Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

MLM သို့မဟုတ် Multi လဒူ Marketing



MLM သို့မဟုတ် Multi လဒူ Marketing
MLM ရဲ့ success rate ကို ဘယ် MLM မှ မချ
ပြရဲဘူးဆိုတာ အရင်က ဆွေးနွေးထားတာလေးတွေ ဖတ်ကြည့်ရင်သိနိုင်တယ်။ လူ၁၀၀ လုပ်ရင် ဘယ်နှစ်ရာခိုင်နှုန်းအောင်မြင်သလဲ? အောင်မြင်တဲ့သူနဲ့ကျရှုံးတဲ့သူ ဘယ်ဟာပိုများသလဲ? အောင်မြင်တဲ့သူ လက်တစ်ဆုပ်စာကို မေးကြည့် ဒီစနစ်ကြောင့်
အောင်မြင်တာလို့ပြောပြီး ကျရှုံးတဲ့သူတွေကို
ကျတော့ စနစ်ကြောင့် မဟုတ်ဘူး လူ အသုံးမကျလို့ဆိုပြီး လက်ညိုးထိုးကျပြန်တယ်။
ကျွန်တော့အသိတွေထဲမှာ MLM လုပ်တာနှစ်ချို့
နေပြီ ခုချိန်ထိ ဘဝက စုတ်ပြတ်သတ်နေတဲ့သူ
တွေရှိတယ်။ ဒီလိုပဲ MLM ကြောင့် မူရင်းအလုပ်ကို စွန့်ပြီးခါမှ မဟန်တော့လို့ မူရင်းအလုပ်ကို ပြန်လုပ်
နေရတဲ့သူလည်းရှိတယ်။
ဖြစ်စဉ် ၁။ ။
ကျွန်တော် ၁၀ တန်းအောင်ကတည်းက တွဲလာတဲ့သူငယ်ချင်းတစ်ယောက် မြန်မာပြည်ကို Shine Hope စဝင်လာတဲ့အချိန်မှာ သူ စကြိုးစားခဲ့တယ်။ လူမှုဆက်ဆံရေးလည်း အင်မတန်ကောင်းတဲ့သူ။
မှတ်မိသေးတယ် ၁၉၉၈ ဝန်းကျင်လောက်က Shine Hope ကလုပ်တဲ့ workshop တွေတိုင်းမှာသူပါတယ်။ အချိန်ပြည့်တက်ကြွနေတာ။ လက်ထဲမှာလည်း Life style နဲ့ပက်သက်တဲ့ စာအုပ်တစ်အုပ် ကိုင်ပြီး အလွတ်နီးပါးပြောနိုင်တဲ့သူ။ workshop တိုင်းမှာ ဒီသင်တန်းကို တက်ရောက်လာတဲ့အတွက် ဘဝမှာ အားလုံးပြီးပြည့်စုံသွားပါပြီ ဆိုတာက အစချီလို့ ဘယ်လိုကြိုးစားရင် ဒိုင်းမွန်း
ဖြစ်မှာ ၁လကို သိန်း၂၀၀ လောက်ဝင်မှာ ဒါမျိုးတွေနဲ့ဆွယ်တာ။ သူနဲ့လဘက်ရည်ဆိုင်ထိုင်ရင် တခြားကိစ္စမပြောရဘူး ဒီအကြောင်းပဲ ကြားနေရတာ။
ကြာလာတော့ သူ့အနားမှာ အပေါင်းအသင်းရှားလာတယ်.. သူလာရင် ဒါပဲပြောတော့မယ် ဆေးတွေ လဘက်ခြောက်တွေရောင်းတော့မယ် လူရှာခိုင်းတော့မယ်ဆိုတာသိလို့။ တော်တော်တော့ဇွဲကြီးတယ်ပြောရမယ်။ အခု အချိန်ထိ အဲ့မှာလုပ်တုန်း။ သူ့ upline တွေ ပြောတဲ့အတိုင်းသာပြောရရင် Double Diamond လောက်တောင်ဖြစ်သင့်နေပြီ...အနည်းဆုံးတော့ အိမ်ပိုင် ယာပိုင် နဲ့ ကားတစ်စီးလောက်
တော့ပိုင်သင့်နေပြီ..။ ကျွန်တော်ကတော့ သူ့ income ခုချိန်ဘယ်လောက်ရလဲ မေးကြည့်စရာကိုမလိုတော့ဘူး။ နှစ်၂၀ နီးပါး ဒီလောကထဲမှာ ဒါကိုပဲတစိုက်မတ်မတ် လုပ်လာတဲ့ သူတစ်ယောက် ဟာ ဒီအချိန်မှာ လက်တွေ့ကျတဲ့ပိုင်ဆိုင်မှုမျိုးကို ပိုင်ဆိုင်သင့်နေပြီ။ သူကတော့ အိပ်မက်လို့ကောင်းတုန်း...
တရက် မြို့ထဲမှာသူနဲ့တွေ့တယ်။ ကျွန်တော့ကို
တွေ့တော့ အားရဝမ်းသာပဲ ဖက်လှဲတကင်းနှုတ်
ဆက်တယ်...ကျွန်တော့ကို ဘာလုပ်လဲ ဘာညာမေး
တယ်...သူကတော့ ခုထိ အဲ့မှာပဲတဲ့ ကြိုးစားနေပါ
တယ်လို့ပြောတယ်။ member ဝင်ဖို့တော့ မဆွယ်ဘူး...ဆွယ်လို့လည်းမရဘူးဆိုတာ သူသိနေတာကိုး..ဒါနဲ့ပဲ အေးဆေး တစ်ခုခု စားရင်း ပြောရအောင်ကွာဆိုပြီး Tokyo Donut မှာထိုင်ဖြစ်ကြတယ်။
စားသောက်ပြောဆိုပြီးတော့ သူက မြေနီကုန်းဘက် သွားစရာရှိတယ်လို့ပြောပြီး ဟိုဘက်ကားလမ်းက ဘတ်စ်ကားဂိတ်ကို ကူးဖို့လုပ်တော့ ကျွန်တော်
လှမ်းမေးလိုက်တယ် မင်းဘာနဲ့သွားမှာလဲလို့..သူက
လိုင်းကားပဲစီးသွားတော့မယ်တဲ့...ကျွန်တော်နဲ့တော့လမ်းမကြုံပေမယ့် ကျွန်တော်သူ့ကို လိုက်ပို့ပေး
မယ်ပြောပြီး သူသွားချင်တဲ့မြေနီကုန်းကို ကျွန်တော့ကားနဲ့ လိုက်ပို့ပေးခဲ့တယ်။ လမ်းမှာတွေးမိတာက တကယ်လို့သူသာ ကုမ္ပဏီ တစ်ခုခု မှာ သာမာန်ရာထူးတစ်ခုခု နဲ့ နှစ်၂၀လောက် သာ လုပ်ခဲ့ရင် အခုနေဆို ရာထူးတွေတက် လစာတွေတိုးလို့ ကိုယ်ပိုင်ကားလေးတစ်စီးလောက်တော့ပိုင်သင့်နေပြီ...လိုင်းကားစီးတာ ရှက်စရာတော့မဟုတ်ပါဘူး။ ကျွန်တော်လည်း အရင်က စီးခဲ့ရတာပဲ။
ဒါပေမယ့် ဒီလောကထဲဝင်ရင် ဘယ်လိုဘယ်ဝါချမ်းသာမယ်ပြောနေတဲ့လူတစ်ယောက်က လိုင်းကားတိုးစီးနေရတာ ကျတော့ ကျွန်တော် သိပ်ဘဝင်မကျချင်ဘူး။ ဘယ်သူက ယုံမလဲ....သူကိုယ်တိုင် ဘာမှ မှ မပြောင်းလဲနိုင်တာ..သူ့နောက်က ဝင်လာတဲ့သူ
တွေ ရော သူတို့ဘဝတွေကို ပြောင်းလဲနိုင်ပါ့မလား။
ဖြစ်စဉ် ၂။ ။
ကျွန်တော် ငယ်ငယ်က နေတဲ့ရပ်ကွက်ထဲမှာ ရွယ်တူ မိန်းကလေး သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့အမေ က ကျွန်တော်တို့ ငယ်ငယ်လေးထဲက
မုန့်ဟင်းခါးနဲ့ အသုပ်ရောင်းတာ ရပ်ကွက်ထဲမှာတော့ နံမည်ကြီးပဲ။ သူ့အမေဆုံးတော့ သူက ဒီအ
လုပ်ဆက်လုပ်တယ်...။ ပြေလည်ရုံဆိုတာထက်ကို ပိုပါတယ်။ အဒေါ်အပျိုကြီးဆုံးသွားတော့ သိန်း ၁၀၀ လောက်အမွေရလိုက်တယ်လို့ကြားတယ်။ အဲ့အချိန်မှာပဲ ဘယ်သူကဆွယ်လိုက်တယ်မသိပါဘူး အသုပ်ဆိုင်ကို ပိတ်လိုက်တယ် ဆက်မရောင်းတော့ပဲ နဲ့ Unicity ကိုရောက်သွားတယ်။ အမွေလေးကလည်းရထားတော့ ဝတ်တာစားတာကအစ
တောက်တောက်ပြောင်ပြောင် ဖြစ်လာတယ်။
သူကိုယ်တိုင်လည်း အဲ့ကရောင်းတဲ့ဆေးတွေဝယ်
တယ်..ဘန်ကောက်ကို ပထမဆုံး သွားရမယ်လည်းဆိုရော (တကယ်တော့ ကိုယ့်စရိတ်နဲ့ ကိုယ်သွားရတာ) တရပ်ကွက်လုံးကို လိုက်ကြွားတာ..လူကို
လည်း အထက်တန်းလွှာတွေကို ပစ်မှတ်ထားပြီး
စည်းရုံးတယ်...အောင်မြင်လားမအောင်မြင်လား
တော့ မသိဘူး သူ့တွေ့ ရင် အကုန်ထွက်ပြေးရော...ဒီလိုနဲ့ ဘန်ကောက်ကို ၃ ခေါက် ၄ ခေါက်
လောက် Training လား Workshop လား သွားတက်ပြီး သိပ်မကြာဘူး....သူ အသုပ်ဆိုင်လေးပြန်
ဖွင့် လိုက်ရတယ်..ခါတိုင်းလိုလဲ ပြင်ပြင်ဆင်ဆင်
မနေနိုင်တော့ဘူး။ Unicity အကြောင်းလည်း
တခွန်းမှ မဟတော့ဘူး။ သူ့မှာ အဖတ်တင်တာ တစ်ခုတော့ ကျန်ခဲ့တယ်။ သူ့ ယောက်ျား ရုံးသွားရင် ယူသွားတဲ့ Unicity လက်ဆွဲ အိတ်လေး။ လူမှန်နေရာမှန်ပြန်ရောက်သွားပေးမယ့် သူ့ မိတ်ဆွေတွေဆုံး ရှုံးသွားတယ်။
ကျွန်တော့ ကိုယ်တွေ့ မြင်ခဲ့ ရတာတွေ ဒီထက်မက ရှိသေးတယ်။ ဆိုလိုချင်တာက MLM မှာ ဒိတ်ဒိတ်
ကြဲအောင်မြင်တဲ့သူနဲ့ ဒီလို ဖြစ်သွားတဲ့ သူ အချိုးကျကြည့်စေချင်တာ။ ဘယ်ဟာပိုများမယ်ထင်သလဲ။ အမှန်တရားကို ရဲရဲ ဖြေရဲဖို့တော့လိုမယ်။ ဝေ့ လည်ကြောင်ပတ်နဲ့ အစစ်ကို မတွေ့  သေးလို့ပါတို့...လူမှ အသုံးမကျတာတို့ ဓာတ်ပြားဟောင်း
တွေတော့ မပြောကြေး...ရဲရဲဖြေကြည့် အောင်မြင်တဲ့ သူနဲ့ ဘဝပျက်တဲ့သူ ဘယ်ဟာပိုများသလဲ။
Chan Nyein Win
21 August 2016
https://www.facebook.com/groups/mlmDiscussion/permalink/1806320386279458/