Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

MLM တွေ နေဝင်တော့မယ်ပြောတော့ MLM သမားတွေကလှောင်ကောင်းလှောင်လိမ့်မယ်။


MLM တွေ နေဝင်တော့မယ်ပြောတော့ MLM သမားတွေကလှောင်ကောင်းလှောင်လိမ့်မယ်။
ကျေနပ်ချင်မှလည်းကျေနပ်ကြလိမ့်မယ်။
မကျေနပ်လဲ မတတ်နိုင်ဘူး လေ ။
မှိုင်းတိုက်ပြီး အမှန်တရားကို ဖုံးထားတဲ့ ဟာလောက် သောက်မြင့်ကပ်တဲ့ အရာကလည်း ကိုယ့်မှာ မရှိဘူး ။
ဒီတော့ သာမာန်အများသူဌာ နားလည်အောင် ယုတ္တိကျကျ ပြောပြဦးမယ် ။
အချိန်မလွန်ခင်သမားတွေအတွက်ပေါ့ စဉ်းစားလို့ရအောင်ပါ။
Marketing အယူအဆ အရ ဈေးကွက်ရဲ့ သဘောက တချိန်မှာ saturate ဖြစ်ကိုဖြစ်တယ်။
ဓါတုဗေဒသဘောအရ နဲ့ ပမာပေးရရင် ပြည့်ဝပျော်ရည် saturated solution ဖြစ်သွားတဲ့ ပျော်ရည်ထဲ ထပ်ပြီး ဖျော်သွင်း လို့မရတော့သလိုပေါ့ ။ (ဆားတွေအထပ်ထပ်ထည့်ပြီး ဖျော်နေတဲ့ ဖျော်ရည်က ပြည့်ဝသွားရင် ဆားထပ်ထည့်လည်း မပျော်ဝင်တော့သလိုပေါ့)
လူတန်းစားအားလုံးအလှမ်းမမှီတဲ့ အချိန်မှာ အဲ့ ကုန်စည်ဟာတန့်သွားတော့တာပဲ ။
Market ရဲ့ Lifecycle ကို မြင်တတ်ဖို့ လိုတယ် ။
အခု MLMတွေ ပုံစံက Buttom line ကို target မထားတဲ့ Business model ဖြစ်နေလို့ပဲ ။
အရပ်သုံးစကားနှင့်ပြောရရင် လူတကာဝယ်မသုံးနိုင်တဲ့ (သို့) လူ့မလိုင်လွှာသုံး ပစ္စည်တွေ ပဲ ရောင်းချ တဲ့အခါ ဘာဆက်ဖြစ်မလဲ ?။
ရှင်းပါမယ်။
Member ၁ယောက်ကို လက်ရှိမြန်မာနိုင်ငံက MLM တွေ လုပ်နေကျအတိုင်း ၆ယောက်ရှာတဲ့ နှုန်းနဲ့ hierarchy အဆင့်ဆင့် ပွားလာတယ် ဆိုပါတော့ ။
၁-Lv 1
၆- Lv 2
၃၆- Lv 3
၂၁၆- Lv 5
၁၂၉၆- Lv 6...
ဒီတိုင်း member ဦးရေ နှုန်းနဲ့ level တဆင့်ချင်းစီ ခွဲထွက်သွားတယ်ဆိုရင်
Level 12 အရောက်မှာ member ဦးရေက2,176,782,336 ဦး ဖြစ်နေပြီး ကမ္ဘာ့လူဦးရေ ၃ပုံ၁ပုံ နီးနီး ဖြစ်နေပြီ
ဒါဆို MLM က ကမ္ဘာမှာ လူ၃ဦးဆိုရင် ၁ဦး member ဖြစ်ရမယ်လို့ ဖြစ်နေတာ တွေ့နိုင်တာပဲ ။
Level 13 ဆိုရင် 13,060,694,016 နဲ့ ကမ္ဘာ့လူဦးရေ ၂ဆနီးပါး ဖြစ်သွားပြီး အဓိပ္ပာယ်မ မရှိတဲ့ model ဖြစ်သွားပြီး ။
ထပ်ရောင်းချင်ရင် စတုမဟာရာဇ် တို့ တာဝတိံ သာ တို့ တတ်ရောင်း ရမလိုဖြစ်နေပြီ ။ :P
မြန်မာပြည်အနေအထားနဲ့ ပြောရရင်
Level 10မှာmember ဦးရေ သန်း၆၀ ပြည့် သွားပြီ ၊ ဒီတော့
တတိုင်းပြည်လုံး လူတိုင်း ဖြန့်ချိသူတွေဖြစ်ကုန်ပြီ။
ထွေးညိုလည်း MLM, သာဂိလည်းMLM, လမ်းဘေးက ဂွေလှိမ့်နေတဲ့ ဝက်သိုးတို့ ၊ ဂွတိုတို့ လည်း MLM လုပ်ကြတာပေါ့ ။ (ဘယ်သူ့ကိုရောင်းမှာလဲ?)။ လယ်ကွင်းထဲက နွားတွေ ၊ လမ်းဘေးက ဂုတ်ကျားတို့ ၊ အောင်နက်တို့ တွေက တော့ ဝယ် မယ်မထင်ဘူး ။ : P
Level 10 ကြီးကများပါတယ် ။
Level 8 ကို ပဲ သွားကြပါဦးဆို့ ။
Member ဦးရေ 1,679,616 ဖြစ်ပါသည်။
အကြမ်းဖျင်း လူ၁သန်းခွဲ member ဆိုပါတော့ Logic အရ ဖြစ်နိုင်သလိုလိုပဲ ။ ဟုတ်လား?။
ခင်ဗျားတို့ကို ဒုက္ခပေးမှာကလည်း အဲ့သောက်တလွဲ Logic တွေ ပဲ ။ Logic တွေချပြပြီးတော့ စိတ်ကူးနဲ့ ရူးခိုင်းထားတာ ။
ဖြစ်နိုင်ခြေ probability ဆိုတာကိုမေ့နေကြတယ်ဟုတ် ?။
(ဆယ်တန်းစာတွေသင်လာတာနှမျောဖို့ကောင်းလိုက်တာ}
ရိုးရိုးလေး တွေးကြည့် ။
ဆင်းရဲသော ကျွန်တော်တို့ တိုင်းပြည် အတွက်
ခင်ဗျာတို့ကိုပြောခဲ့တဲ့ ဈေးကြီးပြီး Value-added ပစ္စည်းတွေကို ကျန်လူဦးရေ ၁သန်းခွဲက လတိုင်း လတိုင်း ခင်ဗျားတို့ပြောပြောနေတဲ့ အမှတ်တွေ မီဖို့ ၅သိန်းဖိုး ၁၀သိန်းဖိုး ၀ယ်ယူ နိုင်ပါ့မလား? ။
အပေါ်မှာတင် လူတွေ ပိတ်ညပ်နေတော့ အောက်ဆုံး Level တွေမှာ ခင်ဗျားတို့ပေးတဲ့ promotionလည်း ဖြစ်ခွင့်မရ ။ နောက်တစ်ခု Membership မှာ ကုန်ထားသလောက်လည်း အကျိုးအမြတ် မရတဲ့အခါ
Bye Bye Bye Bye ဆိုစွန့်ခွာကြတော့တာပဲ။အဲ့နောက်တော့ ဆက်လက် ပြီးမမိုက်တော့ပဲ လက်ရှိ အရှုံးပမာဏဖြင့်နဲ့ လက်စသတ်ပြီး အခြားလုပ်ငန်းပြောင်းလဲကြတော့တာပဲ ၊
အခုလို investment Business( Stock Market) အစပြုချိန်တွေဆို ပိုဆိုးပေါ့ ။
အဲ့အခါမှ အထက်မှ အဆင့်များက စီနီယာဂျာကြီးတို့ ဂျာကြီးတို့လည်း စိန်ကနေ ကျောက်စရစ်ခဲ အထိ အဆင့်ဆင့် ရာထူးကျ demotion ဖြစ်ကုန်တော့ စိတ်ပျက် ၊
ထွက်လေ-ကျလေ-ကျလေ-ထွက်လေနဲ့ နောက်ဆုံးတော့ MLM စနစ်ပြိုလဲတော့ လေသတည်းပေါ့ကွယ် ။
စီးပွားရေးစကားမှာ ဒါကို Domino Effect လို့ တင်စားပြီးခေါ်တယ်။
တန်းစီပြီး ထောင်ထားတဲ့ ဒိုးဇက်ပြားတွေ တစ်ခုလဲတာနဲ့ အခြား တစ်ခုကို တိုက်ချ လှဲပစ်တတ်ပြီး ဇာတ်သိမ်းတော့တာပါပဲ ။
အဲ့တော့ ပြောချင်တာက MLM က မှိုင်းတိုက်ခံ သင်တန်းလောက်တတ်ပြီး ဆရာလာမလုပ်နဲ့ ။
အပေါ်မှာ ပြောခဲ့တာတွေကို ခြေပပြီး Business Solution ကောင်းကောင်းထုတ်ပြပြီး ဒီ Business မှာ ဘယ်လိုအောင်မြင်နိုင်တယ်ကွ ဆို လာပြော ။
လာပြောတဲ့ သူ လက်အောက်မှာ ပဲ သိန်းလေးဆယ်ဖိုးလောက် ပြစ်ဝင်လိုက်မယ် ။
တစ်သက်လုံး ဘုရားစင်ပေါ် ရုပ်တုထုပြီး သေတဲ့ ထိ ထိုင်ရှိခိုးသွားမယ်။
မရှင်းနိုင်ပဲတော့ ဝှေ့လည်ကြောင်ပတ် လာမငံနဲ့။
https://www.facebook.com/groups/mlmDiscussion/permalink/1813480252230138/
#ThetPaingTun
#JustChallenging