Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

လက်ရှိ မြန်မာနိုင်ငံတွင် MLM / Network Marketing ( ဆင့်ပွား/ကွန်ရက် ဈေးကွက်ထိုးဖောက်ခြင်း ) လုပ်ငန်းများကြောင့် ဖြစ်ပေါ်နေသော နစ်နာဆုံးရှုံးမှုများကို လျှော့ချ ထိန်းချုပ်ကာကွယ်လိုသော မိတ်ဆွေများ ခင်ဗျား ....


လက်ရှိ မြန်မာနိုင်ငံတွင် MLM / Network Marketing
( ဆင့်ပွား/ကွန်ရက် ဈေးကွက်ထိုးဖောက်ခြင်း )
လုပ်ငန်းများကြောင့် ဖြစ်ပေါ်နေသော နစ်နာဆုံးရှုံးမှုများကို
လျှော့ချ ထိန်းချုပ်ကာကွယ်လိုသော မိတ်ဆွေများ ခင်ဗျား ....
မိမိပတ်ဝန်းကျင်မှာ
ဒီ အချက်အလက်လေးတွေကို နီးစပ်ရာ ကို စပြီး ကောက်ပေးထားကြပါ ခင်ဗျာ ။
ပြီးရင် ကျွန်တော့် ဆီ ပြန်ပို့ပေးပါ ။
ဒီ အချက်အလက်တွေကို ကျွန်တော်နဲ့ သက်ဆိုင်ရာ လူကြီးတွေ ၊ အာဏာပိုင်တွေကလွဲလို့
ဘယ်သူ့ကိုမှ မပေး ၊ မပြပါဘူး ။ စိတ်ချ လက်ချ ဖြည့်ပေးပါ ။
" MLM Companies များကြောင့် နစ်နာဆုံးရှုံးရသူများ စာရင်း ( ---- ရွာ ၊ နယ် ၊ ရပ်ကွက် ၊ မြို့နယ် ၊ မြို့ ) "
၁။ စဉ်
၂။ နာမည်
၃။ မှတ်ပုံတင်
၎။ ဆက်သွယ်ရန် ဖုန်း
၅။ MLM Company နာမည်
၆။ ဆုံးရှုံးငွေ ပမာဏ
၇။ လက်မှတ်
လေးစားလျက်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
ပေးပို့ရန် :
၁။ https://www.facebook.com/AntiMlmMyanmar/ <<< Message Box သို့
၂။ myanmarmlmtruth@gmail.com သို့
Facebook Group :
https://www.facebook.com/groups/myanmarmlmtruth/ <<<
MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
========
မိမိ ကိုယ်တိုင် နစ်နာခဲ့ဖူးသူ ဖြစ်ပါက
အောက်ပါ မေးခွန်းများကို ဖြေဆိုပေးပို့ နိုင်ပါတယ် ခင်ဗျာ ။
>>>
၁။ နာမည် ၊ နေရပ် နဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ် လေး ပြောပြပေးပါ ။ ( လျို့ဝှက်ထားပေးမှာပါ ။ )
၂။ ဘယ် MLM Company မှာ လုပ်ခဲ့တာလဲ ?
၃။ ဘယ်လို စည်းရုံးခံလိုက်ရတာလဲ ?
၎။ ဘယ်လောက် ကြာအောင် လုပ်ဖြစ်ခဲ့လဲ ?
၅။ ငွေကြေး ဘယ်လောက် ဖိုး ရင်းလိုက်ရလဲ ? ဘယ်လောက် ပြန်ရလဲ ?
၆။ ကိုယ့် ကွန်ရက်ထဲမှာ / ကိုယ့်အောက်မှာ လူ ဘယ်နှယောက်လောက် ( ခန့်မှန်းခြေ ) ရှိခဲ့လဲ ?
၇။ MLM က ထုတ်ကုန်တွေကို ကိုယ်တိုင်ရော သုံးလိုက်ရသေးလား?
ပေးရတဲ့ ဈေးနဲ့ ပြန်ရတဲ့ ထုတ်ကုန်အရည်အသွေး ထိုက်တန်တယ်လို့ ထင်လား ?
၈။ အချိန် ( ခန့်မှန်းခြေ ) ဘယ်လောက် ပေးလိုက်ရလဲ ?
၉။ အခြား ဆုံးရှုံးမှု ( လူမှုရေး ၊ ပညာရေး ) ဘာတွေ ရှိသေးလဲ ?
၁၀။ MLM မှာ မကြိုက်ဆုံး အချက် ဘာရှိလဲ ? ကြိုက်မိတာရော ဘာရှိလဲ ?
၁၁။ MLM ကို စိတ်ဝင်စားပြီး ဝင်လုပ်ချင်တဲ့လူတွေ ၊ လုပ်နေသူတွေကို
ဘာ အသိပေးချင်လဲ ?