Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 8, 2017

MLM / Network Marketing ဟာ Pyramid Schemes ဟုတ်သလား ? မဟုတ်ဘူးလား ?


MLM / Network Marketing ဟာ Pyramid Schemes ဟုတ်သလား ? မဟုတ်ဘူးလား ? ======================= MLM / Network Marketing Companies တွေရဲ့ လုပ်ပုံ လုပ်နည်းတွေဟာ နောက်လူ ဝင်လာလို့ ရလာတဲ့ ငွေကို ရှေ့လူကို ဆုကြေး / အတိုး အနေနဲ့ ပြန်ပေးတဲ့ သာမန် Pyramid Schemes တွေထက်တော့ အဆင့်မြင့်ပါတယ် ။ ဒါပေမယ့် သတိထားဖို့ တစ်ချက်က MLM / Network Marketing Companies တွေကို *Product-based* Pyramid Schemes လို့ ပညာရှင် အချို့ ထောက်ပြထားတာ ရှိပါတယ် ။ သာမန် Pyramid Schemes မျိုးက ဒီ ခေတ်မှာအလုပ် မဖြစ်တော့ဘူးလေ ။ Company တိုင်းဟာ အယောင်ပြလေး ဖြစ်ဖြစ်တော့ Product or Service တစ်ခုခု ပါလာကြတာပဲ ။ အဓိကက MLM/Network Marketing Company တစ်ခုဟာ ပြင်ပ ဈေးကွက်ရောင်းအားထက် Company အတွင်းကွန်ရက် ရောင်းအား ( အသင်းဝင် တွေရဲ့ ဝယ်သုံးအား ) ကို ပို ဦးစားပေးနေရတယ်ဆိုရင် ဒါဟာ Product-based Pyramid Schemes သဘောပါပဲ ။ ကိုယ့် Company or Uplines ကို ကိုယ် သေချာပြန်မေးကြည့်ပါ ။ ပြင်ပ ရောင်းအား ရာခိုင်နှုန်း ဘယ်လောက်ရှိပြီး ကွန်ရက်တွင်း ရောင်းအား ဘယ်လောက်ရှိလဲ ဆိုတာပေါ့ ။ ၁၉၇၄ လောက်က ထွက်တဲ့ Amway ( ကမ္ဘာ့နံပါတ် ၁ MLM Company ) ကို ဆုံးဖြတ်ခဲ့တဲ့ ဖြတ်ထုံးအရတော့ ... MLM အသင်းဝင်တစ်ယောက်မှာ သူ့ရောင်းချမှုကို ဝယ်ယူ အားပေးတဲ့ ပြင်ပဖောက်သည် ၁၀ ယောက် အနည်းဆုံး ရှိသင့်တယ်လို့ ထောက်ပြကြတာရှိပါတယ် ။ ( Amway required each sponsoring distributor to make at least one retail sale to each of 10 different customers each month, known as the 10 customer rule. ) ( Source : https://www.ftc.gov/public-statements/1998/…/pyramid-schemes ) အခုနောက်ပိုင်း ၂၀၁၆ တွင်းမှာ Herbalife ( ကမ္ဘာ့နံပါတ် ၃ MLM Company ) ကို ဆုံးဖြတ်ခဲ့တဲ့ ဖြတ်ထုံးအရတော့ ပြင်ပရောင်းအား ၈၀% ကျော် ရှိဖို့ ထောက်ပြကြပါတယ် ။ ( Companywide, in order to pay compensation to distributors at current levels, at least 80 percent of Herbalife’s product sales must be comprised of sales to legitimate end-users. ) အမေရိကန် Federal Trade Commission က ထောက်ပြထားတာပါ ။ ( Source : https://www.ftc.gov/…/herbalife-will-restructure-its-multi-… ) " ဝင်ငွေမကောင်းတဲ့ ကိုယ်စားလှယ်တွေဟာ ထုတ်ကုန်ကြိုက်လို့ဝယ်သုံးနေရုံသက်သက်ပဲ ။ အလုပ် မလုပ်လို့ ဝင်ငွေမကောင်းတာပါ ... " ဆိုပြီး အောင်မြင်သူ/နစ်နာသူ အချိုးအစားကို အကောင်းဘက်ရောက်အောင် ဆွဲတင်ဖို့ MLM Companies တွေက လုပ်လေ့ရှိတာကြောင့် အဲ့ဒီလို ထုတ်ကုန်ကြိုက်လို့ ဝယ်သုံးသူသက်သက် အနေနဲ့ အသင်းဝင်သူတွေကို သက်သက်ခွဲထုတ်ပြီး ဘာ အကျိုးခံစားခွင့်မှ မပေးဖို့လည်း US FTC က ထောက်ပြထားပါတယ် ။ အကျိုးခံစားခွင့် လိုချင်ရင် ကိုယ်စားလှယ်အနေနဲ့ သီးသန့် အသင်းဝင် ၊ ထုတ်ကုန်ကို လျှော့ဈေးနဲ့ သုံးချင်ရုံပဲ ဆိုရင် စားသုံးသူ အနေနဲ့ အသင်းဝင်ဖို့ အမေရိကန် FTC က Guidelines ပေးထားပါတယ် ။ The company will now differentiate between participants who join simply to buy products at a discount and those who join the business opportunity. “Discount buyers” will not be eligible to sell product or earn rewards. ( Source : https://www.ftc.gov/…/herbalife-will-restructure-its-multi-… ) ဒီ အချက်တွေကို ထောက်ရှုပြီးတော့ .... MLM Company တစ်ခုဟာ ကွန်ရက်ပြင်ပရောင်းအား အနည်းဆုံး ၇၀% မှ မရှိရင် ကျွန်တော်တို့ကတော့ ဒါဟာ Product-based Pyramid Schemes လို့ပဲ သတ်မှတ်ပါတယ် ။ ဒီတော့ MLM သမားတွေ အနေနဲ့ ကိုယ့် MLM/Network Marketing Company ဟာ မဟုတ်ပါဘူးလို့ သက်သေပြချင်ရင် အဲ့ဒီ အချက်လေးကို အတိအကျ အထောက်အထားနဲ့ သက်သေပြပေးနိုင်ပါတယ်ဗျာ ။ လေးစားလျက် #ကိုဇင်ဇေ #AntiMLM #AntiPyramidSchemes