Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

Mlm product များ ကိုစစ်ဆေးဖို့


ကျွန်တော် အကြံတစ်ခုပေးပါ့မယ်
လက်သိပ်ထိုးပြီး online ဖြစ်စေ offline ဖြစ်စေ ဆေးတစ်ခုခု (ဘာရောဂါ ညာရောဂါ သက်သာ ပျောက်ကင်းတယ)်လို့ ပြောလာရင် ကိုယ်ကိုယ်တိုင်လည်း စမ်းသုံးကြည့်ချင်တယ်ဆိုရင်
၁ အဲဒီဆေးရဲ့ Myanmar reg no. တောင်းကြည့်ပါ Myanmar reg no. ဆိုတာ က R1204A1234 ဆိုသလို ဂဏန်း ၄ လုံး အလယ်မှာ A သို့မဟုတ် AA နောက်မှာ ကဏန်း ၃ လုံးသို့ ၄ လုံး ပါပါတယ် ရှေ့မှာ R ပါတာရှိသလို မပါတာ ရှိပါတယ် အသေးစိတ် မရှင်းတော့ပါ အဲဒါမပါရင် ဆေးအဖြစ် မှတ်ပုံတင်ထားတာမဟုတ်ပါ
၂ ဆေးအဖြစ် မှတ်ပုံ မတင်သော်လည်း အစားအသောက် (ဖြည့်စွက်စာ)အဖြစ် မှတ်ပုံတင်ထားတာမျိုးရှိပါတယ် အဲဒါအတွက် သီးခြား မှတ်ပုံတင်အမှတ်မရှိပါ
၃ အရေးကြီးပါတယ် မိတ်ဆွေများက သုံးချင်တယ်ဆိုရင် အဲဒါတွေကို တောင်းကြည့်ပါ ပြရမယ့် တာဝန်က ရောင်းသူမှာ တာဝန်ရှိပါတယ်
၎ ဝေ့လည်ရှောင်ပတ်လုပ်ရင် မယုံပါနဲ့တော့
၅ ပြနိုင်တာဆိုရင် ထပ်စီစစ်စရာက ဆေးလား အစားလား သူပြတဲ့ အထောက်အထားကိုကြည့်ပါ ဆေးမို့ ဆေးလိုရောင်းတာဆိုရင် ချင့်ဆပြီးသုံးပါ ဈေးကြီးလို့ပါ
၆ အစားအသောက်အနေနဲ့ ထောက်ခံပေးထားတာကို ဆေးလို ရောင်းနေတာဆိုရင် မိတ်ဆွေများ သတိထားပါတော့ ၉၆ပါးပျောက်ဆေးမရှိပါ သူညာနေပြီ
၇ ဘာထောက်ခံချက်မှ မပါဘူးလား မဝယ်ပါနဲ့
၈ ပြန်ရောင်းဖို့ ဝယ်မှာလား သူငယ်ချင်းနှစ်ယာက်ရဲ့ကိုယ်တွေ့ ကျွန်တော် လွတ်သွားတဲ့ Bel Air ဖြစ်ရပ်ဆန်းကြီးကို ရေးပြပါ့မယ်
ကြိုက်သလောက်ရှယ် ရှယ်ချင်သလ်ုရှယ်