Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

MLM နဲ့ ပတ်သက်လို့ Live Debate လုပ်ဖို့ စိန်ခေါ်ပါတယ် ။


MLM နဲ့ ပတ်သက်လို့ Live Debate လုပ်ဖို့ စိန်ခေါ်ပါတယ် ။
=============================
အဲ့လို Live Debate ကို လွှင့်တဲ့ ကုန်ကျစရိတ်ကို
ရှုံးတဲ့လူက အကုန်အကျခံရမယ်
ကျွန်တော့်ကို နှုတ်လှန်ထိုးနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ခေါင်းဆောင်
Successmore က ကိုလတ် တင် မကပါဘူး ။
မြန်မာတစ်နိုင်ငံလုံးက ကြိုက်တဲ့ MLM ခေါင်းဆောင်တွေ အကုန်လုံးကို စိမ်ခေါ်ပါတယ် ။
တစ်ဖက် ၄ ယောက်ယှဉ်ပြီး အများရှေ့မှာ Live Debate လုပ်ပါမယ် ။
ခေါင်းစဉ်က " MLM Companies တွေဟာ MLM သမားတွေ ကြော်ငြာလူခေါ်နေသလို
လူ့အဖွဲ့အစည်းကို တကယ်ကောင်းကျိုးပြုနေလား ? ဆိုးကျိုးဖြစ်စေတာ ပိုများနေလား ? "
ကျွန်တော်တို့က ဆိုးကျိုးဖြစ်စေတာ ပိုများတယ် ဆိုတဲ့ဘက်က ဆွေးနွေးမယ်
ကျွန်တော်တို့ဘက်က
- ကျွန်တော် ပါမယ်
- ဆေး/ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ပါမယ် ။
- ထုတ်ကုန်သွင်းကုန် နဲ့ စီးပွါးရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် တစ်ယောက်ပါမယ်
- တကယ် လက်တွေ့ စီးပွါးရေး လုပ်နေသူ / ဒါမှ မဟုတ် စီးပွါးရေးပညာရှင် တစ်ယောက်ပါမယ် ။
MLM ဘက်ကလည်း ကြိုက်တဲ့လူ ၄ ယောက်ရွေးလိုက်လို့ရပါတယ်
( ၁ ယောက်ချင်းလည်း ရတယ်နော် ။ လူစုံတော့ အများပြည်သူက အမြင်အစုံကြားရပြီး ပညာပိုရအောင်လို့ ပြောတာ)
တကယ်လို့ ကျွန်တော်တို့ဘက်က ရှုံးခဲ့ရင် မီဒီယာ စရိတ်အစအဆုံး အကုန်အကျ ခံမယ့် အပြင်
သိန်း ၅၀၀ လျော်ပေးလိုက်မယ် ။ ( MLM သမားတွေ ခွဲယူချင်ယူ ၊ တခြားနေရာ တစ်ခုခု လှူချင်လှူ ၊ သဘောပဲ )
တကယ်လို့ MLM သမားတွေဘက်က ရှုံးခဲ့ရင် အဲ့ဒီပွဲက MLM ခေါင်းဆောင်တွေ အားလုံး
တစ်သက်လုံး MLM မလုပ်ပဲ နားရမယ် ။
သူတို့ရဲ့ ကွန်ရက်နဲ့ Company မှာရှိသမျှလူတွေကိုလည်း ဝန်ချတောင်းပန်ပြီး
MLM ဆက်မလုပ်အောင် ပြောပေးရမယ် ။
ပြီးရင် ဒီအကြောင်းကို သိန်း ၅၀၀ ဖိုး မီဒီယာအမျိုးမျိုးမှာ အကုန်အကျခံ ကြေငြာချက် ထုတ်ပေးရမယ်
( MLM သမားတွေရဲ့ ပိုက်ဆံကို ယူဖို့ ကျွန်တော်တို့ စိတ်မဝင်စားပါဘူး )
ဘယ်လိုလဲ ?
အဲ့ဒီ လို Live Debate မျိုး လုပ်ချင်လား ... လုပ်ရဲလားလို့
MLM ခေါင်းဆောင်တွေကို မေးလိုက်ပါညီ ။
လုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ ဘက်က အချိန်မရွေးပါပဲ ။
- ကိုဇင်ဇေ
Admin @ MLM/Network Marketing အကြောင်း အသိပညာပေး ၊ ဆွေးနွေး ငြင်းခုန်လိုသူများ
***
Public ကနေ စိန်ခေါ်တာမို့ Chatbox ကို လာမညှောင့်ပါနဲ့ ။
Public comment နဲ့သာ လာဖြေရှင်းပါ ။
https://www.facebook.com/groups/mlmDiscussion/permalink/1812810448963785/