Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

MLMဟာ လူတိုင်းအတွက် ကောင်းပေမယ့် လူတိုင်းဟာ MLM အတွက် မကောင်းဘူးလို့ Randy Gage က ပြောပါတယ်။


MLMဟာ လူတိုင်းအတွက် ကောင်းပေမယ့် လူတိုင်းဟာ MLM အတွက် မကောင်းဘူးလို့ Randy Gage က ပြောပါတယ်။
(Network Marketing is perfect for everyone. However, everyone is not perfect for Network Marketing.)
တစ်ချို့လူတွေဒီလုပ်ငန်းထဲရောက်လာတဲ့အတွက် ဒီလုပ်ငန်းဟာ သူများတံတွေးခွက်ထဲပက်လက်
မြောရပါတော့တယ်။
သူတို့ကိုယ်တိုင်လည်း အဆင်မပြေပါဘူး။
သူတစ်ပါးကို အောင်မြင်အောင် လက်တွဲခေါ်ရင်း ကိုယ်ပါအောင်မြင်တဲ့ ဒီ Win-Win လုပ်ငန်းဟာ သူတို့ကြောင့် Lost-Lost ဖြစ်သွားပါတော့တယ်။
#ဒီလုပ်ငန်းနဲ့ သင့်တော်သူတွေဟာ ဂုဏ်ထူးရာထူး ပကာသန မမက်သူဖြစ်ရမယ်။
ဒါမှလည်း ရာထူးကိုငွေနဲ့ဝယ်ယူပြီး အပြင်မှာအောက်ဈေးနဲ့ ဈေးပြန်လျှော့ရောင်းတဲ့ အဖျက်သမား မဖြစ်မှာပါ။
ကိုယ့်ရဲ့မူလလုပ်ငန်းမှာ မပျော်ပိုက်သူလည်း ဖြစ်ရမယ်။
တော်တော်လည်း ခံနိုင်ရည်ရှိရမယ်။
အောင်မြင်သူတွေ ညွှန်ကြားတဲ့အတိုင်း လုပ်နိုင်သူလည်းဖြစ်ရမယ်လို့ Randy Gage ကပြောပါတယ်။
ဒီလုပ်ငန်းမှာ ဖြတ်လမ်းမရှိပါဘူး။
#နည်းစနစ်မှန်မှန် စိတ်ထားမှန်မှန် ကာလတစ်ခုအထိ ကြိုးစားမှ ကိုယ့်မိတ်ဆွေတွေ အောင်မြင်လာတာနဲ့အမျှ ကိုယ်လည်းအောင်မြင်လာတာပါ။
#ဈေးလိုက်ရောင်းရတာ မဟုတ်ပါဘူး။
သင်ဟာ ထုတ်ကုန်ပစ္စည်း လိုက်ရောင်းရမှာမဟုတ်ဘူး။
အခွင့်အလမ်းကို လိုက်ရောင်းရမှာမဟုတ်ဘူး။
သင့်ကိုယ်သင် ရောင်းရမှာ လို့ Randy Gage က ပြောပါတယ်။
ဆိုလိုတာက သင်ဟာ လူတွေလက်ခံနိုင်တဲ့ အရည်အချင်းတွေဖြည့်ဆည်းရမယ်။
ခင်မင်ဖွယ် ယုံကြည်ဖွယ် လေးစားဖွယ် အားထားဖွယ်ဖြစ်အောင် အရည်အချင်းဖြည့်ဖို့လိုတယ်။
Amway မှာ အရမ်းအောင်မြင်ခဲ့တဲ့ ဂန္ထဝင်ပုဂ္ဂိုလ် Bill Britt က
"ကျွန်တော် လူ (၁၂၀၀) ကို ဒီအခွင့်အလမ်း ရှင်းပြခဲ့တယ်။
အဲဒီအထဲက(၉၀၀)က ငြင်းဆန်ကြတယ်။
(၈၅)ယောက်က ဝင်ရောက်လေ့လာကြတယ်။
(၃၅)ယောက်က သေသေချာချာ လုပ်ကြတယ်။
(၁၁)ယောက်အောင်မြင်သွားတဲ့အတွက် ကျွန်တော် သန်းပေါင်းများစွာကြွယ်ဝတဲ့ လူချမ်းသာ ဖြစ်သွားပါတယ်"လို့
သူဘာကြောင့်ချမ်းသာကြောင်း မေးသူတွေကို ဖြေခဲ့ပါတယ်။
ဒါကြောင့် ဖြတ်လမ်းကချမ်းသာလိုသူတွေ အချောင်အောင်မြင်ချင်သူတွေအတွက် ဒီလုပ်ငန်းနဲ့ မကိုက်ပါဘူး။
အဲလိုအောင်မြင်နိုင်တယ်ဆိုလို့ ပါသွားရင်လည်း အလိမ်ခံရဖို့ များတယ်။
အဓိက က ကိုယ့်လောဘကြောင့်ပါ။
#42ဆက်မြောက် အမေရိကန် သမ္မတ Bill Clinton က MLM လုပ်သူတွေကို
"ခင်ဗျားတို့ကြောင့် အမေရိကန်နဲ့ ကမ္ဘာတစ်လွှားမှာ ချမ်းသာသူတွေ အများကြီး ပေါ်ပေါက်ခဲ့တယ်။
ခင်ဗျားတို့ဟာ ကိုယ်တိုင် အောင်မြင်ရုံမက လူများစွာကိုလည်း အောင်မြင်နိုင်ခွင့် ပေးခဲ့ကြတယ်။
နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ လူမှုရေးကို မြှင့်တင်ပေးခဲ့ကြတယ်။
ကမ္ဘာ့စီးပွားရေးကိုပါ တိုးတက်စေခဲ့တယ်။
အမေရိကန် တစ်ဝှမ်းမှာ MLM လုပ်ကိုင်သူ (၇) သန်းရှိပြီး အပတ်စဉ်လူသစ်(၆၇၀၀၀)လောက် ပါဝင်လုပ်ကိုင်နေကြတယ်။
အဲဒီအထဲမှာ အသက်(၆၅)နှစ်အထက်တွေ (၃၀၀၀၀၀)လောက်ရှိတယ်။
ခန္ဓာကိုယ်တစ်ခုခု ချို့ယွင်းတဲ့ မသန်စွမ်းသူ(၅၀၀၀၀၀)လောက်ရှိတယ်။
အမျိုးသမီးတွေ လေးပုံသုံးပုံလောက် ပါဝင်တယ်။
ခင်ဗျားတို့ကြောင့် အမေရိကန်ရဲ့ ပုံရိပ် ပိုကောင်းလာတယ်။
အခုဆိုရင် ကမ္ဘာတစ်လွှားမှာ MLM လုပ်ကိုင်နေသူ (၂၁)သန်းလောက်ရှိနေပြီ။
ရုရှားမှာ(၁)သိန်းလောက်နဲ့ တရုပ်ပြည်မကြီးမှာ(၆)သိန်းလောက် အပါအဝင်ပေါ့။
ခင်ဗျားတို့ကို ကျေးဇူးအထူးတင်ပါတယ်။
ဆက်လက်ကြိုးစားကြပါ။"
လို့ ပြောခဲ့တယ်။
(၂၀၁၁)ခုနှစ် စာရင်းအရ ကမ္ဘာ့နိုင်ငံပေါင်း(၁၂၅)နိုင်ငံမှာ MLM လုပ်ကိုင်နေသူပေါင်း(၆၇)သန်းကျော် ရှိပြီး ရောင်းအား(၁၁၀)ဘီလီယံလောက်ရှိကြောင်း သိရပါတယ်။
(တစ်ဘီလီယံ=သန်းတစ်ထောင်)အခုဆိုဒိထက်ပိုမှာပါ။
အခုဆိုရင် MLM လုပ်ငန်းမှာ လူချမ်းသာတွေ လူကုံထံတွေတောင် ပါဝင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း Robert T Kiyosaki က ပြောပါတယ်။
သူတို့ဟာ ကိုယ်တိုင်ချမ်းသာကြပေမယ့် လူတွေကို ချမ်းသာအောင် လုပ်မပေးနိုင်ကြဘူး။
ဒီလုပ်ငန်းဟာ လူတွေကို ချမ်းသာအောင် ကူညီနိုင်တယ်ဆိုလို့ ဝင်ရောက်လာကြတာလို့ Kiyosaki က ထပ်ပြောပါတယ်။
အသိပညာရှင် အတတ်ပညာရှင်တွေလည်း ဝင်ရောက်လာကြပါပြီ။
ဒီလုပ်ငန်းမှာ မိသားစုအတွက် အချိန်ပိုပေးနိုင်မှန်း သိလာကြလို့ပါ။
လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝကနေ လွတ်မြောက်ချင်ကြလို့ပါ။
MLM လုပ်သူတွေကို Randy Gage ကဒီလိုအကြံပေးထားတယ်။
"ကိုယ့် အောက်မိတ်ဆက်တွေကို အမြင့်ဆုံး ရာခိုင်နှုန်းရောက်အောင် ထုတ်ကုန်တွေကို ဝယ်ဖို့ ဘယ်တော့မှ မတိုက်တွန်းပါနဲ့။
သူတို့ကို အရောင်းသမားဖြစ်အောင် တွန်းပို့လိုက်သလိုဖြစ်ပြီး အားလပ်ပျော်ရွင်တဲ့ဘဝ မရောက်အောင် ချောက်ချလိုက်သလိုဖြစ်သွားမယ်။
ဒီပတ်ဝန်းကျင်ကနေ လွင့်သွားနိုင်ပြီး ကိုယ့်ကိုဘယ်တော့မှ လေးစားမှာ မဟုတ်တော့ဘူး။
ဈေးရောင်းသူတွေဟာ ငွေရကောင်းရမယ်။
ဒါပေမယ့် ပင်ပန်းစွာ ရှာဖွေစားသောက်ရတဲ့ဘဝက မလွတ်နိုင်ဘူး။
လူ(၁၀၀)မှာ (၂)ယောက်လောက်သာ ဈေးရောင်းဝါသနာပါပြီး (၉၈)ယောက်လောက်က ဈေးရောင်းရမှာကို သေမလောက်ကြောက်တယ်။
ဒါကြောင့် အရောင်းသမားတွေဟာ အဖွဲ့အစည်းကွန်ရက် တည်ဆောက်ဖို့ ခက်ခဲပြီး Rat race(ပင်ပန်းဆင်းရဲစွာ ရှာဖွေစားသောက်ရတဲ့ဘဝ) ကနေ မလွတ်နိုင်တော့ဘူး။
နောက်ပြီး ဘယ်တော့မှ ကိုယ့်အောက်မိတ်ဆက်ကို မလိမ်ပါနဲ့။
သူ့အတွက် အကျိုးရှိမယ်ဆိုရင်တောင် မလိမ်ပါနဲ့။
``ယုံကြည်မှု ပျက်စေပြီး ခင်ဗျားဟာ ဦးဆောင်သူ အဖြစ်မှ ဈာန်လျှောသွားလိမ့်မယ်။´´
ကုမ္ပဏီပိုင်းကိုတော့ Randy Gage က ဒီလိုအကြံပြုထားပါတယ်။
က
``ခင်ဗျားရဲ့ ကုမ္ပဏီမှာ လိုင်းပေါင်းစုံထဲက တစ်လိုင်းတစ်နေရင် အဲဒီလိုင်းမှာ ပြဿနာရှိနေပြီ။ ပြင်ပေးရမယ်။
ဒါပေမယ့် လိုင်းအားလုံး တစ်နေရင်
#ကုမ္ပဏီပိုင်း စနစ်ပိုင်းမှ ပြဿနာရှိနေပြီ ....ပြင်ဖို့လိုပြီ။ "
Credit to Ko Moe