Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

ဒီလုပ်ငန်းက MLM မဟုတ်ဘူးတဲ့လား ... MLM က MLM ပါပဲ။




ဒီလုပ်ငန်းက MLM မဟုတ်ဘူးတဲ့လား ...
MLM က MLM ပါပဲ။
***********************************
တစ်ကမ္ဘာလုံးက MLMစနစ်မှန်သမျှ လူသစ်ရှာ အမှတ်ထိန်း စနစ် မကျင့်သုံးပဲ မနေရပါဘူး။
အမေရိကန်နိုင်ငံသားတိုင်း အမေရိကန် သမ္မတဖြစ်ချင်ကြပါတယ်။
ဖြစ်ဖို့ အခွင့်အလမ်းလည်း ရှိပါတယ်။
ဖြစ်ချင်လို့လည်း အပြိုင်အဆိုင် ကြိုးစားကြပါတယ်။
ဒါပေမယ့် လူတိုင်း တပြိုင်တည်း သမ္မတ မဖြစ်နိုင်ဘူးလေ။
ဒါ စနစ်ကြောင့်ပါ။
ကျနော် ပြောချင်တာ စနစ်ကိုပါ။
MLM မှာ အောင်မြင်သူတွေဟာ သမ္မတ ဖြစ်နေသူတွေပါ။ သူတို့အတွက် ဝမ်းသာရပါတယ်။
ဒါပေမယ့် သူ သမ္မတ ဖြစ်အောင် ထောက်ပံ့ပေးထားတဲ့ သူ့ network ကြီးက သူ့ကို ထမ်းပိုးပေးထားရတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ ကွန်ယက်မတည်ဆောက်နိုင်ပဲ ထိပ်ကို မရောက်နိုင်ပါဘူး။
ကိုယ့် ကွန်ယက်ကို ကြိုးစားကြကွာ မင်းတို့လည်း တစ်နေ့ငါ့လို သမ္မတ ဖြစ်လာနိုင်တယ်လို့ ပြောနေရင် သမ္မတ အရည်အချင်း skill မကောင်းတဲ့သူက ဘယ်လိုလုပ်အားရှိမှာလဲ။
လူသစ်ရှာပြီး အမှတ်မထိန်းရဘူးဆိုရင် MLM စနစ် မဟုတ်ဘူးလို့ ပြောချင်ပါတယ်။
ဈေးထဲမှာ ဈေးရောင်းနေတဲ့သူတိုင်း MLM မှာ မအောင်မြင်နိင်ပါ။
အောင်သွယ်ကောင်းသူတိုင်းလည်း MLM မှာ မအောင်မြင်ပါဘူး။
အဲ့ဒီလိုဆိုမှတော့ဗျာ လယ်သမား၊ စာရေးစာချီ၊ ကျောင်းဆရာမ၊ စစ်မှုထမ်း၊ ဆရာဝန်၊ အင်ဂျင်နီယာ စတဲ့ လူတန်းစားပေါင်းစုံ ခေါ်သွင်းနေတဲ့ MLM စနစ်ကြီးထဲမှာ လူတိုင်း အောင်မြင်ဖို့ မဖြစ်နိုင်ပါ။
MLM စနစ်ဟာ လူတိုင်းကို အမှန်တကယ် အောင်မြင်စေမယ်ဆိုရင် သူတို့ရဲ့ မူလ အသက်မွေးဝမ်းကျောင်း အလုပ်တွေကို အပြီးတိုင် စွန့်လွှတ်ပြီး MLM ကို အချိန်ပြည့်လုပ်ကိုင်လာကြမှာ မလွဲပါဘူး။
ဒီလိုသာဆို လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ကျော်ကတည်းက ကမ္ဘာကြီးမှာ MLM လုပ်ငန်းတွေ အုတ်အော်သောင်းနင်းဖြစ်ပြီး တခြားအလုပ်တွေ လုပ်မယ့်သူရှိမှာ မဟုတ်တော့ပါဘူး။
လူတိုင်းလုပ်နိုင်တာ သေချာရင် အပင်ပန်းခံပြီး OPP လိုက်ပြောနေစရာတောင် မလိုပါဘူး။
အဖွဲ့ဝင်အသစ် လျောက်လွှာတွေ ဖုန်းလျှောက်၊ မြေကွက်လျှောက်သလို တဆင့်စကားနဲ့ သူ့အလိုလို စုပြုံ တိုးလာကြပါလိမ့်မယ်။
သန်း၆ထောင်သော ကမ္ဘာ့လူဦးရေကြီးဟာ ပစ်မကုန်သော MLM သားကောင်များပါ။ MLM အကြောင်းမသိသေးတဲ့ လူငယ်ပေါင်းများစွာ နေ့စဉ် အရွယ်ရောက်လာကြပါတယ်။ အခွင့်အလမ်းတွေရှာရင်း MLM ထောင်ချောက်တွေကို စူးစမ်းလိုစိတ်နဲ့ တက်နင်းမိကြပါတယ်။
အောင်မြင်သူအနည်းအကျဉ်းရှိပေမယ့် အများစုကြီးက အခြားအလုပ်အကိုင်တွေဆီကို ခြေဦးပြန်လှည့်ကုန်ကြပါတယ်။
ဒါဟာ သူတို့ ညံ့လို့လား။ မဟုတ်ပါဘူး။ ဒီအလုပ်က သူတို့နဲ့ မကိုက်ညီဘူးဆိုတာ သူတို့ သတိမထားမိလိုက်ခင်မှာပဲ သူတို့ကိုနင်းထားနိုင်သူတွေ ထိပ်ကို ရောက်ကုန်ကြပါတယ်။
သူတို့ဟာ MLM ခဲမှန်သွားတဲ့ အတွက် MLM ကို လန့်သွားကြပါတယ်။ ပြီးတော့ MLM မကောင်းကြောင်း သတင်းပေးကြပါတော့တယ်။ အောင်မြင်သူတွေက သူတိုအောင်မြင်မှုကို ဆက်လက်ထိန်းထားနိုင်ဖို့ နောက်ထပ် မသိနားမလည်သေးတဲ့ အရွယ်ရောက်လာတဲ့ လူငယ်တွေကို ဆက်လက်ရှာဖွေကြပါတယ်။ နောက်ထပ်တက်လာတဲ့ လူငယ်တွေကလည်း အောင်မြင်နေသူတွေကို အားကျပြီး ကြိုးစားကြရင်း MLM သံသရာလည်နေပါတော့တယ်။
ကွန်ယက်စနစ်သာ လူတိုင်းအောင်မြင်နိုင်မယ်ဆိုရင် တစ်နှစ်အတွင်းမှာ ကမ္ဘာ့လူသား သန်း၆ထောင် စလုံး MLM member တွေ ဖြစ်ကုန်ပါလိမ့်မယ်။
စူးစမ်းလိုသူ လူငယ်တွေ အရွယ်ရောက်နေသမျှ ကမ္ဘာပေါ်မှာ MLM စနစ် ဘယ်တော့မှ မချုပ်ငြိမ်းပါ။
အဲဒါ စနစ်ရဲ့ Key ပဲ ဖြစ်ပါတယ်။
ဆိုလိုရင်းပြောရရင် စနစ်နဲ့ထိတွေ့ဖူးတဲ့သူတိုင်း မအောင်မြင်တာ ဘာ့ကြောင့်လဲ၊ လူအများစုက ဘာ့ကြောင့်လန့်နေကြတာလဲ အဖြေရှာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။