Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

MLM Lobbyist ဒေါက်တာကျော်စွာလင်း ဘယ်လဲ ဘာလဲ?


MLM Lobbyist ဒေါက်တာကျော်စွာလင်း ဘယ်လဲ ဘာလဲ?
MLM နဲ့ Network Marketing တွေကို lobby လုပ်တဲ့ စာတွေ ကို ဘာသာပြန် ပြီး MLM industry တစ်ခုလုံးကို ကိုယ်စားမပြုပဲ ပညာမဲ့ လူတန်းစား ဆင်ခြင်တုံတရားမဲ့တဲ့ လူတန်းစားတွေ အတွက် အဆိပ်ပင်ရေလောင်း နေတဲ့ စာတွေကို ရေးသားနေတဲ့ successmore ရဲ့ lobbyist တစ်ယောက်ထက်မပိုပါဘူး။
အခုဆိုရင် Coin ဖက်ရောက်သွားပြန်ပါပြီ
Ko Zin Zae Lwin က စက်တင်ဘာ ၉ ရက်နေ့မှာ MLM နဲ့ပက်သတ်လို့ စိန်ခေါ်ခဲ့ပါတယ်။ ၁ပတ်ပြည့်လို့မှ စိန်ခေါ်ခံရသူဘက်က ထွက်မလာရင် အများကပဲ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးသွားမယ်ဆိုတာ အဖြေလည်းပေါ်ပြီးသားပါ။ နံမည်တပ်ပြီး စိန်ခေါ်ခံရတဲ့အထဲမှာ ဒေါက်တာ ကျော်စွာလင်းပါခဲ့ပါတယ်
စက်တင်ဘာ ၁၆ရက်နေ့သာကျော်သွားတယ်
ဒီနေ့ထိ နံမည်တပ်စိန်ခေါ်ခံရတဲ့ သူတွေ
ရော နံမည်မတပ်ပေမယ့် စိန်ခေါ်ခြင်းခံရတဲ့ MLM ကုမ္ပဏီက ဘယ်ခေါင်းဆောင် တွေကမှ ထွက်မလာရဲပါဘူး...
သူ Debate ကို လက်မခံရဲတဲ့ အကြောင်းတရားများစွာထဲကမှ အောက်ပါအကြောင်းအရာများဟာအဓိက ကျပါတယ်။
- Google ခေါက်တတ်ရုံ Wiki လေး ဖတ်ပြီး ဘာသာပြန်တတ်ရုံက လွဲပြီးတော့ သူ့မှာ ကိုယ်ပိုင် အယူအဆ အတွေးအခေါ် လုံးဝမရှိပါဘူး
- ကိုယ်မှန်တယ်ထင်တဲ့ အယူအဆ ကို ကာကွယ်ပြောဆိုဖို့ အတွက် သူကိုယ်တိုင် ယုံကြည်ချက်မရှိပါဘူး
- သူဟာ ဒေါက်တာ ကျော်စွာလင်း နံမည်နဲ့သာ
စာရေးနေတာ သူ့ရဲ့ identity ကို ဖျောက်ထားပါတယ် ( ဘယ်သူဘယ်ဝါဆိုတာ မပြောရဲတဲ့ သတ္တိကြောင် တဲ့ လူတစ်ယောက်ပါ)
- သူ့မှာ ဒေါက်တာကျော်စွာလင်းဆိုတဲ့ account အတုအပြင် account အစစ်တစ်ခုရှိပါတယ်။ အဲ့ဒီ account အစစ်မှာ MLM နဲ့ပက်သတ်တာ ဘာမှ ရေးထားခြင်းမရှိပါဘူး (သူဟာ ဒေါက်တာကျော်စွာလင်းပါဆိုတာ Account အစစ်အနေနဲ့ လူသိသွားမှာကို စိုးရိမ်ပုံရပါတယ်) အခုတော့ သူ့ account အစစ်ပါ Deactivate လုပ်ထားပုံရပါတယ်။
- MLM ကို lobby လုပ်တဲ့ သူ့ရဲ့ post တွေမှာ comment box ကို ပိတ်ထားပါတယ် ( ငါပြောချင်ရာပြောမယ် ဆန့်ကျင်ဘက်အမြင်တွေ ကို လက်မခံဘူးဆိုတဲ့ MLM တော်တော်များများ Comment Box ပိတ်ပြီးမှ ပြောရဲတာပါ)
ဘာပဲဖြစ်ဖြစ် ကျော်စွာလင်းဟာ အရှုံး သမား ဆိုတာ စက်တင်ဘာ ၁၆မှာ ပေါ်လွင်ခဲ့ပါတယ်။
အရှူံးသမားတွေ ရေးတဲ့ ပိုစ့်ကို အရှူံးသမားတွေ share တာမြင်တိုင်း MLM နောက်လိုက်တွေဟာ ဒီလိုလူမျိုးလက်တစ်ဆုပ်စာ ရေးထားတဲ့ အကိုးအကားကို share ရုံကလွဲပြီး ကိုယ်ပိုင်အတွေးအခေါ် စဉ်းစားဥာဏ်မရှိ တာ လူပိုသိရုံပဲအဖတ်တင်ပါတယ်...
Google လေး မတောက်တစ်ခေါက် comment box ပိတ်ပြီးတစ်ဘက်သတ်ပြောနေတာဟာ ဘာနဲ့တူလဲဆိုတော့ ငါအမှန်တရားကို ရင်မဆိုင်ရဲလို့
နောက်ကွယ်ကပဲ ပြောရဲတာ ဆိုသလိုဖြစ်နေ
တယ်...
ကျော်စွာလင်းကို အကြံပေးချင်တာက တကယ်လို့ သာ MLM/ Network Marketing ဘက်က ရပ်တည်ပြီးပြောမယ်ဆိုရင်
၁။ ဘယ်သူဘယ်ဝါဆိုတဲ့ identity ကို ရဲရဲချပြပါ
( ခင်ဗျား အဲ့လို သတ္တိရှိရှိထွက်လာတဲ့နေ့ မှာ ကျွန်တော် လည်း identity ချပြပြီး ခင်ဗျားနဲ့ဆွေးနွေးပါမယ်)
၂။ ဘယ် MLM ကုမ္ပဏီ ကို ကိုယ်စားပြုသလဲ ဆိုတာ သတ္တိရှိရှိပြောပါ ( အခုက successmore လို့သာ ထင်ကြေးပြောနေကြပေမယ့် ခင်ဗျားရဲ့ အတည်ပြုချက်က အရေးကြီးပါတယ်)
ဒီအချက်တွေ မလုပ်နိုင်ပဲနဲ့ wiki လေး ဘာသာပြန်ရုံနဲ့ ခင်ဗျားကို သရဲဘောကြောင်တဲ့ ကျော်စွာလင်းအဖြစ်နဲ့ပဲ သတ်မှတ်နေကြမှာပါ။ အမှောင့်ပယောဂတွေလုပ်တဲ့ အဖျက်သမားတွေလိုပဲ လူသိမခံပဲ နောက်ကွယ်ကနေ လှုပ်ရှားတဲ့လူလို့ သတ်မှတ်နေကြမှာပါ။
https://www.facebook.com/groups/mlmDiscussion/permalink/1834295313481965/