Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

MLM တွေ အပြောများတဲ့ အချက် တစ်ချက်၊ အမေရိကားမှာ အကုန်လုံး MLM လုပ်နေပါပြီ။


MLM တွေ အပြောများတဲ့ အချက် တစ်ချက်၊ အမေရိကားမှာ အကုန်လုံး MLM လုပ်နေပါပြီ။
အမေရိကားမှာ MLM ရှိသလား။ ရှိပါတယ်။
လိမ်နေတာဆို ခွင့်မပြုရဘူးလေ။ ဖမ်းမှာပေါ့။ အမေရိကား လို နိုင်ငံကြီးက တရားဝင် မှန်ကန်လို့ ရပ်တည်ခွင့် ပေးထားတာပေါ့။
မဟုတ်ပါဘူး။ အဲ့ဒီအချက်ကတော့ မှားပါတယ်။ အမေရိကားဟာ လူအခွင့်အရေး နိုင်ငံဖြစ်တာကြောင့် တကယ်လိမ်လည်တယ်လို့ သက်သေမခိုင်လုံသမျှ၊ တရား မစွဲ သမျှအရေးယူခွင့်မရှိပါဘူး။
ဒါကြောင့် အကြမ်းဖက် သမား Terrorist တွေတောင် တကယ် ဗုံးထ ခွဲ၊ သေနတ်နဲ့ ၀င်ပစ်မှပဲ ဖမ်းရတဲ့ အဆင့်ဖြစ်နေတာတွေရှိပါတယ်။ ဘာမှ မလုပ်ခင်မှာ FBI က စောင့်ကြည့်ပဲလုပ်ပါတယ်။ သက်သေ မခိုင်လုံရင် အမေရိကားမှာ ဘာမှ လုပ်မရပါ။ ဒါ အမေရိကန် နိုင်ငံရဲ့ လူ့အခွင့်ရေး လိုက်နာမှုကို လက်တစ်လုံးခြား ခုတုံးလုပ်ပြီး ရပ်တည်နေတာပါ။
တကယ်လို့ တိုင်လာတယ်ဆိုရင်တော့ ပြည်နယ်ပေါ်မှာလိုက်ပြီး ပိရမစ်ပုံ လိမ်လည်မှု အနေနဲ့ သတ်မှတ်ချက်ရှိပါတယ်။
အများစုမှာ တူညီတဲ့အချက်ကတော့
၁။ ရောင်းလို့ မကုန်တဲ့ ပစ္စည်းကို ကုမ္ပဏီက မယူမနေရ ပြန်ယူရပါတယ်။
၂။ ၅၀% - ၇၀% သော အရောင်းပစ္စည်းတွေကို အသင်းဝင်မဟုတ်တဲ့ မန်ဘာတွေက ၀ယ်ရပါတယ်။
အဲ့ဒါတွေ မဟုတ်ရင် ဒီကုမ္ပဏီကို အရေးယူပါတယ်။
နောက် အမေရိကန် ဗဟို တရားရုံးချုပ်က သတ်မှတ်ထားတဲ့ ပိရမစ် scheme လို့ခေါ်တဲ့ MLM လိမ်လည်မှုတွေက ဒီလိုဖြစ်ပါတယ်။
Elements of a Pyramid – Federal Decisions Does Your Program Meet These Elements?
(1) Payment of money to the company;
(2) The participant receives the right to sell a product
(or service);
(3) The participant receives compensation for
recruiting others into the program;
(4) The compensation is unrelated to the sale of
products (or services) to the ultimate user.
မန်ဘာဝင်တွေက ကုမ္ပဏီကို ပိုက်ဆံပေးရတယ်။ မန်ဘာဝင်တွေက ပစ္စည်းကို ယူပြီး ရောင်းချခွင့်ရှိပါတယ်။ မန်ဘာဝင်တွေဟာ လူမွေးတာနဲ့ ငွေရပါတယ်။ ၀င်ငွေရဲ့ အများစုဟာ လူမွေးတာက ရပါတယ်။
အဲ့ဒီအချက်တွေနဲ့ ပြည့်စုံရင် လိမ်လည်တဲ့ ကုမ္ပဏီ အဖြစ်သတ်မှတ်ပါတယ်။
အဲ့ဒါလေးတွေနဲ့ သီကာ ပွတ်ကာ ရှောင်ပြီး ရအောင် ရပ်တည်နေတာဖြစ်ပါတယ်။တိုက်ရိုက်ရောင်းချခြင်း နဲ့ ဆင်တူ လုပ်ပြီး ရပ်တည်နေတာပါ။ နောက်တစ်ခုက အပေါ်ကလူတွေဟာ ငွေတွေ မယုံကြည်နိုင်လောက်အောင် ၀င်နေတာကြောင့် ပြသနာဖြစ်လာရင် လျော်ကြေးပေးပြီး နောက်တစ်နည်းနဲ့ ရအောင်ကြံပါတယ်။ ကုမ္ပဏီ တစ်ခု ပျက်သွားရင် နောက်ထပ်နာမည် တစ်ခုနဲ့ ၀င်ပါတယ်။ ဒီနည်းတွေနဲ့ ရပ်တည်နေတာပါ။
နောက်တစ်ခုကတော့ အမေရိကားမှာ အစိုးရက ပြည်သူတွေကို ပညာပေးပါတယ်။ ကျနော် မနေ့က တင်ခဲ့ပြီးပါပြီ။ အမေရိကန် အစိုးရ ဗဟို ကုန်သွယ်ရေးရဲ့ ကြေငြာချက်တွေဖြစ်ပါတယ်။ MLM ဆို ဝေးဝေးရှောင်ပါတဲ့။
အနောက်နိုင်ငံတွေမှာ အအောင်မြင်ဆုံး MLM ဟာ Amway ဖြစ်ပါတယ်။ သူတို့ရဲ့ မန်ဘာဝင် အရောင်းကိုယ်စားလှယ်တွေကို ABO လို့ ခေါ်ပါတယ်။ ( ABO ဆိုတဲ့ နာမည်နဲ့ ရင်းနှီးကြမယ်ထင်ပါတယ်။ ဒီလောက်ဆို သဘောပေါက်ပါ။ ဘယ်သူဟာ ဘယ်သူ့ကို ကူးချနေတာလဲ ဆိုတာ)Amway Business Owner ပါ။
Amway ဟာ MLM ထုံးစံအတိုင်း Data ဆိုရင် ဝေးဝေးပြေးပါတယ်။ ဘယ်လောက်ပဲ ပြေးပြေး ကမ္ဘာ့ အအောင်မြင်ဆုံး ဖြစ်တဲ့ Amway MLM ဟာ သူတို့ရဲ့ အချက်အလက်ကို မကြေငြာရင် ဆက်လက်ရပ်တည်ခွင့်မရှိတာကြောင့် ကြေငြာရပါတော့တယ်။
၂၀၁၃ ခုနှစ်မှာ စက်တင်ဘာလ အထိ UK မှာ Amway ရဲ့ လူမွေးတဲ့ အခြေအနေနဲ့ ပိုက်ဆံ ၀င်ငွေတွေကို တရားရုံးက ထုတ်ပြန်ခိုင်းလို့ ထုတ်ပြန်ရပါတယ်။
စုစုပေါင်း အောက်ဆုံးအဆင့် မန်ဘာပေါင်း ၃၀၄၁၅ ယောက် မွေးထားပြီး ၁ သောင်း ၁ထောင်ကျော်ကိုပဲ ငွေပြန်ပေးပါတယ်။ ပျမ်းမျှ ၀င်ငွေဟာ တစ်နှစ်အတွက် ပေါင်စတာလင် ၄၂ ပေါင်ဖြစ်ပါတယ်။တစ်နှစ်အတွင်းမှာ မြန်မာငွေ ၅ထောင်ဖြစ်ပါတယ်။ နောက်တစ်ဆင့်တက် လူပေါင်း ၁ သောင်း ၃ ထောင် ကျော်ရှိပါတယ်။ ပြန်ပေးတဲ့လူပေါင်းဟာ ၈ ထောင် ကျော်ဖြစ်ပါတယ်။ ပျမ်းမျှ တစ်နှစ် ၀င်ငွေဟာ ပေါင် ၁၀၈ ဖြစ်ပါတယ်။ မြန်မာငွေ ၂ သောင်းဖြစ်ပါတယ်။
သူတို့ရဲ့ အပေါ်တန်း ပလက်တီနန်၊ Emerald, Diamond. (ကြားဖူးတယ်နော် ဒီနာမည်တွေ)။ စုစုပေါင်း ၈၁ ယောက်ပဲ ရှိပြီး Diamond ဖြစ်တဲ့သူ တစ်ယောက်ပဲရှိပါတယ်။ Diamond ရဲ့ ၀င်ငွေဟာ တစ်နှစ်ကို ပေါင် ၅သောင်း ဖြစ်ပါတယ်။ တစ်နှစ်လုံးမှ တစ်ယောက်ပဲ ရှိပါတယ်။
ပျမ်းမျှ စီနီယာ Electronic Engineer ရဲ့ အနိမ့်ဆုံးလစာဟာလဲ ပေါင် ၅ သောင်းဖြစ်ပါတယ်။ အီလက်ထရောနစ် အင်ဂျင်နီယာ ဘွဲ့ ရတွေ ၇၀% ဟာ စီနီယာ အင်ဂျင်နီယာ ဘ၀ ကို ရောက်ကြပါတယ်။ ရေနံ၊ ဆောက်လုပ်ရေး စတဲ့ အင်ဂျင်နီယာတွေဟာ ပေါင် ၇သောင်းကနေ ၁ သိန်း ထိရကြပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေမှာ ဘနဖူး သိုက်တူးတဲ့ သူတွေကလွဲလို့ ဘယ် အင်ဂျင်နီယာ ဆရာဝန်မှ MLM မလုပ်ပါခင်ဗျာ။ လောဘဇောတက်၊ စိတ်ဓါတ်မှိုင်းသွင်းတာတွေကို ခံလိုက်ရတဲ့ သူတွေ လည်း မတော်တဆရောက်ကြပါတယ်။
ဒီလောက်ဆို သဘောပေါက်သင့်ပါပြီ။ ကမ္ဘာ့ အအောင်မြင်ဆုံး MLM Amway ပါ။
https://www.facebook.com/groups/mlmDiscussion/permalink/1844095355835294/ 
Aron Mg