Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

ဒေါက်တာကျော်စွာလင်းတဲ့ mlm lobby စကားသံ


သေ ချာ ဖတ်ဖြစ်အောင် ဖတ်ပါ
MLM သို့မဟုက် Network marketing မှာ
အဓိက အခြေခံက စားသုံးသူဖြစ်သလို
အခြား marketing များမှာလည်း
အဓိကအခြေခံက စားသုံးသူ တွေပါပဲ။
စားသုံးသူ ကျေနပ်ရင် ဘာကို ထပ် ကွန့်ပြသနာရှာနေမလည်း
စားသုံးသူ ကျေနပ်မှုဆိုတာက
ဈေးနှုန်း၊အရည်အသွေး၊ဝန်ဆောင်မှုအပေါ်အဓိက မူတည်လိမ့်မယ်။
ဈေးနှုန်းဟာ သင့်တင့်မျှတရမယ်။
fair price ပေါ့။
fair price ဖြစ်မဖြစ်ကို ထိုထုတ်ကုန်ရဲ့ မူလ ကုန်ကြမ်းမှတဆင့်
ထုတ်လုပ်ပုံ သယ်ဆောင်ပုံ ဖြန့်ဖြူးပုံ စတဲ့အဆင့်များထဲကနေ
ဆုံးဖြက်လို့ရပါတယ်။
ကုန်ကြမ်းဈေးနှုန်း အနည်းအများ ကြည့်ရသလို
ထုတ်လုပ်ပုံနည်းပညာ အဆင့်မြင့်မမြင့် ဘေးကင်းမကင်း၊ထုတ်လုပ်မှုကုန်ကျစရိတ်ကြည့်ရမယ်။
သယ်ဆောင်မယ့်လမ်း ကုန်ကျစရိတ်၊ဖြန့်ဖြူးစရိတ်တွေကြည့်ရမယ်။
ဒီအချက်တွေထဲမှာသူ့ဟာသူ သင့်တော်တဲ့ဈေးနှုန်းအရည်အသွေးနဲ့
စားသုံးသူ ဘေးကင်းကျေနပ်စွာသုံးစွဲနေရင်
အားလုံးအဆင်ပြေလိမ့်မယ်။
ဒါ end user satisfaction ပဲ။
ဒါဆို မျှတသောဈေးကွက်ဖြန့်ချီခြင်းဖြစ်လိမ့်မယ်။
ဘယ်လို နည်းနဲ့ပဲဖြန့်ဖြန့် အဆင်ပြေတယ်။
ဒါဆို fair price ဖြစ်မဖြစ် ဆုံးဖြက်ရမှာကဘယ်သူလည်း
စားသုံးသူက အဓိကဖြစ်လိမ့်မယ်။
အရည်အသွေးနဲ့ဘေးကင်းမှုရှိမရှိဆုံးဖြက်မှာကFDAဖြစ်လိမ့်မယ်။
ဒီအရည်အသွေးဟာ ဒီဈေးဆိုတဲ့ indicatorတွေက စက်ရုံကထွက်လာကထဲက
ပါလာပြီးသား။
မကျေနပ်ရင်မသုံးနဲ့
ကြိုက်ရင်သုံး
ယခုလက်ရှိပြင်ပဈေးကွက်ထဲကဘယ်အစားအစာကို တကယ်ကျေနပ်မှုရလည်း
ပြန်မေးကြည့်ကိုယ့်ကိုယ်ကို
ဆိုင်တွေမှာ သင်စားနေရတဲ့ ထမင်းကအစ organic မဟုက်လို့
ဘေးမကင်းဘူး။
ဆီတွေကလည်း ဘေးမကင်းဘူး။
အသီးအနှံတွေကလည်း ပိုးသက်ဆေးမကင်းဘူး။
အသားငါးတွေကလည်း ဆေးမကင်းဘူး။
သင့်ပါးစပ်ထဲသောက်နေတဲ့ရေသန့်ဆိုတာတောင် ဘေးမကင်းဘူး။
ဆိုင်တွေမှာရောင်းတဲ့အစားအသောက်ဈေးတွေကလည်းfairမဖြစ်ဘူး။
ထမင်းတစ်ပွဲလက်တစ်ဆုပ်စာကို 500/1000မျိုးတွေ
ကန်းဇွန်းပလိန်းဆိုတာကို 2000 မျိုးတွေ
ဒါတွေလည်း fair price မဖြစ်ဘူး။
Organic ဆိုသောအစားအစာများကတော့
သန့်တယ် ဘေးကင်းတယ် ဈေးကောင်းတယ်။
ကျန်းမာရေးကောင်းချင်ရင် organic သုံးရမယ်ဆိုတဲ့
အသိက ပညာတက်ရင် နားလည်တယ်။
တန်ရာဈေးပေးသုံးတာကို ဘေးကနေမတန်ဘူးတန်တယ်ဆုံးဖြက်ပိုင်ခွင့်
ဘယ်သူမှာမှမရှိဘူး။
ဒီနေ့ခေတ်မှာ မြန်မာနိုင်ငံလို developing country မှာ
nutrition and food supplement Diet နဲ့ပတ်သက်ပြီး
ဆရာဝန်ဆိုသူတွေကအစအကုန်မသိဘူး။
အပြင်လူ လူပိန်းဆို ပိုဆိုးတယ်။
မသိရင်အေးဆေးနေ ဝင်မယောင်ကြနဲ့။
အိမ်နီးခြင်း ထိုင်းနိုင်ငံမှာဆို dietitian 1800ရှိတယ်။
လူ၁သန်းမှာ 28ယောက်နှုန်းနဲ့ ပြည်သူကိုအာဟာရနဲ့ကျန်းမာရေး
စောင့်ရှောက်ပေးတယ်။
japan မှာ dietitian 58500 ရှိတယ်။
လူ၁သန်းမှာ 456 ယောက်နှုန်းနဲ့ ပြည်သူကို စောင့်ရှောက်တယ်။
ပြီးခဲ့တဲ့လထဲမှာတောင် မြန်မာပြည်ကို အာဟာရနဲ့ပတ်သက်ပြီး
ထိုင်း Mahidol တက္ကသိုလ်က အာဟာရပညာဌာနညွှန်မှူးနဲ့
ဒေါက်တာဝင်းဝင်းမြင့် အာဟာရနဲ့ကျန်းမာရေး ကင်ဆာနဲ့အာဟာရ ဟောပြောပွဲရန်ကုန်မှာ
လုပ်ခဲ့သေးတယ်။
မြန်မာပြည်မှာ အာဟာရ သဘာဝ ပစ္စည်းတွေ အစွမ်းနားမလည်လို့
ကင်ဆာရောဂါအထိ ထိပ်ဆုံးကတက်နေတာ ကြာပြီ။
food supplement ဆိုတာ မလိုဘူး
ဆေးပဲလိုတယ်ဆိုတဲ့ဆရာဝန်တွေကအစရှိသေးတယ်။
လူတွေကို အမှန်တကယ်အသိပေးရမယ့်အပိုင်းတွေကိုရူးချင်ယောင်ဆောင်နေ
လို့မရဘူး။
ယနေ့မြန်မာပြည်မှာ MLM ထုတ်ကုန် food supplementတွေကို
ဈေး တန်တယ်မတန်ဘူး
ကောင်းတယ်မကောင်းဘူးဆိုတာ
FDAရယ် စားသုံးသူရယ် ဆုံးဖြက်လိမ့်မယ်။
စားသုံးသူ ကျေနပ်ရာကစတဲ့ စီးပွားလုပ်ငန်း တစ်ခုကို
ဘယ်နရာခိုင်နှုန်း အရှုံးပေါ်တယ် ပြောရအောင်
MLM က money game မှမဟုက်တာ။
တကယ်မကောင်းတဲ့ထုတ်ကုန်နဲ့မတန်တဲ့ဈေးနှုန်းရှိတဲ့companyရယ်
တကယ်ကောင်းတဲ့ထုတ်ကုန်နဲ့တန်ရာတန်ကြေးဈေးနှုန်းရှိတဲ့companyရယ်
၂မျိုးရှိတယ်ဆိုတာ စားသုံးသူနားလည်တယ်။
မှန်ကန်တဲ့ထုတ်ကုန် မှန်ကန်သောစနစ်ကို ရောချတိုက်ခိုက်လာရင်
ထို Company က ခေါင်းဆောင်တွေလည်း သိပ် မအကြနဲ့
end user ကျေနပ်တဲ့ထုတ်ကုန်ရှိရင်
ဒါ legal ပဲ ဘယ် % ကိုမှ သွားဆွဲ ဘယ်လိုရှုံးတယ်ဘာညာပြောလို့မရဘူး။
ပြောရင် ပြောတဲ့သူ သောက်ရူးမို့လို့ပဲ။
စားသုံးသူလက်ထဲ တန်ရာတန်ကြေးနဲ့ ထုတ်ကုန်ရပြီး
သုံးစွဲလို့လည်းကုန်ပြီ ကျေနပ်လို့ အလုပ်ပါထပ်လုပ်တယ်။
ရတာအကုန်အမြတ်ချည်းပဲ။
company leaderတွေကိုအကြံပေးချင်တာက
မိမိ ထုတ်ကုန် ဈေးနှုန်း အရည်အသွေးမှန်ကန်နေတာသေချာရင်
ပြဿနာလာရှာတဲ့သူကို
အကျိုးစီးပွားထိခိုက်စေမှု အသရေဖျက်မှုနဲ့သာ လူသိရှင်ကြားတရားဆွဲပါ။
compensation plan ဟာ ပြဿနာမဟုက်ဘူး
ထုတ်ကုန်မှာသာပြဿနာရှိတယ်။
သင့်company က user သောင်းဂဏန်းဟာ
သင့်အတွက်သက်သေတွေပဲ။
ဘာdebateမှမလိုဘူး။
ကိုယ့်product ကိုယ် မှန်ကန်မျှတတယ် သေချာရင်
တရားသာ ဆွဲကြပါ။
ဉပဒေကျွမ်းကျင်သူတွေရယ် FDA ရယ် ပြည်တွင်းအခွန်ဌာနရယ်မှာ
သင်တို့ Legal ဖြစ်ပြီးသားမို့
legal မဖြစ်တဲ့ပါးစပ်တွေကို ပိတ်လို့ရပါတယ်။
#Drကျော်စွာလင်း
အကြံပေးစာ
~~~~~~
MLM စနစ်နဲ့ပြည်သူအကြားမှာ ရှိတဲ့အလွဲတွေကို
သေသေချာချာနားလည်ထားဖို့အရင်ကြိုးစားရပါမယ်။
ပြီးရင် ထိုအလွဲတွေ ရှိနေတာကိုမသိချင်ယောင်ဆောင်နေလို့မရပါဘူး။
ပြည်သူကိုဘာကြောင့်ဘယ်လိုလွဲသလည်းပြန်ပြောပြဖို့လိုပါလိမ့်မယ်။
ဒါမှသာ ပြည်သူတွေလည်းMLMကိုပိုမိုနားလည်လာပြီး
အမှားအမှန်ကွဲမှာပါ။
MLM ကို အမြင်လွဲစေသာအချက်ကိုဘယ်ကစလည်းကြည့်ရင်
1- MLM ဆိုတာနာမည်ပဲသိသူတွေ
2-MLMကိုနည်းမှန်လမ်းမှန်မလုပ်ပဲလောဘကြောင့်လုပ်ခဲ့သူတွေ
ထို ၂မျိုးကြောင့် ပြည်သူအကြားအမြင်တလွဲရောက်သွားတာပါပဲ။
အလွဲတွေမပြောခင်အမှန်တရားအရင်သိဖို့လိုပါတယ်။
MLM ဆိုတာဘာလည်း
~~~~~~~~~~~~
ကုန်စည်စီးဆင်းမှုကို ကိုယ်စားလှယ်အဆင့်ဆင့်ယူဖြန့်ချီရာက
ရလာသောအမြတ်ကို ထိုကိုယ်စားလှယ်များကို ခွဲဝေပေးသော
လုပ်ငန်းပါ။
အပြင်လုပ်ငန်းလည်းကုန်စည်ဖြန့်ပါတယ်။
မတူတာက ကိုယ်စားလှယ်ကြီးကအရောင်းဝန်ထမ်းငှားပြီးဖြန့်တာပါ။
အမြတ်ကပိုင်ရှင်ယူတယ်ဝန်ထမ်းကလစာယူတယ်။
ထိုMLMမှာ ကိုယ်စားလှယ်ယူတယ်ဆိုတာ
အကျိုးအမြတ်ခွဲဝေခွင့်တစ်သက်လုံးရဖို့ပိုင်ရှင်နဲ့ပူးပေါင်းကြောင်း
သက်သေအနေနဲ့လျှောက်လွှာတင်အသင်းဝင်ရတယ်။
အသင်းဝင်ပြီးရင် ဘယ်လုပ်ငန်းကကိုယ်စားလှယ်မဆို
ဆိုင်တင်ဖို့ အရောင်းစတင်ဖို့ထုတ်ကုန်ဝယ်ရတယ်။
ဒီအတွက်အရင်းနှီးက သောင်း သိန်း ဂဏန်းရှိမယ်။
ဒီလိုဝယ်စရာမလိုဘူးလို့အထွန့်တက်ချင်တက်လိမ့်မယ်။
ရောင်းစရာပစ္စည်းမရှိပဲ ဘယ်ဈေးကွက်မှဖြန့်လို့မရဘူး။
ရပ်ကွက်ထဲကစက်ဘီးနဲ့လှည့်တဲ့ထီကိုယ်စားလှယ်တောင်
သူ့စက်ဘီးပေါ်ထီအစောင်ရေရာချီတင်လိုက်ရောင်းရတယ်။
ဒီနေရာမှာသိရမယ့်အချက်က ဈေးကွက်မဖြန့်နိုင်ပဲငွေရစရာအကြောင်း
မရှိဘူး။
ငွေရချင်ရင် ဈေးကွက်စဖြန့်ရမယ်
ပြီးရင် မိမိဈေးကွက်ဖြန့်ချီအား ပိုများစေချင်မိမိလိုကိုယ်စားလှယ်တွေ
ပွားရမယ်။
ဒါ Franchise လုပ်တာနဲ့တူတူပဲ။
ရောင်းအားပိုတက်စေချင်လို့ နေရာအနှံ့ဆိုင်ခွဲထောင်ရတာပဲ။
ထူးထူးဆန်းဆန်းကိစ္စလည်းမဟုက်ဘူး။
Franchiseမှာလည်းမူလပိုင်ရှင်ကိုရောင်းအားထဲက%ဘယ်လောက်
ပေးမယ်လို့သဘောတူညီချက်နဲ့လုပ်တာ။
MLMမှာလည်း ရောင်းအားထဲကရတဲ့အမြတ်ကိုဘယ်လိုခွဲဝေယူမလည်း
သဘောတူညီချက်နဲ့လုပ်နေတာ။
franchiseနဲ့မတူတာဆိုလို့franchiseကlevel တစ်လွှာပဲ
ဆိုင်ခွဲတွေထောင်သွားတာ။
ဒါကို #linear_growthလို့ခေါ်တယ်
MLMကlevel အလွှာပေါင်းများစွာအဆင့်ဆင့်ဆိုင်ခွဲထောင်သွားတာ
ဒါကို #exponentially_growth လို့ခေါ်တယ်။
ဒါကို လိမ်တယ်ပြောရင်တော့ ပြောတဲ့သူကိုယ်တိုင် MLM ကို
နားမလည်တာပဲ။
ဒီလိုအခြေခံသဘောတရားလေးကမြန်မာပြည်ရောက်တော့
တလွဲတွေဖြစ်ကုန်တယ်။
ဘာတွေလွဲလည်းဆိုတော့
1-အသင်းဝင်ငွေဘယ်နသိန်းရင်းလစဉ်ဝင်ငွေထိုင်စားရမယ်။
2-ဈေးကွက်ဖြန့်စရာမလိုဘူးလူသာများများရှာဝင်ငွေရမယ်။
3-ရာထူးကြီးကြီးလိုချင်ရင်ဘယ်နသိန်းလောက်ရင်းလိုက်လစဉ်
ဝင်ငွေရမယ်။
4-ဒီဆေးတွေသောက်ရောဂါအကုန်ပျောက်တယ်။
ဆိုတော့ဘာဖြစ်လည်း
လူလိမ်တွေက MLM စနစ်ကိုခုတုံးလုပ်ပြီး
တစ်ယောက်တစ်သိန်းထည့်ရင်းကြဟေ့လစာတွေဘဏ်စာအုပ်ကထုတ်
လို့ရတယ်ဆိုပြီးအသင်းထဲတောင်မထည့်ပဲငွေတွေလိမ်ယူသွားတာမျိုး။
ငွေတစ်သိန်းရင်းရုံနဲ့ လတိုင်းဝင်ငွေရမယ်ဆိုတာမျိုး။
ဘယ်နလအတွင်းသိန်းဘယ်နဆယ်ရမယ်ဆိုတာမျိုး။
ရာထူးကြီကြီးဝယ်လိုက်ရင်လတိုင်းငွေတွေအများကြီးရမယ်ထင်ပြီး
အိမ်ရောင်းဝယ်လိုက်ကြတာမျိုး။
နောက်လတစ်ပြားမှမရတော့လင်မယားပါကွဲတာမျိုး။
ရောဂါပျောက်တယ်ဆိုပြီးဓာတ်စာ၁၀သိန်းဖိုးသောက်တာဘာမှမထူးဘူး
ဆိုတာမျိုး။
လူလိမ်တွေ လူလိမ်တွေ ကြောင့်
MLM စနစ်ဟာ ပြည်တွင်းမှာ ကြာလေကြာလေ နာမည်ပျက်လာလေ
ဖြစ်နေတယ်။
လူတွေကလည်း ဘာလို့တစ်နပ်စားလောက်သိကြတာလည်း
စဉ်းစားလို့ကိုမရဘူး။
စနစ်ကို နားမလည်းတဲ့သူဆို သိပ်ပုံပြင်တွေပြောလိမ်လို့ကောင်းတဲ့
သဘောဖြစ်နေတော့
လူလိမ်တွေက MLM ထဲဝင်လာ
လောဘသမားတွေက MLM ထဲဝင်လာ
လုပ်ချင်ရာလုပ်ပြီးပြန်ပြေးကြတယ်။
ပြီးရင် အသံလွှင့်တယ် MLM လိမ်နေတယ်။
နားမလည်ပဲခံလိုက်ရသူတွေကလည်းအသံပြန်လွှင့်တယ်
MLM လိမ်နေတယ်။
လိမ်နေတာက လူတွေပါ
စနစ်ကိုလိမ်လို့
MLM နာမည်ပျက်ခဲ့ရတာ။
တကယ်လို့ MLM ကိုသာ ဒီထက်ပို တိုးတက်ချင်စိတ်ရှိကြတယ်ဆိုရင်
သက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ MLM မှာဖြစ်လာမယ့်
အလွဲတွေကို ကာကွယ်ဖို့ စည်းကမ်းတင်းကြပ်ထားစေချင်ပါတယ်။
ပြီးရင် media တစ်ခုခုကို ဖိတ်ခေါ်ပြီး
ဘာကြောင့် ဒီလိုဖြစ်ရတယ်
တကယ့်စနစ်အမှန်ကဒီလိုပါဆိုပြီး
တစ်ပက်တစ်ခါလောက်ကို
live media ကနေ MLM channel သဘော
လွှင့်ပေးနိုင်ရင်အဆင်ပြေပါလိမ့်မယ်။
ဒါဆိုရင် ပြည်သူတွေအနေနဲ့ MLM စနစ်အမှန်ကို ကွဲကွဲပြားပြားသိပြီး
လူလိမ်နဲ့စနစ်အမှန်ကို ခွဲခြားတက်လာမှာပါ။
မြန်မာပြည်မှာလည်း MLM ပိုမို smart ကျ တိုးတက်လာမှာဖြစ်ပါတယ်။
MLM ကိုစည်းကမ်းရှိစေချင်သူတိုင်း ကြိုးစားသင့်ပါတယ်။
ဒီစာက မိမိMLM လောကသားများကိုအကြံပေးစာဖြစ်ပါတယ်။
Debate လုပ်စရာလည်းမလိုပါဘူး။
Debateဆိုတာ အမြင်မတူသူရပ်တည်မှုမတူသူတွေစကားပြောရင်း
အဖြေတစ်ခုကိုရအောင်ကြိုးစားကြတာမျိုးပါ။
လောင်းကြေးစားကြေးတွေမပါသလို
ရပ်တည်မှုတူပြီးမှမစားရတဲ့အမဲသဲနဲ့ပက်မယ်စိတ်တွေနဲ့လည်း
debateလုပ်လို့မရပါဘူး။
MLM ထိပ်ဆုံးခေါင်းဆောင်များအနေနဲ့ မိမိတို့လောကသားတွေ
အတွက်ပိုစနစ်တကျဖြစ်အောင်
ကြိုးစားသင့်တာလေးကိုအကြံပေးတာပါ။
လုပ်နိုင်မယ်လို့လည်းယုံကြည်ပါတယ်။
FranchiseတွေNetwork marketingတွေကိုပိုနားလည်ချင်ရင်
Burke Hedgesရေးသောcopyca marketing 101ကို
ခေးလုဘာသာပြန်ထားသော
မြန်မြန်သူဌေးဖြစ်နိုင်တဲ့ကွန်ရက်ချိတ်ဆက်ဈေးကွက်ဖော်ဆောင်နည်း
စာအုပ်မှာဖတ်နိုင်ပါတယ်။
#Drကျော်စွာလင်း
https://www.facebook.com/groups/mlmDiscussion/permalink/1814804398764390/