Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

mlm လိမ်တာပါလို့ mlm လုပ်ဖူးသူကိုယ်တိုင်ဝန်ခံသွားတာ




အတွေ့အကြုံလေး.. ပြောရရင်
ကျနောက MLM လုပ်ပီး လူအတော်များများကို ဂျင်းထည့်ခဲ့တာဗျ
သူများတွေလို ခံလာရတာမဟုတ်ဘူး..
Company တော့မပြောတော့ဘူး.. debate လုပ်ချင်သပါ့ ဆိုမှပြောမယ်..
ကျနော ဆိုင်ဖွင့်တုန်းကပေါ့
လွန်ခဲ့တဲ့ ၃နှစိလောက်က သူငယ်ချင်းရဲ့ အဆက်အသွယ်နဲ့ သိတာဗျ..
တလ ကို သိန်းကိုဆယ်ဂဏန်းနဲ့ချီရမယ်ဘာညာ.. ဆိုတော့ ကိုလဲစိတ်ဝင်စားတာပေါ့ အဲ့အချိန်ုပိုက်ဆံအသေရှာနေသလို အတော်လေးအဆင်ပြေနေချိန်ပေါ့
သူတို့ လာဆွယ်တာတော့မရေးတော့ဘူးဗျာ..ရေးရမှာပျင်းတယ်
ခင်ဗျားတို့လဲ မကြားချင်မှအဆုံးသိနေတာဘဲ..
ကျနောစလုပ်တော့ meeting တွေ တက်ခိုင်းတယ်..
သွားတက်တယ်
ကိုယ့်လာဆွယ်တဲ့ သိန်းဆယ်ဂဏန်းဝင်တဲ့ကောင်ကလိုင်းကားနဲ့
ကိုယ်က mart 2 (ဤကား ကြွားချင်မဟုတ် အတော်ချဉ်သွားသည်ကိုမြင်ယောင်လာစေရန် )
စိတ်ထဲအတော်ကလိကလိ..
ဆေးတွေတော့ကြေငြာသွားတယ်.. ထုံးစံအတိုင်း..
သေမဲ့လူတောင်သူတို့ဆေးသုံးစွဲရင် ငုတ်တုတ်ထထိုင်မဲ့ပုံ
ခုမှ ကျနောဘလိုဂျင်းထည့်ခဲ့လဲစပြောမှာ. 😜
ကျနောစဉ်းစားတယ်..
ဒီဆေးကိုလူကုံထံဘဲသုံးနိင်မှာ..
အဲ့လူကုံထံတွေကလဲ သောက်လုပ်ရှုပ်ခံပီးလိုက်ရောင်းနေမဲ့သူမဟုတ်..
သူတို့ကို customer စာရင်းထဲထည့်တယ်..
ဘယ်လိုလူတွေ က ဒီအလုပ်ကိုလုပ်မလဲ..
ဆိုက်ကားသမားလား.. သွားတိုက်ဆေး ၆ထောင်လောက် သူတို့ဝယ်မသုံးနိင်ဘူး.. ပါယ်တယ်.. သွားပြောရင်လေကုန်တယ်
အဲ့တော့ ကျနော့ အတွေးတွေက
အလုပ်အရမ်းလုပ်ချင်ပီး..ပိုက်ဆံကိုင်သုံးချင်တဲ့ လူငယ်လေးတွေဆီ ခြေဦးလှည့်ခဲ့တယ်..
Mart 2 နဲ့ ဒဂုံ တက္ကသိုလ်​ ထဲလစ်တယ်.. ကိုယ်နဲ့သိတဲ့ကောင်လေးတယောက်ကို သူစားချင်တာစားရှင်းပေးလိုက်တယ်.. ဆေးလိပ်ဗူးချပေးထားတယ်သောက်စမ်း..
*အကို့လို ကားစီးပီး.. မကဲချင်ဘူးလားကွဘာညာ ဂျင်းတွေထည့်တာပေါ့ ဗျာ.
ကောင်လေးမျက်လုံးတွေအရောင်ကိုတောက်နေတာဘဲ..
နက်ဖြန်ကိုယ်လာခဲ့မယ်ညီ.. ညီ့သူငယ်ချင်းတွေပါခေါ်ထားလိုက်..
နောက်ရက်ကျ.. အယောက်၂၀လောက်ရှိတယ်..
စားတာသောက်တာကိုယ်ဘဲရှင်းပေးလိုက်တယ်. ၂သောင်းကျော်လားကျတယ်.. ပါးပါးလေးပါ.. ဒီလောက်တော့ရင်းရမပေါ့
ခင်ဗျားတို့သိမှာပါ.. ESBI ဆိုတာကြီးကိုရှင်းပြတယ်..
Meeting ခေါ်သွားတယ်.. ကျနော်
6လနဲ့ senior vice manager ဖြစ်တယ်..
ကျနော လူစိတ်ဝင်ပီးတွေးမိလာတယ် အဲ့ကရတဲ့ ပိုက်ဆံကို
သုံးရတာစိတ်မဖြောင့်ဘူးဗျာ..
အောက်ကကလေးတွေက ၃သိန်းလောက်ရတာကိုပျော်နေတာ..
ဖင်ချခံနေရတာကိုမသိဘူး.. အဲ့တော့
ကျနော့အောက်ကလူတွေကို အမှန်အတိုင်းပြောပြတယ်.
ဒီစီးပွာရေးက ဒီလိုဆိုတာ..
ကျနောရပ်ပစ်ခဲ့တယ်.. ၀မ်းလဲနည်းတယ်..
မသိနားမလည်တဲ့သူတွေကို.. မျော်လင့်ချက် တွေပေးပီး..ညာယူထားခဲ့ရတဲ့ပိုက်ဆံတွေ.. မျိုမကျဘူး..
ပြန်တော့မပေးပါဘူး 😁
အဲ့တော့ ခင်ဗျားတို့လဲ အဲ့ပိုက်ဆံတွေ မျိုကျရင်ဆက်လုပ်
စောက်ရှက်မရှိရင် လိမ်ပီးဆက်လုပ်..
ဒါဘဲ
https://www.facebook.com/groups/mlmDiscussion/permalink/1814908002087363/