Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

MLM သမားများ ဘဝ


ကိုယ်ပိုင်တွေနဲ့ချည်း လုပ်နိုင်တာ
ဂုဏ်ယူပါတယ်
အဲဒီ ကိုယ်ပိုင်တွေကပဲ မလိုအပ်ဘဲ ကုန်​ကျစရိတ်​ များကုန်တတ်တယ်
ဒီတော့ ကုန်​ပစ္စည်းတန်ဖိုးမှာ
သူတို့ရဲ့ အသုံးစရိတ်တွေပါ ကိုယ်က ပေးချေနေရတာမျိုး
ဖြစ်လာတယ်
ဥပမာ Smile On တစ်ဗူးကို ၆၀၀၀ ကျသင့်တဲ့ဟာ
ကိုယ်ပိုင်အလုပ်သမားက လေယာဉ်စီးလာပြီး လာပေးသလို
ဖြစ်နေမယ်
သွားတိုက်​ဆေးတန်ဖိုး+လေယာဉ်ခ အသွားအပြန် + စားစရိတ် ပေါ့လေ
ဒါတောင် ကိုယ်ပိုင် လေယာဉ်နဲ့ လာပို့ရင် ပိုဂွမ်းမယ်
ယနေ့ခေတ်မှာ Outsourcing ဆိုတာ ခေတ်စားတယ်
ထုတ်ကုန်ရဲ့ ကုန်ကျစရိတ်ကို ချုံ့ဖို့ပဲ
ဥပမာ Apple က သူ့ပစ္စည်းတွေ ကိုယ်တိုင်မထုတ်ဘူး
ပိုကျွမ်းကျင်ပြီး ပိုသက်သာတဲ့ဆီ အပ်တယ်
သူလည်းခိုင်မာတဲ့ ကုမ္ပဏီပဲ
လယ်သမားတွေက ရန်ကုန်မှာ မြေကွက်ဝယ်ပြီး အဲဒီမြေကွက်မှာ ဆန်စိုက်
စိုက်​ပျိုး​ရေးတက္ကသိုလ်ဆင်းကိုခန့်ပြီး
နေ့ညမပြတ်စောင့်ကြည့်
ရေကို ရေသန့်ပဲ သုံး
ဖုန်မဝင်အောင်တား
ထွက်လာတဲ့စပါးကိုကျိတ်ပြီး
MLM စနစ်နဲ့ရောင်းရင်
ဆန်တပြည် ဘယ်လောက်ဖြစ်သွားမယ်ထင်လဲ
ပုံမှန်ဆန်နဲ့ကော Quality ဘယ်လောက်ကွာသွားမယ်ထင်လဲ
သူတပါးနိုင်ငံသားတွေ ဇိမ်​ခံပြီး ထုတ်ထားတဲ့ ပစ္စည်းကို
ကိုယ့်သွေးချင်းတွေရဲ့ ချွေးကျပြီးမှ ရတဲ့ငွေနဲ့ မလဲချင်စမ်းပါနဲ့
ထင်သလောက်လဲ အကျိုးမထူးပါဘူး
အဲဒီပိုသုံးမယ့်ငွေတွေ
ပညာရေးမှာ ရင်းနှီးမြှုပ်နှံပါစေ
ကိုယ်က သူ့မိန်းမ နားကပ်ဖိုး ဘောင်းဘီဖိုးပါ ထည့်ပေးနေရတာ
သူများနိုင်ငံက နှပ်ချတာကို အံကြိတ်မခံကြနဲ့ပေါ့လေ
မိမိဒေသအကျိုးကို ဖော်ဆောင်နိုင်ခြင်းဖြင့်
ဂုဏ်ယူပါရစေ