Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, February 12, 2017

MLM မကောင်းဘူးပြောနေတဲ့သူတွေက မစားရတဲ့ဥ ခဲနဲ့ထုသူတွေပါ .. :-P


MLM မကောင်းဘူးပြောနေတဲ့သူတွေက မစားရတဲ့ဥ ခဲနဲ့ထုသူတွေပါ ..
MLM ကြောင့် အရပ်ရပ်အနယ်နယ်မှာ ချမ်းသာသွားတဲ့သူတွေတပုံကြီးပါ ..
ကျနော်တို့နိုင်ငံမှာ MLM ဟာ ဟိုးရှေးရှေးကတည်းက
ထွန်းကားခဲ့တာပါ ..
...
မင်းတုန်းမင်းကြီးလက်ထက်မှာ နန်းတွင်းသုံးဆေးတချို့ကို
MLM စနစ် (အဲ့တုန်းကတော့ ဆင့်ပွားရောင်းနည်း လို့ သုံးပါတယ်) နဲ့
တရုတ်ပြည်ကနေ သွင်းခဲ့တာပါ။
အဲ့တုန်းက မန်ဘာခေါင်းဆောင် သူဌေးကြီးဦးပုဟာ
နန်းတွင်း အသိအမှတ်ပြု ရွှေစလွယ်ဆုကို ရခဲ့ပါတယ်။
(အဲ့ခေတ်ကတော့ မန်ဘာခေါင်းဆောင်ကို
''အဖွဲ့တော်အုပ်'' လို့ သုံးနှုန်းပါတယ်)
မယုံရင် မှန်နန်းရာဇ၀င် စတုတ္ထတွဲ စာမျက်နှာ ၅၅ ကို ကြည့်လို့ရပါတယ် ..
...
ကိုလိုနီခေတ်မှာလည်း ဘိလပ်ကနေ MLM စနစ်နဲ့ သွင်းခဲ့ပါတယ် ..
ဂျူဗလီဟောမျက်စောင်းထိုးမှာရှိတဲ့ ကာကာကြီးဆေးတိုက်ကနေတဆင့်
ဖြန့်ချိခဲ့တာပါ .. အဲ့တုန်းကဆို ဘုရင်ခံကိုယ်တိုင်မန်ဘာဝင်ခဲ့တာပါ ..
မယုံရင် အဲ့ဒီခေတ်ကိုမီခဲ့တဲ့ လူကြီးသူမတွေကို မေးကြည့်နိုင်ပါတယ် ..
...
ဖဆပလခေတ်ကနေ ပြည်သူပိုင်မသိမ်းခင်အထိလည်း
''Ba Kaung and wives'' ဆိုတဲ့ ကုမ္ပဏီကနေ MLM စနစ်နဲ့
ဖြန့်ခဲ့ပါတယ် .. ရန်ကုန်မြို့ ကျိုက္ကဆံကွင်းက ဈေးပွဲတော်ကို
ရောက်ဖူးတဲ့သူတွေဆိုရင်
တောင်ဘက်အပေါက် ၀င်ဝင်ချင်း ၃ဆိုင်မြောက်ဆိုတာနဲ့
အစွမ်းထက်တဲ့ ဆေးတွေရောင်းတဲ့ MLM ဆိုင်ဆိုတာ သိပါလိမ့်မယ် ...
...
ခုလည်း ဈေးကွက်စီးပွားရေးခေတ်မှာ
ကျနော်တို့နိုင်ငံ အများနဲ့တန်းတူ ရင်ပေါင်တန်းနိုင်အောင်
ဒီစနစ်ကို ပြန်အသက်သွင်းနေတာပါ ...
ကုသိုလ်လည်းရ ဗိုက်လည်းကား လုပ်ငန်းပါ ..
ပရဟိတအလုပ်ဆိုလည်း မှန်ပါတယ် ...
ဒါကြောင့်မို့ ဒီနှစ် နိုဘယ်ဆုအတွက်
ဆန်ကာတင် စာရင်းတောင် ၀င်မယ်လို့ ကြားမိပါတယ် ..
...
ခုလည်း WHO အပြင် ISO ရထားပါတယ် ..
FDA အပြင် FBI, FIFA, UEFA တို့ကတောင် အသိအမှတ်ပြုထားပါတယ် ..
MLM စနစ်အောင်မြင်အောင် ၀န်းရံကြပါစို့ ..
#မသိသူကျော်သွားသိသူလျက်ဆား