရည်​ဆိုင်​မှာထိုင်​​နေရင်​လည်းဝင်​မထိုင်​ရဲ။ ပတ်​​ပြေး​နေရင်း မိတ်​​ဆွေတစ်​​ယောက်​​လျော့သွား​ကြောင်းပါခင်​ဗျားးး
ခု​တော့သူလည်းစိတ်​​လျောု့ပီး အ​ရောင်းအဝယ်​လုပ်​​နေတာ အဆင်​​ပြေ​နေပြီလို့ကြားရပါတယ်​။
*****ကိုယ်​​တွေ့အဖြစ်​ပျက်​တခုကို တင်​ပြချင်​ရုံသက်​သက်​ဖြင့်​သာ*****
https://www.facebook.com/groups/aimstar.victims/permalink/1809036506040692/
#ညစ်​ကျယ်
LikeShow more reactions