Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, February 12, 2017

ကျတော်နှင့်mlm( unicity)


Image may contain: bird










ကျတော်နှင့်mlm( unicity)
unicityကိုစသိတာ ၆လပိုင်းကပေါ့ သူငယ်ချင်းတယောက်ကလာမိတ်ဆက်တာပါ သူကလည်း တအားတော်ပါတယ် လစဉ်သိန်း၃၀ဝင်မယ်တဲ့ သူလည်းဒါပဲသိတယ်တဲ့ ခက်ကောပေါ့ ကျတော်မေးသမျ သူလည်းမသိဘူးတဲ့
မင်းသိချင်တယ်ဆို သေချာရှင်းပြနိုင်တဲ့သူဆီ ခေါ်သွားပေးမယ်တဲ့ ကျတော်လည်းသိချင် စပ်စုချင်တာနဲ့ လိုက်မယ်ပေါ့
အာ့နဲ့မြေနီကုန်းcity markနောက်ဖက်နားက
အားမန်ဦးcompanyမှာဖွင့်ထားတဲ့ unicity office
ထဲခေါ်သွားပါတယ် သူငယ်ချင်းက မိတ်ဆက်ပေးတယ် သူ့uplineနဲ့( )
အဲ့မှာ စတော့တာပဲ upline ဆိုတာကမေးတယ်
မင်းလက်ရှိ အလုပ်က ဘာလည်း ဘယ်လောက်ဝင်နေလည်း ခုဝင်ငွေနဲ့ကော ချမ်းသာနိုင်ပါ့မလား ငွေ အချိန် ကျန်းမာရေးပေါ့ဗျာ
အာ့နဲ့ သူတို့နဲ့ လာလက်တွဲရင် ၁၀သိန်းရင်းရမယ်
ပီးတော့ လစဉ် လစဉ် သိန်း ၃၀ကနေ ၆၀ ထိဝင်နေဖို့
systemတွေ planတွေနဲ့ တွက်ပြပီး တာဝန်ယူပါတယ်တဲ့
စဉ်းစားကြည့်ပေါ့ ကျတော်က ဝန်ထမ်းလေ တလ ဝင်ငွေ ၃သိန်းလောက်ပဲရှိတာ ၃၀လောက်ဝင်မယ် ပြောတော့ လိုချင်တာပေါ့ ကျတော်သည် ငါးစာပဲမြင်ပီး
ငါးမြှားချိတ် မမြင်အောင် စုံလုံးကမ်းပီပေါ့
အဆွယ်တရားကလည်းကောင်း လိုက်တာ ခုထိ အလွတ်ရဆဲ ပီးတော့ ထပ်ပြောသေးတယ် ဒီစီးပွားရေးက ငွေဆယ်သိန်းရှိရင် ရပီတဲ့ မည်သူမဆို ပူးပေါင်းလို့ ရတယ်တဲ့ တော်စရာ တတ်စရာ လုံးဝမလို
ဝလုံး ဆွဲတတ်ရင်ရပီ အောင်မြင်ပီ so so easyတဲ့
သူကတော့ ခုဆို လစဉ် ၄၀လောက်ရနေတယ်ပေါ့တဲ့
သူ့လိုငွေလိုချင်ရင် သူလုပ်သလို လ်ုက်လုပ်ပါတဲ့( နောက်မှသိရတယ် သူလည်း pdလိုချင်လို့ ကားတစီးရောင်းပီးး အမှတ်ထိန်းးသတဲ့နောက်လတွေ pdဆက်မဖြစ်ဘူး
pd 1နဲ့ တစ်နေလေရဲ့)
ဒီစီးပွားရေးဟာcopyလုပ်တတ်ရင်က်ု အောင်မြင်ပီမှတ်တဲ့ ဟယ်! တယ်လွယ် ပါးလားဟယ်
ဆိုပီး မန်ဘာဝင်တာပေါ့ ဝင်ကြေးက ၁၉၅၀၀
စာအုပ်တေ dreambookတေ ညီညီနိုင်စာအုပ်တေ ဝယ်လိုက်တာ ၅၀၀၀၀လောက်ကုန်သွားတယ်
အာ့နဲ့ မပီးသေးဘူး သူတို့ရဲ့ pdဆိုတဲ့ ရာထူးရှိတဲ့သူနဲ့
မိတ်ဆက်ပေးအူးမယ်ဆိုပီး ပြောတယ် ချိန်းကြပြန်တယ်
home meetingလုပ်ဖို့ umfcciမျက်စောင်းထိုးက
pdအိမ်ကို ခေါ်ပါလေရော
ဒီငနဲကလည်း ရောင်လည်လည်နဲ့သွားတာပေါ့
သိန်း၃၀ဆိုတာ တကယ်လား ဘာလားပေါ့ ကဲ pdနဲ့ မိတ်ဆက်ပေးပါတယ် ဒါ downline အသစ်ပါတဲ့
အာ့နဲ့ pdကပြန်မေးတယ် ဗျ မင်း ခုလက်ရှိဘဝကို
ပြောင်းပြန်လှန်ပေးနိုင်တဲ့ဝင်ငွေမျိုး မင်းအိမ်မက်တေ အ
ကောင်ထည် ဖော်နိုင်တဲ့ဝင်ငွေမျိုး မင်းလိုချင်လားတဲ့
အော် ဘောဘသား လူလေ လိုချင်တာပေါ့ လို့ ပြောလိုက်တယ် pdကြီးက ပြန်ပြောတယ် ဒါဆိုမင်း
ဒိုင်းမွန်းပဲတဲ့ ဒီတော့ ၁၀သိန်းဆိုဒ်ကိုရွေးပါတဲ့
နောက်ထပ်လုပ်ရမှာက အရမ်းလွယ်တယ်တဲ့ copy
ပဲလုပ်ရမယ်တဲ့ လေသံတေက တထပ်ထဲ
မင်း uplineက ခုန်ရင် လိုက်ခုန် ကရင် လိုက်သာကတဲ့
ပြောတာက သူတို့လုပ်သမျ လိုက်ပီး လုပ်ပေါ့ဗျာ
အဲ့သလောက်တောင် လွယ်လားဟင်! လို့ မေးတော့
သိပ်ကိုလွယ်တာပေါ့တဲ့ လွယ်လွန်းလို့ လူတိုင်းမလုပ်ကြတာ နော်တဲ့ အမလေးး ငါများ ကံကောင်း လိုက်တာနော် သူဌေးလောင်းလေးငါပါလား
ဆိုပီး ပျော်လိုက်တာများ လာမိတ်ဆက်တဲ့ သူငယ်ချင်းကို နင်စောစော လာပြောပါလား ခုတော့ နောက်ကျကုန်ပီ
လို့တောင် အပြစ်တင် သေးတာနော်
အာ့နဲ့ အလုံးဆွဲနည်းသင်ပီလေ structure ပေါ့
ကျတော့ရဲ့ old budinessက auditလေ အတွက်က လာထား ပေါ့ တနေ့ တနေ့ဆွဲလိုက်ရတဲ့ အလုံး
ငယ်ငယ်တုန်းက မလှတဲ့ ဝလုံး mlm လုပ်မှ ဝိုင်းသွားတော့တယ် ပထမလ emရာထူးနဲ့ ၅သိန်းကျော်ပြန်ရတယ် ဗျ ကျတော်ရင်းလိုက်တာ ၁၀သိန်း ပြန်ရတာ၅သိန်း ဆေး လက်ကျန် တန်ဖိုးတွေနဲ့ တွက်လိုက်တော့ မရှုံးသေးဘူး ဆေးတွေငါသောက်မယ်
ဖေဖေ့ကို တိုက်မယ်ပေါ့
အဲ့မှာ စပြောရတော့မယ် လကုန်တော့ ငွေထွက်ပီတဲ့
officeကို ပြေးယူတာပေါ့ ကြည့်လိုက်တော့ cheque
လက်မှတ်ကြီးနဲ့ ဘတ်ငွေ ဘာမှ မလုပ်တတ်ပြန်ဘူး
chequeတရွက်နဲ့ရောင်ပေပေ ဖြစ်နေပီလေ စားစရာပိုက်ဆံက မရှိ ဒီလက်မှတ်ပဲ ကြော်စားရမလိုလို
ပေါင်လ်ု့ကလည်းမရ ဘာမှမလုပ်တတ်တော့ uplineဆီပြေးပေါ့ uplineကလည်း ဝမ်းသာအားရ
ပြန်ပြောတယ် ငါ တို့တုန်းကလည်း အဲ့လ်ုဘဲတဲ့
ငင်! ပြောပြောက စောပါလား ဆိုတော့ အချိန်တန်တော့
သိရတာပဲမလားတဲ့ ဒါတေက ပြသနာမဟုတ်ဘူး တောင့် ခံတဲ့ ပြသနာလို့ ယူဆရင် မင်းနစ်နာ ကျရှုံးရလိမ့်မယ်တဲ့ ဒါက ပါးပါးလေးပါတဲ့(နောက်မှထူထူတွေလာတာ ဗျ )
ကျတော်ကလည်း okပေါ့ ဒါဆိုဘာဆက်လုပ်ရမလည်းပေါ့ ၄သိန်းဖိုးလစဉ် အမှတ်ထိန်း ရာထူးက ဘယ်လိုယူပေါ့ သူတို့သိသမျ copyပေးတော့တာပဲ သွားလိုက်ရတဲ့ Home meeting opp /sopp/ ikash /to be dr /ups/
upr/eagle/ passion to wealth ရှိသမျ ကုန်ရောတက်လိုက်ရတာ လစဉ် ၄သိန်းထိန်း လူရှာ ပွဲလက်မှတ်လည်းရောင်းရသေး ကိုယ့်လူတေ ပွဲဝင်အောင် ဆက်လိုက်ရတဲ့ph တလ တလ billဖိုးက မနဲ ပွဲတေရှိပြန်တော့လည်း မနားရ ပွဲပီးတော့လည်း
meeting လူက မနက် ၈ကနေ ထွက်လိုက်တာ
ည၁၁လောက်မှ ပြန်ရောက်တယ် ရလဒ်လေးနဲနဲ ထွက်လာတာနဲ့ လူကပေးဆပ်လ်ုက်ရတာ စုန်းစုန်းမြုတ်နေပီ သူတို့ တော်ကီတေကို recordingလိုက်ယူရတာကိုး ပြောဆို ဟန်ပန်မူယာက အစ
ထိုင်နည်းအဆုံးပေါ့လေ copyပဲ အာ့နဲ့ drရာထုးရပီပြောပါတော့ နောက်တခုက japan tripကြီးကိုလည်း အပြေးအလွှား တခေါက်လ်ုက်ဖူး သေးတယ်
ကိုယ့်အောက်မှာ down lineလေးတွေရှိလာပီ ဘဝင်က ဆူပွပွ ဖြစ်လာပီပေါ့ ကိုယ် လုပ်နိုင်တာလေးလူပိုသိခံ ချင်လေ အာ့နဲ့ သူတို့သင်ပေးတဲ့ stp(show the plan) လည်း
ညက်ညက်ကြေအောင်ကို ရနေင်္ပီ ပြောစရာ လုမရှိရင်
တယောက်ထဲမှန်ကြည့်ပီး ပွစိပွစိ လုပ်နေတာ
ဖျားစူးရဲ့ အိမ်မက်ထဲမှာတောင် stp လုပ်နေတာ
တွေ့တဲ့သူတိုင်းကို အလွတ်မပေးဘူး ဆိုတော့ကာ
ကျတော့ သူငယ်ချင်းတေ အမျိုးတေ က ကျတော့မြင်တာနဲ့ ပြေးရော ခ်ခ် ရူးနေတာ ဒီကောင်
ဆိုပီး မပေါင်းကြတော့ဘူး
သူတို့ပြောတဲ့အတိုင်းပဲtaxiစီးတာတောင် ကားသမားကို ဖုန်ူးno ရအောင်တောင်းလ်ုင်းကားစီးတယ် စပယ်ယာပါမချန် ဖုနါးnoတောင်းstpလှန် ရပ်ကွက်ထဲက
ဆိုက်ကားသမားပါ မကျန်အောင် stpလိုက်လုပ်တာပေါ့
ဒါမယ့် လူတိုင်းမလုပ်ကြပါဘူး uplineတေက ပြောတာကိုး လူဆိုတာတဲ့ရပီတဲ့ ဆင်းရဲချမ်းသာမရွေး
ပူးပေါင်းနိုင်ပါတယ်တဲ့ ကျတော်လည်း တိတိကျကျ copy လုပ်တာပဲပြောတာပဲ
အိုးးးတနေ့တနေ့ stpလှန်ရတာကို ပျော်နေတာ ပြောပါတယ် ဒါမယ့် incomeက ချက်တေပဲ စုထားရတာပေါ့ လေ ၃လလောက်လည်း ကြာရော
ရှိသမျ တက်တက်ပြောင်ပီ စုထားသမျကုန်ပီလေ pv ၄သိန်းကလည်း ထိန်း ပွဲတေလည်းတက် ကားခက ထောင်း ဒေါင်းလိုင်းတေက ပြသနာစရှာ ပီ chequeထဲက ငွေတွေကို လ်ုချင်တယ် စိုက်ပေးပါတဲ့
သူတို့သိနေတာ လစဉ် ၁၅ ၀င်နေတာ ဆိုတာလေ
unicity က drဖြစ်ဖူးတဲ့သူတိုင်း သိပါတယ် ရလား မရလား structureအရကွာတယ် ကျတော်လည်း မငတ်ရုံ သာသာ မရှင်းးတတ်တော့ လက်ဆင့်ကမ်းစကားပဲပြောလိုက်တယ် ငါတုန်းကလည်းဒီလိုပဲ လို့ :-)
နောက်တခု လူတေကို အရူးကွက် နင်းတာ tripပဲ
ခရီးစဉ်ပါအောင်လုပ်ပြမှ လူရာဝင်တာကိုးး ဒါမှ uplineကလည်း ကြည် down lineတေက အားကျ အထင်ကြီးမှာကိုး ဒီစီးပွားရေးကိုဘ၃- ၅ နှစ်လုပ်ပီးတာနဲ့ တချိန်ကျရင် ဒီလို ကမ္ဘာ ပတ်နေရတော့မယ်တဲ့ ခုကဘအမြည်းချကျွေးးတာတဲ့
ကောင်းတာတေစားရမယ် ကောင်းတဲ့ဟော်တယ်တေ တည်းရမယ်ပေါ့ tripမလိုက်ဖူးတဲ့ down line side lineတေ ကလည်း အားကျတယ်ပေါ့ဗျာ
အဲ သူတို့မသိသေးတာတွေရှိနေသေးတာကိုး ဘယ်နေရာ ရောက်ရောက် ပြေးတက်ပြေးဆင်းဆယ်ဖီ ရိုက် ဒါမှ ပြန်ကြွားလို့ရမှာကိုး
ပီးတော့လေ pd( )ကြီးကလည်း ခရီးအပျော်ထွက်ပါတယ်ဆိုမှ ကားပေါ်မှာ စာမေးလိုက် kpi လုပ်ခိုင်းလိုက်နဲ့ ထ ဖောက်နေတာသူ့မိန်းမ တားလိုက်မှ ငြိမ်သွားတော့တယ် ခ်ခ် ကျန်တာတေ မရေးပါဘူး အားနာလို့
အပေါ်မှာပြောခဲ့တဲ့သင်တန်းတေမှာ သူတို့ဘာတွေသင်လည်းးဆိုတာလေး ပြန်ရှင်းပါမယ်
ygnမှာ တက်ရတာက how to get start/ ikash/
ဆိုတော့ကာ အတိုချုပ်ရ ရင် လူခေါ်မယ် မိတ်ဆက် မန်ဘာဝင် pv ရွေး ကဲ ရှိသမျ အမျိုးတေ သူငယ်ချင်းတေ အကုန်ခေါ်ပေါ့ လူဖြစ်ရင်ရပီ ဆိုတော လေ
ကျတော့ side lineက်ု ကြည့်လိုက်တော့ ခေါ်ချ လာလိုက်တာ ၁၀တန်းအောင်ခါစ ခလေးလေးတွေ
သူတို့မှာ မှတ်ပုံတင်တောင် မရှိသေးဘူး ၁၈နှစ်တောင်မပြည့်သေးတာလေးတေ ခေါ်ချ လာကြတယ် အနာဂတ်ရဲ့မျိုးဆက် သစ်ကလေးတွေ ပညာဆက်မသင်နိုင်အောင် မက်လုံးပေး မြူဆွယ် ကြတော့ စဉ်းစားကြည့်လေ ခလေးတွေဆိုတာ ခလေး အသိပဲ ရှိကြတာလေ day မတက်နဲ့ မြန်မာန်ုင်ငံက ဘွဲ့ အလကားတဲ့ ၃ -၅ နှစ်ပီးရင် နိုင်ငံခြားမှာ လန်ဘိုစီးပီး ကျောင်းတက် ကြမယ်ဆို မိုက်တယ်မလားတဲ့
ကဲ ခလေးတွေကိုစည်းရုံးပီး ဖျက်စီး ပစ်လိုက်ကြတယ်
ခုဆို အဲ့ခလေးတေ ရာထူးတေရပီး မိဘတွေကို ကျေးဇူးဆပ်နေပီလား မကြားမိသေးဘူး ကျတော်သိလိုက်တာက အဲ့ ခလေးတေ မိဘတွေက ငွေ
၂၀လောက် ကုန်သွားပီဆိုတာပဲ အဲ့လို သူတို့ပြောပြောနေတဲ့ Global businessဆိုတာက ခလေးမသာ လေးတေ တောက ဘုမသိ ဘမသိ နကမ်းတလုံး မသိတဲ့ သူတွေက လုပ်လို့ရတယ် ဆိုတာကြီး စဉ်းစားစရာ
ဒီအလုပ်ကို လုပ်တာ လွယ်ကူအောင် ဆိုပီး eagleသွားရမယ်တဲ့ သွားတယ်ကျတော် ၃ကြိမ်
ပထမ player နောက် ၂ခါက ခေါင်းဆောင်အနေနဲ့ပါ
ဘာသင်ပေးလည်း သိလား ကိုယ်လုပ်ရင် ဘာမဆိုဖြစ် ရမယ် ဆိုတာကြီးရိုက်ထည့်ပေးတယ်
game တွေလည်းဆော့ လိုက်ရတာ တနေ့လုံး
အမြင့်က ခုန်ချလိုက် ပင့်ကူလို အပေါက်တ်ုး အကပေါင်းစုံ အရွပေါင်းစုံ အရှက်ကိုကုန်ရော
အဲ့ campက ပြန်လာရင် မိုက်ကယ်ဂျက်ဆင် ရှုံးအောင်ကို ကတတ်လာတာတော့အမှန် ခ်ခ်
သူတို့ပေးတဲ့ messageက ကိုယ့်ဘဝ မိသားစု ချမါးသာဖို့ ငါ ဘာမဆို လုပ်ရဲတယ် ငါလုပ်နိုင်တယ် ဆ်ုတဲ့ စိတ်ရိုင်းတခု ထည့်ပေးလိုက်တယ် ကိုရလဒ်ရဖို့
ဒီလူဘာဖြစ်ဖြစ် အရင် မကြည့်ခိုင်းဘူး ကိုယ့်ရလဒ် ကိုယ်အရင်တည်ဆောက် တတ်ဖို့တွေ
နောက်တခု အိမ်မက် မက်ခိုင်းတယ် အိပ်ယာပေါ် သိပ်ပီး မက်ခိုင်းတာမဟုတ်ဘူး ကိုယ်ဖြစ်ချင်တာ တွေ စာနဲ့ချရေးခိုင်းတယ် အိမ်ဆိုဘယ်လောက်တန် နေချင်တယ် ကားဆို လန်ဘို bmw မာစီတီး ပေါ့လေ ငါ့မိသားစုနဲ့ ဘယ်လို နေတယ် ဆိုပီးစိတ်ကူးရင်ခိုင်းတယ် ဒီစိတ်ကူးတွေဟာ ၃ -၅ လုပ်ပီးတာနဲ့ လူတိုင်းရကြလိမ့်မယ်ပေါ့
ကဲ စိတ်ကူးနဲ့ရူးကုန်ကြပြန်ပီ ပေါ့ မက်မက်မောမောနဲ့ လိုချင်အောင်ကို စင်ပေါ်က ငိုသံပါ နဲ့အမျိုး မျိုးပြော ယိုးဒယားသံတေနဲ့ ကျတော်တို့က နားကြပ်နဲ့နားထောင်ရတာပေါ့ ဒေါ်သီတာဦးက စကားပြန် အဲ့မှာ စိတ်ကူးရင်ပီး ရူးကုန်ပီ ငိုသံပါနဲ့ပြောတော့ ကိုယ်တေပါလိုက်ငို တခန်းလုံး ဟီးလေးတိုက် ငိုကြယိုကြ တချို့ဆို သတိပါလစ်ကြ တက်ကြ ဖြစ်ကုန်တာပဲ အဲ့လို တက်အောင်ငိုတာက ခံစားချက် ပြင်းလို့တဲ့ မြနါမြန်ဒိုင်းမွန်းဖြစ်မှာတဲ့
ကျတော်လည်း ယောင်တောင်ပေါင်တောင် ငိုခဲ့တယ်
သတိတော့ မလစ်ဘူး ဒါကြောင့် ဒိုင်းမွန်းမဖြစ်တာနေမယ်
eagleက ပြန်လာတဲ့သူတိုင်းဟာတက်ကြွကုန်ပီ ဘာအတွက်လည်း ငါ့မိသားစုအတွက် ဆိုပီး
သံပရားလို စောက်ချင်တေ ရှာကြတာပါပဲ
အဲ့campမှာ စီးပွားရေးပညာရပ်တို mlmပတ်သက်တဲ့ပညာရပ်တို့ သင်တာမရှိပါ ကုန်ကျစရိတ် တခါသွား ၇သိန်းလောက် ကုန်ပါတယ်
နောက်တခု passion to wealth ဆိုတာတက်ရမယ်တဲ့ အာ့ ဘာသင်တန်းလည်းလို့မေးတော့ မင်းကို leader တည်ဆောက်ပေးမလို့တဲ့ တကယ့်စီးပွားရေးလုပ်ငန်းရှင်တွေပဲ သွားတက်လို့ရတာတဲ့ မြန်မာပြည်မှာဆို ဦးတေဇတို့ ဦးဇော်ဇော် တို့လို အဆင့်တွေပဲသွားတက်လို့ရတာတဲ့
ပြောချင်တာက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေပဲ နက်ခွင့်ရတယ် ပေါ့ သူတို့ချမ်းသာသလို ချမ်းသာချင်ရင် ဒီသင်တန်းကို တက်ရမယ်တဲ့ နိုင်ငံတကာက အောင်မြင်နေတဲ့သူတွေကိုယ်တိုင် coachပေးမှာတဲ့
ကျတော်လည်းတက်မယ် လုပ်ပီး upline ( )ကို ဒေါ်လာ၁၀၀ပေးပီး တက်ဖို့ လုပ်ပါတယ် (ခုချိန် ကျတော်မေးလို့ရ ရင်မေးချင်ပါမယ် ဦးတေဇ ဦးဇော်ဇော် များ ဒီသင်တန်း တက်ဖူးကြသလား ဟင်လို့) ကဲ ထားပါတော့ သင်တန်းထဲက သင်ကြားရေးလေးရှင်းပြမယ်
ကတယ် ခုန်တယ် gameတွေဆော့တယ် အမေးအဖြေတွေကောပါတယ် အစုံပဲ ဟင်! သူတို့
ပြောတော့ နိုင်ငံတကာက လာကြတယ် စီးပွားရေးပညာရှင် တွေတဲ့ သင်တော့လည်း ယ်ုးဒယားတွေ ငယ်ငယ်ကောင်လေး၃ယောက်
ပျော်လိုက်ကြ ကလိုက်ကြ င်ုလိုက်ကြ လူတွေ အရူးတွေကို ဖြစ်လို့ မျိုးစုံလုပ်ခိုင်းတာ
သံကိုလည်း လက်သီးနဲ့ထိုးရတယ် ကျွဲလို နွားလို လည်း
ဖင်ကုန်းပီးးအော်ရတယ် (တချို့ကော်လေးတွေဆ်ု နွားလို ပါ ထထတွန်ကြတယ် နောက်တာနေပါလိမ့်မယ်)
မျက်စိတွေမှိတ်ပီး လမ်းလျောက်ခိုင်းလိုက် ခုန်ခိုင်းလိုက်
ခွခိုင်းလိုက် နဲ့ပြောသမျ လိုက်လုပ်ရတာ ပေါ့
စိတ်ထဲကလည်း အလိုလို ဝမ်းနဲသလို ဖြစ်ဖြစ်လာလို့
ခန ခနလည်း ငိုရတယ် အကယ်ဒမီရှုံးအောင် လည်းးငိုကြတယ် ကျတော် ဆို ခုထိ ပြန်တွေးမ်ရုံနဲ့ ဆို့
ဆို့ ပီးငိုချင်လာတုန်းး
အကုန်ရှင်းးမပြတော့ဘူး နောက်မှ အကျယ်ရေးးပေးမယ်
ဈေးရောင်းးခိုင်းတဲ့gameအကြောင်းလေးပါ
ကဲ campလည်းပီးပီ ပေါ့after meeting လုပ်ကြတယ် ဘာပြောလည်းဆိုတော့ ကိုယ့်ဘဝကိုယ့်အိမ်မက် ကို အကောင်ထည်ဖော်ဖို့ လုပ်ကြပါ ကိုယ့်မိသားစုက ချမ်းသာပီး လှည့်စရာမလိုအောင် ငွေကလည်းဆယ်သက်စားမကုန်အောင် ဝင်နေပီဆ်ုမှ
သာ တရားအားထုပ်တာ နိဗ္ဗန်ရောက်ရာ လွတ်လမ်း
လုပ်ရတာ စိတ်အေးနိုင်မှာတဲ့ ကဲဗျာ ဒါဆို ဆင်းရဲတဲ့
သူတွေ တရားမရကြတော့ဘူးပေါ့ နိဗ္ဗန်မရောက်ရတော့ဘူးပေါ့ ဘုရားရှင်လည်း အဲ့လိုဟောမထားပါဘူး ဒီunicityလုပ်ပီး ဒီလို ချမ်းသာ
မှ တရားရမယ်ဆိုတာကြီးကတော့ လုံးဝခံစားလို့မရဘူး
ကံ ကံ၏အကျိုးး ကို နားလည်းးထားပီးသာပါ
ဘယ်အရာမဆို အစွန်းရောက်တာမကောင်းပါဘူး
productမကောင်းဘူးလည်းမပြောဘူး
အသက်ကြီးလာရင် အိုမယ် နာမယ် သေမယ် ဒါ သဘာဝပဲလေ ဒီဆေးတွေသောက်လို့ နှစ်၂၀စာပြန်နုတယ် ဆိုတာကလည်း သဘာဝကို လွန်
ဆန်နေပီ ဆေးသောက်တာရပ်လိုက် ရင်ဒုံရင်းပြန်ရောက်တာ သောက်ဖူးတဲ့သူတိုင်းသိတယ်
ကျတော်လေ ကံ ကံ၏ အကျိုးကိုနားလည်ထားလို့တော်ပါသေးရဲ့
အဲ့ဒီသင်တန်းက ပြန်လာပီးကတည်းက ကျတော်အရူးတပိုင်းလို ကြောက်လာတယ် ငါမှားပီ လူတွေကို လိမ်မိပီ ငါလိုချင်တဲ့ အောင်မြင်မှု့ ချမ်းသာမှုဆိုတာ ဒါတွေမဟုတ်ဘူး ဆိုပီး ကြီးစွာနောင်တ ရပီပေါ့ ငါ့လောဘကြောင့် သူများမိသားစုဘဝတွေ ပျက်စီးကုန်ပီ လေ
ကိုယ်တွေကြောင့် တချို့ဆို အိမ်ပေါင် လို့ ပြန်မရွေးနိုင်
လမ်းဘေးက ပန်းသီးသည် ဈေးဘန်းပျောက် ဘဲဥသည်လညါးအရင်း ပြုတ် အကြွေးတေတင် ကြပေါ့
အများကြီးပဲ ဒုက္ခတွေရောက်ကုန်ကြ ကျတော်တို့ အိမ်မက်တွေအကောင်ထည် ဖော်နိုင်ဖို့ သူတို့ ဒီလို ဖြစ်ကြရတာ မတန်ဘူးဗျ ဆိုပီးး ငိုချင်းးချ မိတော့တယ်
ဘုမသိ ဘမသ်နဲ့ unicityလုပ်လို့ ဘဝပျက်တဲ့သူတွေအများကြီးပဲ ကျတော်လည်း အရင်က ပိုက်ဆံရနေတော့ ပျော်တာပေါ့ ဒါမဲ့ သူများမိသားစုတွေ ချနင်းပီးမှ ရလာတဲ့ ငွေကို မလို ချင်တော့လို့  လက်လျော့လိုက်တာပါ သတိနောင်တရတဲ့အချိန် မှာ ငါနောက်မကျသေးပါဘူး
နောက်ပြန်လှည့်ဖို့ အချိန် မှီပါတယ်ဆိုပီး ရပ်ပစ်လိုက်တယ် သူတို့တက်ခိုင်းတဲ့ campက ပေးလိုက်တဲ့ lessonတွေကို ကိုယ့်ဖာကို အတွေးပေါက်ခဲ့ မိလို့ တော်ပါသေးရဲ့ တချို့လည်းသိသိကြီးနဲ့ ဆက်လုပ်နေကြတုန်းးပဲ
ကျတော့ ၂ဆင့်မြောက် uplineလည်း တိုက်ခန်း၂ခန်းပြုတ် သွားတယ် နောက်ဆုံးတော့ အထက်လူတွေပဲကောင်းစားတာပါ ခုရာထူးယူနေကြတဲ့သူတွေထဲမှာ လမ်းဘေးဈေးသည်
ဝန်ထမ်း လက်လုပ် လက်စား မရှိပါဘူးအောက်ထစ် pd fullyဖြစ်တဲ့သူရှိရင် ခေါ်လာပြပါ မြင်ဖူးချင်လို့လေ
အဲ့ဒီတော့ happy life projectကနေ heavy life
projectဖြစ်သွားတာပေါ့
ခုချိန်ထိ ကျတော့ သူငယ်ချင်းတွေ unicityလုပ်ပီး ဆေးတွေ ပ်ုက်ဘောမိပီး ပြသနာဖြစ်နေကြတဲ့သူတွေရှိပါတယ် တကယ်တော့
လောဘကြောင့်ပဲ ဒီလိုဖြစ်ကြရတာပါ campတွေကလည်း ဒီလောဘပဲ နှိုးဆော်ပေးးတာပဲ
mlmကြောင့် ဘဝပျက် အိမ်ထောင်ကွဲထိဖြစ်ကုန် ကြတာ လေ ဒါဟာ လုံးဝ မဖြစ်သင့်ဘူးဗျ သက်သက်လာ ပီး ဖင်ဆီဆွတ် ချခံနေရတာ နရွက်တတွေးဆွတ်ခံနေရတာ တနေ့ရနိုးနဲ့လေ
ဆက်မလုပ်မိတာတော်ပါသေးတယ် နောင်သံသရာအတွက် အကြွေးးထုပ်က ယူမိသားဖြစ်နေပီ နော် ခုလက်ရှိ ဘဝမှာလည်း ဝဠ်က လည်အူးမယ် တကယ်တွေးကြည့်တကယ်ကြောက်ဖို့ ကောင်းးပါတယ်
ဒီmlmကြောင့် japan tripလိုက်ဖူးခဲ့ပါတယ်
tripက ပြန်လာရင် ဆက်မလုပ်တော့ဘူးဆိုပီး သူငယ်ချင်း ၃ယောက်တိုင်ပင် ပီးး tripလိုက်ကြတယ်ပေါ့
အဲ့tripတလျောက်လုံး ကျတော်တို့ ဘာတွေဖြစ်ခဲ့တယ် ဘယ်လိုကြုံခဲ့ရတယ် ဘယ်လို ပြသနာ တက်ခဲ့ရတယ်
ဆိုတာကော သိချင်ကြလားခဗျာ
ခေါင်းစဉ်ကတော့
ကျတော်နှင့် ကျတော်ရောက်ခဲ့ဖူးသော japan trip တဲ့
ရင်နာနာနဲ့ ရေးးအူးမယ် ခ်ခ်

https://www.facebook.com/golden.egg.7165/posts/134214300370521