Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

MLM သမားတွေ ဖြန့်ချီနေတဲ့ S4P နာနိုဆေးတောင့်နဲ့ မီးလုံး


MLM သမားတွေ ဖြန့်ချီနေတဲ့ S4P နာနိုဆေးတောင့်နဲ့ မီးလုံး
==============================
S4P နာနိုဆေးတောင့်နဲ့ မီးလုံး
ရေထဲကို နာနိုအမှုန့်ဖျော်ထည့်ပြီး မီးထွန်းပြတဲ့ vdo ဖိုင်ကြည့်ပြီး ကျွန်တော်အတော်လေးထူးဆန်းသွားပါတယ်။
ဟာ တကယ်မီးလင်းတာပဲ ဆိုတဲ့အချိန်မှာ videoထဲပါတဲ့ လူက အော်ဂဲနစ်မို့မီးလင်းတာ အော်ဂဲနစ်မဟုတ်မီးမလင်းဘူးဆိုတော့ တခုခုလွဲပြီ ဆိုတာ ကျွန်တော် တွေးမိလာတယ်။
နောက်တခုက အပင်အတွက် အရေးကြီးတဲ့ ဓာတ်၁၀မျိုးကြောင့် မီးလင်းတယ်တဲ့။
အဲဒီမှာတင် ကျွန်တော် မကောင်းတဲ့အကျင့်ပြောမလားမသိဘူး အလုပ်တွေရဲ့ဖြစ်စဉ်အတိုင်း စဉ်းစားမိလာတော့
ဘက်ထရီအိုးကိုသတိရလာကနေစပြီး လျပ်စီးပျော်ဝင်မှုဟာ ဆားဂုဏ်သိတ္တိရှိတဲ့ရေလို့သတိရလာတယ်။
ဆိုဒီယမ်ကလိုရိုဒ်ဆားပျော်ရေကနေ လျပ်စီတမျိုးထွက်ပြီး မီးလင်းတာ ကျနော် ငယ်ငယ်တုန်းက ဆော့ဘူးတယ်ဗျ။
youtubeက လက်တွေ့လုပ်နည်းနဲ့ကြည့်ကြတာပေါ့။
ရေသန့် တဗူး ခွက်၃ခု မီးသီးနဲ့ ဝါယာ ကြေးပြား ၂ခု
အလူမီယမ်ပြား ၂ခုပဲလိုပါတယ်။
တပ်ဆင်နည်း ပြုလုပ်ပုံအဆင့်ဆင့်က video ထဲက အတိုင်းလုပ်ရုံပါပဲ။
၈တန်းကျောင်းသားတောင် လုပ်လို့ရပါတယ်။
ဒီတော့ဗျာ S4P နာနိုဆေးတောင့်မှ မီးလင်းတာလား။
ကျွန်တော်တင်ပေးတဲ့ ဗီဒီယို အရဆိုရင် အော်ဂဲနစ် ပစ္စည်းဟုတ်မဟုတ် မငြင်းလိုပေမယ့် ဆားဂုဏ်သိတ္တိပါနေပြီဆိုတာ ငြင်းမရပါဘူး။
အပင်တွေမှာ ဆားဒဏ်ခံနိုင်တဲ့ အပင်ရှိသလို ဆားဒဏ်မခံတဲ့အပင်တွေလဲရှိတတ်ပါတယ်။
နောက်တချက်က အပင် မြေကြီးတွေမှာ ဆားဂုဏ်သိတ္တိဓာတ်ကြွင်းများမှာကို အထူးဂရုစိုက်ရပါတယ်။
ပေါင်းသတ်ဆေးဖျန်းပြီး ဓာတ်ကြွင်းကြောင့်
မြေဆီတွေပျက်
ဆားတွေပေါက်တတ် အပင်ငယ်ပင်တွေ သေကုန်တတ်
မြေတွေအက်ပြသနာတွေရှိတတ်ပါတယ်။
ဒါက အသိပေးတာပါ။
နာနိုမှာ ဆားပါတယ်ဆိုရင် အသုံးများလို့ဖြစ်လာမယ့်ပြသနာပေါ့ဗျာ။
နောက်တချက်က နာနိုကြောင့်မီးလင်းမှုဟာ
အပင်နဲ့ တိုက်ရိုက်မပတ်သက်ပါဘူး။
electron တွေနိယာမအတိုင်း လျပ်ကူးမှုတွေနဲ့
အပင်တွေ အဟာရစုပ်ယူမှုအပိုင်းကို သွားတာတော့ရှိပါတယ်။
ဒီအကြောင်းအပြည့်စုံကိုတော့ နောက်မှသီးသန့်တင်ပါ့မယ်။
ဒီတော့ဗျာ မျက်လှည့်ဆန်ဆန် နာနိုကောင်းကြောင်း မီးထွန်းပြပြီး
လူရှေ့ပြနေတာထက် တကယ် စမ်းသပ်မှုကြောင့် ဘယ်လောက်ထွက်ခဲ့တယ် ကုန်ကျစရိတ် ဘယ်လောက်လျော့နိုင်တယ်။
ဘာတွေ သိသိသာသာ သက်သာလာတယ် ဆိုတဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေနဲ့ တင်ပြတာက လက်တွေ့ပိုကျပါလိမ့်မယ်။
အပင်အတွက် အရေးကြီးတဲ့ ဒြပ်စပ် တွေ နာနိုမှာပါပြီး အော်ဂဲနစ်စစ်လို့ မီးလင်းရတယ်ဆိုရင် ငါးအမိုနိုတွေ EMဖျော်ရည်တွေ သစ်သီးစိမ်ရည်တွေဟာ ကိုယ်တိုင်လုပ်တဲ့ အော်ဂဲနစ်ဖျော်ရည်စစ်စစ်တွေလေ။
မီးလင်းမလင်းစမ်းကြည့်ပါလား။
ဒီလိုပုံစံတွေနဲ့ တောင်သူတွေကို အမှားသတင်းတွေ မဖြန့်စေချင်လို့ပါ။
Khant Zaw Htet
ACOM