Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

mlm company ထောင်ကြမယ်



ဤ post အား ကူးယူဖော်ပြခွင့်ပေးသော ကိုဇွဲ Zwe Hlaing Hmee နှင့် Ko Myat Phyo Si Thu အားကျေးဇူးအထူးတင်ရှိပါသည်။
"" ကိုဇွဲတင်ခိုင်းတာပါ
_______________
ကျွန်တော် company တစ်ခု ထောင်ထားပါတယ်။ MP marketing ဆိုပြီး။ ကျွန်တော် company က ဘာရောင်းလဲ ဆိုတော့ ဘာမှ မရောင်းပါဘူး။ အဲ့တော့ Member ကြေးကို အခြေခံပြီး အလုပ်လုပ်ပါတယ်။( basic ကို ရှင်းချင်ပါသဖြင့် Member ကြေးကို သာ တွက်ခြင်း ဖြစ်ပါသည်။ အချို့ ကတော့ member ကြေး မသုံးပဲ မတန်တဆဈေးတင်ပြီး တွက်ပါသည်။ တချို့ ကတော့ acc ထိန်းသိမ်းခ စသည်ဖြင့် တွက်ပါသည်။)
ကျွန်တော့် company က တစ်ခြားကုမ္ပဏီတွေ ထက်အားသာတဲ့ အချက်ကတော့ ကိုယ်က လူနှစ်ယောက်စည်းရုံးပေးရုံ နဲ့ အရင်းပြန်ရပါပြီ။ ( ဘယ် Company မှ တစ်ဆင့်တည်းနဲ့ အရင်းမရပါ)
ကျွန်တော်တို့ company က member ကြေး ၁၀၀၀ သွင်းရပါသည်။ ပြီးတော့ ၂ ယောက်ကို ထပ်စည်းရုံးပေးရပါမယ်။
Mr. A နဲ့ B က 1000 စီ သွင်းပြီး member ဝင်လိုက်ကြပါတယ်။
1st step,
Me +2000
A -1000
B -1000
လူ နှစ်ယောက် အရှုံး ပေါ်ပြီး တစ်ယောက် မြတ်နေပါတယ်။
2nd step
အဲ့ အဲ့မှာ A နဲ့ B က လူ ၂ ယောက် စီ စည်းရုံးလိုက်ပါတယ်။ C,D,E,F ပေါ့။
ကျွန်တော် က A နဲ့ B အတွက် သူလက်အောက်က တစ်ယောက်စီ အတွက် 500 စီပေးပါတယ်။
သဘောက A လက်အောက် က C နဲ့ D စီက A က 500 စီရပါတယ်။ B ကလဲ အလားတူပါတယ်။ ကျွန်တော် ကတော့ တစ်ယောက်စီက 500 စီထပ်ရလိုက်ပါတယ်။
Me +4000
A 0
B 0
C -1000,D -1000,E -1000,F -1000
ဒီအထိ မှာ ဆိုင် အမြတ် နေတာ အီဖေကိုယ်ပဲ ရှိပြီး A နဲ့ B ကတော့ save side ရောက်သွားပါပြီ။ CDEF ကတော့ ရှုံးနေတဲ့အတွက် 1 ယောက်မြတ် 4 ယောက်ရှုံးနေပါတယ်။
3rd step,
CDEF ကလဲ အရှုံးတော့ ဘယ်ခံ မလဲ။
နောက်ဆက်တွဲ GH IJ KL MN တို့ 8 ယောက်ကို အသီးသီး စည်းရုံးလိုက်ပါတယ်။ အဲ့အတွက် CDEF တို့ က အဆင့် 2 မှာ AB ရသလို ရပါတယ်။ AB ကိုတော့ ဒီအဆင့်အတွက် ဆင့်ပွား လေးယောက်စီ ကနေ 250 စီရပါတယ်။ (A က CD ကနေ စည်းရုံးတဲ့ GHIJ စီက 250 စီရတော့ 1000 ထပ်ရပါတယ်။B လဲ အလာတူပါပဲ)
Me + 6000
A +1000, B +1000
CDEF 0
GHIJKLMN -1000 စီ
ဒီအဆင့်မှ ရှုံးသူ ၈ ယောက် အမြတ်ရတာ က ၃ ယောက်တည်းပါ။
============
နည်းနည်းတော့ သဘောပေါက်ပြီထင်ပါတယ်။ တစ်ဆင့်တိုးလာတိုင် 1000 စီတိုးရနေပါတယ်။ ရှုံးတဲ့သူဦးရေကလည်း တိုးတိုးလာပါတယ်။ရှေ့ဆက်လဲ ဒီလိုပဲ ဆက်သွားမှာပါ။ သေချာတာတစ်ချက်က ဘယ်တော့ မှ ရှုံးတဲ့သူ အရေအတွက် က အမြတ်ရသူ အရည်အတွက်ထက်မနည်းတော့ပါဘူး။ ဒါ ဆယ်တန်း GP သဘောပါပဲ။ အဲ့တော့ ဒီစနစ်ဟာ လူများစု ရဲ့ နစ်နာမှု ကိုအခြေခံပြီး လူနည်းစု က စားသုံးနေတာပါ။
ခင်ဗျားတို့ ကျွန်တော် company မှ အကျိုး ရမှာသေချာပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ လူနည်းစု အလွယ်တကူစားနေတဲ့ ပိုက်ဆံက ခင်ဗျားတို့ ကို ယုံကြည်တဲ့ လူများစုရဲ့ ပိုက်ဆံတွေပါ။
ခင်ဗျားတို့ စားဖို့ စိတ်သန့် ရင် ကျွန်တော် တို့ company က welcome ပါ။………
ps အသေးစိတ်ဆွေးနွေးလိုပါက cb ကတစ်ဆင့်ဆက်သွယ်ပါ။""
https://www.facebook.com/may.thethtwe/posts/10207038642835019