Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

Mlm Debate


Show Money ပြမှ Debate - Terms and Conditions ကို
Public မှာ လာဆွေးနွေးပါမယ် ဆိုသော
AimStar / MLM သူရဲကောင်းကြီးများကြွပါ ။
ဒီနေ့မှ အကုန် ထုခွဲပြီး စုထည့်လိုက်တဲ့ 
၅၀၈ သိန်းတန် Bank Account နဲ့ စိန်ခေါ်ပါတယ် ။
( ကျွန်တော် ၄ နှစ်စာ English စာသင်ပြခြင်း နဲ့
Online Marketing အကြံပေးလုပ်ခြင်းတို့မှ ရရှိလာတဲ့ ငွေပါ ။
ထုခွဲရတာလည်း ပျော်ပါတယ် ။ ရွှေဈေးအတက်ကို မှီသွားလို့ပါ ။ 
ခေါင်းစဉ်က
" AimStar ( MLM Company ) ကြောင့် အများပြည်သူ
ကောင်းကျိုးရတာ များလား ?
ဆိုးကျိုးဖြစ်နေတာ များလား " ဖြစ်ပါတယ် ။
၁။ Debate မှာ အနိုင်အရှုံးကို အဆုံးအဖြတ်ခံရပါမယ် ။ သမာသမတ်ကျသောဒိုင်များ နှင့် ပရိသတ်အမြင်ကို ထည့်တွက်နိုင်ပါတယ် ။
၂။ အချက်အလက် အထောက်အထား အခိုင်အမာနဲ့ ဆွေးနွေးနိုင်ရပါမယ် ။
၃။ ၂ဖက်လုံးမှာ သက်ဆိုင်ရာ အပိုင်းအလိုက် ကျွမ်းကျင်သူတွေ ၊ တိတိကျကျဖြေနိုင်သူတွေ ပါရပါမယ် ။
( ဥပဒေ ရေးရာ ၊ ထုတ်ကုန် အရည်အသွေး ၊ လုပ်ငန်းလည်ပတ်ပုံ ၊ ဝင်ငွေ အချိုးအစားခွဲခြားပုံတွေကို တိတိကျကျထောက်ပြမှာမို့လို့
ပြန်ရှင်းတဲ့လူတွေဘက်ကလည်း ဒါတွေကို ရှင်းပြနိုင်ရပါမယ် ။
၎။ ၂ ဦး ၂ ဖက် စကားပြောချိန် မျှတ တူညီမှု ရှိပါမယ် ။
၅။ ရှုံးတဲ့လူဘက်က အမှားဝန်ခံ တောင်းပန်ရပါမယ် ။
( လုပ်ငန်းရပ်စရာ မလိုပါဘူး ။ လျှော့ပေးပါမယ် )
၆။ ကျွန်တော် ရှုံးသွားရင် သိန်း ၅၀၀ ယူသွားပြီး ကြိုက်တာသာလုပ်ပါ ။
ကျွန်တော်နိုင်ခဲ့ရင် ခင်ဗျားတို့ဘက်က သိန်း ၅၀၀ ကို တစ်ပြားမှ မသုံးပဲ
MLM စနစ်ရဲ့ အားနည်းချက်နဲ့ ဆိုးကျိုးတွေကို
အများပြည်သူ ပိုမို ကျယ်ပြန့်စွာ သိနားလည်သွားအောင်
ဆက်လက်လုပ်ဆောင်သွားတဲ့နေရာမှာ ပဲ သုံးပါမယ် ။
၇။ Debate နဲ့ ပတ်သက်တဲ့ Terms and Conditions ကို ကြားလူတွေ မဟုတ်ပဲ ကာယကံရှင် ကိုယ်တိုင် အများရှေ့မှာ
( သက်သေ အပြည့်အစုံ ကျန်နိုင်မယ့် အွန်လိုင်းပေါ်မှာ )
လာရောက် ညှိနှိုင်းရပါမယ် ။
၈။ ဒီစိန်ခေါ်မှုကို အခုကနေ တစ်ပတ်တိတိ အချိန်ပေးပါတယ် ။
၉။ တစ်ပတ် ပြည့်လို့မှ စိန်ခေါ်ခံရသူဘက်က ထွက်မလာဘူးဆိုရင်
အများကပဲ သူ့ဘာသူ အနိုင်အရှုံး ဆုံးဖြတ်သွားပါလိမ့်မယ် ။
လက်ရှိမှာ AimStar က ကိုဂျိုးဇတ် ၊ ဒေါက်တာအောင်ခန့်ကိုကို ၊
MMU မှ Senior အကို တစ်ယောက် ( နာမည်မမှတ်မိ ) နှင့်
အွန်လိုင်းပေါ်မှာ MLM ကောင်းကြောင်း အဓိက ဝါဒဖြန့်ရေးသားနေသော ဒေါက်တာကျော်စွာလင်း တို့ကို
By Name တပ်ပြီး စိန်ခေါ်ပါတယ် ။
AimStar ကို စိန်ခေါ်ထားတာဆိုပေမယ့်
အခြား မည်သည့် MLM Companies က မဆို စိန်ခေါ်မှုကို လက်ခံ ဆွေးနွေးနိုင်ပါတယ် ။
ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က
" MLM Companies တွေ ကြောင့် အများပြည်သူ ကောင်းကျိုးရတာထက်
ဆိုးကျိုးဖြစ်နေတာ ပိုများနေတယ် " ဖြစ်ပါတယ် ။
ဒီ အယူအဆကို ဆန့်ကျင်ဘက် တိတိကျကျ လူပုံအလည်မှာ ဆွေးနွေးနိုင်တဲ့
ဘယ် MLM Company က ဘယ် MLM ခေါင်းဆောင်ကိုမဆို စိန်ခေါ်ပါတယ် ။
ကိုဇင်ဇေ
Admin @MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့်
MLM စနစ်ကို ဆန့်ကျင်သူများ
https://www.facebook.com/groups/myanmarmlmtruth/