Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

MLM ကျွန်တော် MLM လုပ်ငန်းကို ၂ခုလောက်လုပ်ဖူးပါတယ်။



MLM
ကျွန်တော် MLM လုပ်ငန်းကို ၂ခုလောက်လုပ်ဖူးပါတယ်။၎ခုလောက်တော့ လေ့လာဖူးပါတယ်။ နောက်ဆုံးလုပ်ဖူးတဲ့Company မှာတော့ ဆုံးရှုံးမှု လို့ပြောရမလားပဲဗျ။ ကျွန်တော်ဆေး ၄၊၅သိန်းဖိုးလောက် သောက်လိုက်တယ်ဗျ :D။၁၀သိန်းဖိုးလောက်တော့ ဝယ်လိုက်ပီး လိုက်ရောင်းခဲ့ရသေးတယ်။ငွေးကြေးနဲ့ ပတ်သက်ပီးတော့ ဆုံးရှုံးမှု အကြီးအကျယ်တော့မရှိခဲ့ဘူးပေါ့ဗျာ။ အဓိက ဆုံးရှုံးခဲ့တာတော့ အချိန်နဲ့  လူတွေရဲ့ ယုံကြည်မှုပေါ့။လူတွေရဲ့ ယုံကြည်မှုလို့ ပြောရရင် အဲ့ချိန်တုန်းက မိဘတွေနဲ့ အတိုက်အခံဖြစ်ခဲ့တာတွေ အငြင်းအခုန် လုပ်ခဲ့တာတွေကို ပြန်တွေးရင် ရှက်တောင်ရှက်မိတယ်။ဒါပေမဲ့ ကျွန်တော် အများကြီးမဆုံးရှုံးခင် ရုန်းထွက်နိုင်ခဲ့တယ်လို့တော့ပြောရမှာပဲ။
ဒီလို ရုန်းထွက်နိုင်ခဲ့တာကလဲ ကျွန်တော်နဲ့ အတူလုပ်နေတဲ့ လူတွေရဲ့ အကြွေးတင်တာတွေ ငွေကြေးအရှုတ်အရှင်းတွေကို တွေ့ လာရလို့ ပါ။ ဒီတော့ ဆုံးရှုံးတဲ့ သူတွေ အများကြီးဆိုတာ တွေ့ ရတယ်လို့ ကျွန်တော်ပြောချင်တာဗျ။
ဒါပေမဲ့ ဆုံရှုံးမှုတွေထဲက အတွေ့ အကြုံတွေလဲ ရလိုက်တယ်။
ကျွန်တော် ပြောချင်တာက MLM မလုပ်ဖူးတဲ့ သူတွေ အနေနဲ့ သူတို့ ခေါ်တဲ့ ပွဲတွေကို လက်မှတ်ခ အလကားပဲခေါ်ခေါ် မုန့်ကျွေးမယ်ပဲခေါ်ခေါ် မလိုက်ကြပါနဲ့ လို့။သူငယ်ချင်းတွေ ရှိရင်လဲ တားကြပါ။
လိုက်သွားမိပြီဆိုရင်တော့ တော်တော်များများဟာ member ဝင်ကြရတာ အသေအချာပဲ။အတင်းဆွယ်စရာမလိုအောင် ကို ဝင်ချင်စိတ်တွေ ဖြစ်လာအောင် ကို အခန်းအနားပြင်ဆင်မှုတွေ ရာထူးကြီး upline တွေရဲ့ အောင်မြင်မှုတွေ၊ နိုင်ငံခြားခရီးစဉ်တွေ၊ကာတွေ နဲ့ မြူဆွယ်တာနဲ့ တစ်ခါမှ မလုပ်ဘူးတဲ့သူတွေ အနေနဲ့ တက်ကြွနေပါပီ။သူတို့ သိပ်ပြောစရာမလိုတဲ့ သူက ခပ်များများပါ။
အခုလဲ MLMသမားတွေ ကျွန်တော့ဆီကို လာတယ်။ အလုပ်လုပ်ဖို့်ပြောပါတယ်။
ကျွန်တော်တစ်ချိန်က ပြောခဲ့ဘူးတဲ့ စကားကို သူတို့ ပြန်ပြောနေကျတယ်
ငါတို Network က တစ်ခြား Network နဲ့ မတူဘူးဆိုတာပါပဲ။
ကျွန်တော် တစ်ယောက်နှစ်ယောက်လောက်ကိုတော့ ပြောပြဖူးပါတယ်။ မလုပ်ဖို့ ပေါ့နော်။ ဒါပေမဲ့ အမုန်းခံရတာပဲ အဖက်တင်တယ်ဗျ။ အဲ့ ပွဲတွေကိုသွားပီးသွားပီဆိုရင် ဆေးမရှိတော့ဘူး။ ဘယ်လိုပြောပြော သူတို့ network ကတခြားnetwork နဲ့ မတူးဘူးပဲ။
ကျွန်တော် ထပ်မပြောတော့ပါဘူး။ သတိပဲပေးလိုက်ပါတယ်။ လုပ်မယ်ဆိုလဲ လုပ်ကြည့်ပေါ့ ပညာရေးနဲ့ အိမ်စီးပွားရေးထိခိုက်တဲ့ အထိတော့ မရင်းနဲ့ လို့ပဲပြောလိုက်ရတယ်။သူတို့ အမြင်မှာ ကျွန်တော်က အဆိုးမြင်ဝါးသမားလို့ ကွယ်ရာမှာလဲ အတင်းပြောခံရသေးတယ်လေ။အဲ့နောက်ပိုင်းကို ဘယ်သူ့ ကိုမှသိပ်မပြောဖြစ်တော့ဘူး။
နောက်တစ်ခုက နွေးထွေးချင်ယောင်ဆောင်တဲ့ သူတို့ ရဲ့  ဟန်ဆောင်မှုတွေကိုလဲ တွေ့ ရမှာပါ။ ပြောနေကျ စကားရှိတယ် 2nd Familyဆိုတဲ့စကား။ကျွန်တော်လဲ ပြောခဲ့ဘူးပါတယ်။တကယ်က အလကားပါ။
ကိုယ့်လက်ရှိ သူငယ်ချင်းတွေပါ ဆုံးရှုံးတဲ့ အထိ ဖြစ်သွားတဲ့အထိပါပဲ။
ကျွန်တော့သူငယ်ချင်းတွေကတော့ အဲ့လိုမလုပ်လို့ ကျွန်တော်ကံကောင့်ပါတယ်။ ဒါပေမဲ့ အဲ့ဒါလုပ်တဲ့ကာလတုန်းကတော့ သူငယ်ချင်းတွေ တွေ့ တော့မယ်ဆို ကျွန်တော့ကိုပြောပါတယ်။ အဲ့အလုပ်အကြောင်းပြောမယ်ဆို ငါမလာဘူးလို့ :D
အဆုံးသတ် အနေနဲ့ပြောရရင် ကျွန်တော်လဲ ဒီအလုပ်ကို လုပ်ခဲ့ဘူးတဲ့အတွက် ကျွန်တော့်ကြောင့် အနည်းငယ်သော်လည်းကောင်း များများသော်လည်းကောင်း နစ်နာခဲ့သူလဲ ရှိမှာပါ။ အဲ့အတွက် လဲ တောင်းပန်ပါတယ်။
https://www.facebook.com/groups/myanmarmlmtruth/permalink/524275701098920/
Ye Thiha Aung