Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

MLM ကုမ္မဏီ Qnet ရဲ့ ဆိုးသတင်းနောက်တစ်ခု





MLM ကုမ္မဏီ Qnet ရဲ့ ဆိုးသတင်းနောက်တစ်ခု
Admin..တင်ခွင့်ပြုပါခင်ဗျာ
ကျွန်တော်ကကျောင်းတက်ရင်း အလုပ်လုပ်ပါတယ်.တနေ့မှာမထင်မှတ်ဘဲအပေါင်းသင်းတယောက်က မင်းဝန်ထမ်းဘဝနဲ့သာလုပ်နေရင် ချမ်းသာတော့မည်မဟုတ်ကြောင်း သူအခုအရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့စီးပွားရေးတခု လုပ်နေကြောင်းပြောပါတယ်.ကျွန်တော်က ဘာစီးပွားရေးလဲပြောတော့ ရုံးကိုလိုက်ခဲ့လို့ဇွတ်ခေါ်ပါတယ်..ရုံးရောက်တော့ လူတယောက်နဲ့မိတ်ဆက်ပေးပါတယ်.ဒီလူက သူတို့companyမှာအရမ်းကိုတော်ကြောင်း..သူကလဲအရင်က ဝန်ထမ်းဘဝကို စိတ်ကုန်ပြီးဒီအလုပ်လုပ်တာ..အခု ၁ပတ်ကို ဒေါ်လာ ၁၀၀၀ ရနေကြောင်း အရမ်းကိုအောင်မြင်တဲ့လူလို့ပြောပြီး မိတ်ဆက်ပါတယ် .အဲလူက လုပ်ငန်းကြောင်းတွေရှငတပတ်ကို ဒေါ်လာ ၂၀၀ မြန်မာေ ၂၀၀၀၀၀ရမယ်ပေါ့.တလဆို ၈၀၀၀၀၀ရမယ် နဲ့ပြောပြီးဆွယ်ပါတယ်..သူကအရင်းနှီးက ဒေါ်လာ ၈၀၀ မြန်မာငွေနဲ့ဆို.၈၅၄၀၀၀ နဲ့ဝင်ရမယ်ပြောပါတယ်..ကျွန်တော့မှာအဲလောက်ငွေအမောက်မရှိဘူးပြောတော့ သူက..ကျောင်းမှာရော အလုပ်မှာသူငယ်ချင်း .ဆွေမျိုး အယောက် ၈၀လောက် မရှိဘူးလားပေါ့.စာရင်းတွေချရေးပီး တယောက်၁၀၀၀၀နှုံးချေးခိုင်းပါတယ်. တလနေရင် ကျေတယ်ပေါ့အဲလိုအခွင့်ရေးလက်မလွတ်နဲ့ တသက်မှာတခါဘဲရင်းရတာ လို့ဆွယ်ပါတယ်
အဲဒါနဲ့ ကျွန်တော့ကို ပိုက်ဆံချေးတယ် အပြင်ကသူငယ်ချင်းတွေကလဲ အတိုးနဲ့ လိုက်ချေးပေးတယ်လေ..ုပြည့်သွားတယ်..အဲကြားထဲမှာ phတဂွန်ဂွမ် ဆက်ပီးပေးပါတယ်..နေရာဦးထားပေးတယ်ဆိုတဲ့အကြောင်း..ကျွန်တော်လဲစာချုပ်ချုပ်ပီး လုပ်ခဲ့ပါတယ်.အဲချိန်မှာတော့ လှိုက်၂လှဲ၂လှဲ အလုပ်ဝင်ပီးတလ မှာဘဲဒုက္ခစရောက်ပါတယ်.ပိုက်ဆံကမရ..သူတို့ကအပေါ်က applyတွေက လူခေါ်လူခေါ်နဲ့ပြောပါတယ်.မျက်နှာထားတွေက.တမျိုး..အလုပ်လုပ်တုန်းက ချေးယူထားတဲ့ကြွေးတွေက မဆပ်နိုင်..စိတ်တွေအတော်ညစ်ခဲ့ရပါတယ်..အခုထိလဲကျွန်တော် မှာ ကျောင်းတက်ရမယ့်ပိုက်ဆံလေးတွေ စုပီးအကြွေးဆပ်နေရပါတယ်.အလုပ်လုပ်ရတဲ့ လစာနဲ့ အကြွေးဆပ်တာ အတိုးဆပ်တာနဲ့. ၁လ ၁လ ခေါက်ဆွဲထုတ်တွေ စား.ထမင်းဖြူလေးစားပီး..ကျောင်းတောင်မတက်နိုင်တော့ပါဘူးဗျာ..ကို့အပစ်နဲ့ကို ဆိုတော့အိမ်ကိုလဲမပြောရဲဘူး.ကျိတ်ပီးဖြေရှင်းနေရတယ်..ကျွန်တော်လို ဘယ်ကျောင်းသူကျောင်းသားမှ မယုံ ဖို့ တိုက်တွန်းပါတယ်..ကျွန်တော့်မှာ အထောက်ထားတွေအများကြီးရှိပါတယ်..Q net က လူတွေက လူလိမ်တွေချည်းပါ..
မူရင်းလင့်>>> https://m.facebook.com/groups/316936385337778…
အညာသားလေး(KPG)
ကျနော့်ကိုယ့်တွေ့တစ်ခုပြေပါရစေ
ကျနော့်အမ ဝမ်းကွဲလည်း ကျနော့်ကို လာဆွယ်ဖူးပါ
မြန်မာပြည်ပြန်ရောက်ရင် အရင့်သင့်ဝင်ရောက်လုပ်ကိုင်နိုင်အောင် အမ က နေရာယူထားပေးမို့ပါ ဆိုပြီးပြောဖူးပါတယ်