Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

Mlm ကလိမ်လုပ်ငန်းတွေဆိုတာဘာလဲ??????



 No automatic alt text available.
� မန်ဘာကြေး သွင်းခိုင်းရင်၊
မတန်တဆ ဈေးကြီးသော ပစ္စည်းများ ဝယ်ခိုင်းရင်၊
နောက်လူ ဓါးစာခံ ထပ်ရှာခိုင်းရင်
mlm ခေါ် Multi Level Marketing
ဆင့်ပွားကွန်ယက် ထောင်ချောက်ပါပဲ။
အလုပ်ရှင်ကို ပိုက်ဆံပြန်ပေးရတဲ့
အလုပ်သမားမျိုး မတွေ့ဖူးရင်
mlm ကုမ္ပဏီတွေမှာ တွေ့ရမှာပါ။
လစာမဲ့ မာကတ်တင်းသမား မတွေ့ဖူးရင်
mlm ကုမ္ပဏီတွေမှာ တွေ့ရမှာပါ။
�MLM မန်ဘာဝင်များ ဖတ်ဖို့
~~~~~~~~~~~~~~~~~~~
mlm ကုမ္ပဏီတွေ အဆွယ်ကောင်းလို့
မန်ဘာဝင်မိတာ မင်းအပြစ် မဟုတ်ဘူး။
ကိုယ့်ဘာသာ လိမ်ခံထိတာတောင်
နောက်လူ ဓါးစာခံ လိုက်ရှာနေရင်တော့
မင်းအပြစ်ဖြစ်သွားပြီ။
mlm ခေါ် Multi Level Marketing စနစ်တွင်
ကုမ္ပဏီ နှင့် မန်ဘာဝင်၏ ကွာခြားချက်များ
~~~~~~~~~~~~~~~~~~~~
💥 ပထမ အဆင့် 💥
မန်ဘာဝင်ဖို့ မန်ဘာကြေး ပေးလိုက်ရတော့
mlm ကုမ္ပဏီက အချောင် ဝင်ငွေရပြီး၊
မန်ဘာဝင်သူက မဆီမဆိုင် ငွေကုန်တယ်။
( မန်ဘာဝင်က လစာ မရဘဲ မာကတ်တင်း လုပ်ပေးရတဲ့ အပြင်
ကုမ္ပဏီကို မန်ဘာကြေး ပြန်ပေးရသေးတယ်။ )
💥 ဒုတိယ အဆင့် 💥
မတန်တဆ ဈေးကြီးတဲ့ mlm ထုတ်ကုန်တွေကို
မန်ဘာဝင်က ငွေကုန်ခံ ဝယ်ရပြီး၊
mlm ကုမ္ပဏီက မြိုးမြိုးမြက်မြက် ဝင်ငွေ ရတယ်။
( မန်ဘာဝင်တွေ လစာမဲ့ မာကတ်တင်း လုပ်ရတဲ့ အပြင်၊
မတန်တဆ ဈေးကြီးတဲ့
ပစ္စည်းတွေကို ငွေကုန်ခံ ဝယ်ရသေးတယ်။
mlm ကုမ္ပဏီက လစာမဲ့ ဝန်ထမ်းရပြီး
မာကတ်တင်း စရိတ်မကုန်ဘဲ
အလကား ခိုင်းစားကြပါတယ်။ )
💥 တတိယ အဆင့် 💥
မန်ဘာဝင်က နောက်လူ ရှာပေးရင်
mlm ကုမ္ပဏီက အချောင် ဝင်ငွေ ထပ်ရပြီး
မန်ဘာဝင်ကျတော့ ကော်မရှင် အနည်းငယ်သာ ရသည်။
(မန်ဘာဝင်တွေက လူဆွယ်ရင်း သိက္ခာကျရပေမယ့်
မဖြစ်စလောက် ကော်မရှင်သာရပြီး
mlm ကုမ္ပဏီပိုင်ရှင်တွေက မန်ဘာဝင်တွေကို
ခေါင်းပုံဖြတ် ဂုတ်သွေးစုပ်ကြပါတယ်။)
💥 စတုတ္ထ အဆင့် 💥
မတန်တဆ ဈေးကြီးတဲ့ mlm ထုတ်ကုန်ပစ္စည်းတွေကို
မန်ဘာဝင်တွေက သိက္ခာကျခံ
လိုက်ရောင်းရပေမယ့်
ကော်မရှင် မဖြစ်စလောက်သာ ရပြီး၊
mlm ကုမ္ပဏီတွေက မြိုးမြိုးမြက်မြက် ဝင်ငွေရပါတယ်။
( များသောအားဖြင့် အပြင်လူ ဘယ်သူမှ မဝယ်တော့၊
မိတ်ဆွေ သူငယ်ချင်းတွေကို အတင်းထိုးရောင်းရလို့
ခင်မင်မှုပျက်ပြီး ချဉ်ဖတ်ဖြစ်ခြင်းကို
မန်ဘာဝင်တွေ ခါးစည်းခံရပါတယ်။
ဈေးမရောင်း လူမဆွယ်လည်း ရပါတယ်လို့
မန်ဘာဝင်မယ့်သူတွေကို
mlm ကုမ္ပဏီတွေက ပြောလေ့ရှိတယ်။
တကယ်တော့ ဈေးမရောင်း လူမဆွယ်ရင် ရပေမယ့်
ကုမ္ပဏီကလည်း မန်ဘာဝင်ကို တစ်ပြားတစ်ချပ်မှ
မပေးမှာကိုတော့ ထည့်မပြောကြဘူး။
မန်ဘာကြေးယူပြီး ကုမ္ပဏီက အနိုင်ပိုင်းထားတယ်လေ။
မန်ဘာဝင်တွေ ဝင်ငွေမရလို့ စောဒက တက်ရင်
အသုံးမကျလို့ မရတာဟု အပြစ်ပြန်တင်ပြီး
mlm စနစ်ဆိုးကြောင့် ဖြစ်ရတာကို ဝန်မခံကြပါ။
မန်ဘာဝင်တွေ လစာမဲ့ မာကတ်တင်း
လုပ်ပေးလို့ mlm ကုမ္ပဏီတွေ
တစ်နေ့တခြား အမြတ်ငွေတွေ ပိုတိုးရလာပေမယ့်
မန်ဘာဝင်တွေခမြာ တစ်နေ့တခြား ချွတ်ခြုံကျလာပါတယ်။ )
💥 နောက်ဆုံးအဆင့် 💥
ကုမ္ပဏီမှာ မန်ဘာဝင် အရေအတွက်
ဆက်မတိုးတော့ဘဲ ရပ်တန့်ကာ
ထုတ်ကုန်တွေလည်း များများစားစား
မရောင်းရတော့ရင်
mlm ကုမ္ပဏီတွေက ကုမ္ပဏီ ဖျက်သိမ်းပြီး
ငွေထုပ်ပိုက်သွားတယ်။
မန်ဘာဝင်တွေက လက်လွတ်ခွက်ချွတ် ကျန်ခဲ့ပြီး
ကိုယ်သွင်းပေးခဲ့တဲ့ မန်ဘာဝင်တွေနဲ့
ပြဿနာတက်ကာ မျက်နှာပျက်ရပါတယ်။
{ mlm စနစ်တွင်
ကုမ္ပဏီတွေနဲ့ မန်ဘာဝင်တွေရဲ့
ကွာခြားချက်တွေပါ။ }
တချို့ မန်ဘာဝင်တွေက
mlm နဲ့ ဝင်ငွေရပြီး အောင်မြင်နေပြီလို့
လက်အောက် မန်ဘာဝင်တွေကို အယုံသွင်းပါတယ်။
#တကယ်တော့ လက်အောက် မန်ဘာဝင်တွေကို
ချနင်းပြီးမှ ရတဲ့ဝင်ငွေဟာ
#သမ္မာအာဇီဝ
ဖြစ်ရဲ့လားဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။
mlm ကုမ္ပဏီရဲ့ ဂုတ်သွေးစုပ်တာကို
မန်ဘာဝင်တိုင်း ခံကြရပါတယ်။
မန်ဘာဝင်တွေ နာမည်ပျက်ခံ လုပ်ရပေမယ့်
အကျိုးအမြတ်ကို mlm ကုမ္ပဏီတွေက
ဝါးမြိုသွားကြတာပါ။
*လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ*
==============
မြန်မာပြည်မှာ
mlm ကုမ္ပဏီတွေ ဆိုးဆိုးရွားရွား
သောင်းကျန်းနေကြတယ်။
တောကြိုတောင်ကြား အထိ
လိုက်လိမ်နေကြတယ်။
မန်ဘာဝင်တွေကလည်း တုံးပါ့ဗျ။
တောကြိုတောင်ကြားထိ
ပင်ပင်ပန်းပန်း လိုက်လိမ်ရတာ မန်ဘာဝင်တွေ။
ကံမကောင်းရင် ခေါင်းကွဲမယ့် ကိစ္စ။
ရတဲ့ အကျိုးအမြတ်ကိုတော့
mlm ကုမ္ပဏီက မြိုစို့ပြီး၊
မန်ဘာဝင်တွေကို ပြန်ပေးတာက
အကြွင်းအကျန် အရိုးပမာ
ကော်မရှင် တစ်ပဲခြောက်ပြား။
mlm ကုမ္ပဏီတွေက
မန်ဘာဝင်တွေကို
ဖောင်ဖြည့် လက်မှတ်ထိုးခိုင်းပြီး
ဥပဒေကို လက်တစ်လုံးခြားထားတယ်။
ပြဿနာ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင်
ကုမ္ပဏီတွင် တာဝန်မရှိ။
မန်ဘာဝင် ကိုယ့်ဘာသာ ဖြေရှင်းရမယ်တဲ့။
မန်ဘာဝင်တွေ ရတာက
အကြွင်းအကျန် ကော်မရှင်။
ခေါင်းခံရမှာက ၄၂၀ လိမ်လည်မှု။
mlm ကုမ္ပဏီတွေ ကလိမ်ကျ ပုံက
ပြောမကုန်အောင်ပါပဲဗျို့။
*လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ*
=====================
💥 mlm မန်ဘာဝင်တွေရဲ့ စိတ်ထဲမှာ
Anti - MLM တွေကို ရန်သူလို့ ထင်နေမှာပါ။
ဒါပေမယ့် တကယ်တမ်း စဉ်းစားကြည့်ရင်
mlm မန်ဘာဝင်တွေရဲ့
ရန်သူအစစ်ဟာ Anti - MLM တွေ မဟုတ်ပါဘူး။
မန်ဘာဝင်တွေကို တစ်လျှောက်လုံး
ခေါင်းပုံဖြတ် ခိုင်းစားနေတဲ့ MLM
ကုမ္ပဏီတွေကမှရန်သူအစစ်ပါ။
မန်ဘာကြေး သွင်းထားရပေမယ့်၊
ငွေ သိန်းဂဏန်း အကုန်ခံပြီး ရင်းထားရပေမယ့်၊
အမှတ်မပြည့်လို့ bonus ဆုကြေး မရတာတွေက
ခေါင်းပုံဖြတ် ခိုင်းစားခံရသလိုပဲ။
မန်ဘာဝင်ဖို့ ဆွယ်တုန်းက ပြောတဲ့
ဝင်ငွေမျိုး မရကြတဲ့အပြင်၊
အမှတ်မပြည့်ရင် နှိမ်ချင်သလိုလို ပြောဆိုကြတာ
လည်း ခံရခက်ပါတယ်။
မန်ဘာဝင်ဖို့ ဆွယ်တုန်းက
အချိန်ပိုင်းလုပ်ပြီး အလွယ်တကူ
ဝင်ငွေရသယောင် ပြောခဲ့ပေမယ့်၊
တကယ်တမ်းကျတော့ ဟောပြောပွဲတွေကို
အချိန်ကုန်ခံ ငွေကုန်ခံပြီး တက်ရတာနဲ့၊
လမ်းစရိတ်တွေ ထောင်းပြီး
အရှုံးပေါ်တဲ့လတွေလည်း မနည်းပါဘူး။
ဒီလို အဖြစ်ကို
မန်ဘာဝင်တွေဘက်က
ကုမ္ပဏီကို နားလည်ပေးပြီး အပြစ်မပြောကြပေမယ့်
မန်ဘာဝင်တွေ လူ မရှာပေးနိုင်လို့ ရောင်းအားမကောင်းရင်
အမှတ်မပြည့်လို့ ဆိုပြီး
ကုမ္ပဏီက bonus ဆုကြေး မပေးကြပါ။
ဒီအပြင် နှိမ်ချင်သလိုလို ပြုမူကြတာ
မန်ဘာဝင်တွေ အဖို့ စိတ်ထိခိုက်စရာပါပဲ။
ဒါကြောင့် mlm မန်ဘာဝင်တွေ အနေနဲ့
MLM ကုမ္ပဏီတွေကို ပြန်လည်တောင်းဆိုနိုင်ပါစေ။
အလကား မန်ဘာဝင်ပြီး လုပ်နေတာ မဟုတ်ပါ။
မန်ဘာဝင်ကြေး ပေးပြီး
ငွေ သိန်းဂဏန်း အကုန်ခံ ရင်းထားရတာပါ။
တောင်းဆိုခွင့်ရှိတာကို တောင်းဆိုနိုင်ကြပါစေ။
စေတနာဖြင့်
By Tin Zaw
®®®®®®®®®®®®®®®®®®®®

� မန်ဘာကြေး သွင်းခိုင်းရင်၊
မတန်တဆ ဈေးကြီးသော ပစ္စည်းများ ဝယ်ခိုင်းရင်၊
နောက်လူ ဓါးစာခံ ထပ်ရှာခိုင်းရင်
mlm ခေါ် Multi Level Marketing
ဆင့်ပွားကွန်ယက် ထောင်ချောက်ပါပဲ။
အလုပ်ရှင်ကို ပိုက်ဆံပြန်ပေးရတဲ့
အလုပ်သမားမျိုး မတွေ့ဖူးရင်
mlm ကုမ္ပဏီတွေမှာ တွေ့ရမှာပါ။
လစာမဲ့ မာကတ်တင်းသမား မတွေ့ဖူးရင်
mlm ကုမ္ပဏီတွေမှာ တွေ့ရမှာပါ။
�MLM မန်ဘာဝင်များ ဖတ်ဖို့
~~~~~~~~~~~~~~~~~~~
mlm ကုမ္ပဏီတွေ အဆွယ်ကောင်းလို့
မန်ဘာဝင်မိတာ မင်းအပြစ် မဟုတ်ဘူး။
ကိုယ့်ဘာသာ လိမ်ခံထိတာတောင်
နောက်လူ ဓါးစာခံ လိုက်ရှာနေရင်တော့
မင်းအပြစ်ဖြစ်သွားပြီ။
mlm ခေါ် Multi Level Marketing စနစ်တွင်
ကုမ္ပဏီ နှင့် မန်ဘာဝင်၏ ကွာခြားချက်များ
~~~~~~~~~~~~~~~~~~~~
💥 ပထမ အဆင့် 💥
မန်ဘာဝင်ဖို့ မန်ဘာကြေး ပေးလိုက်ရတော့
mlm ကုမ္ပဏီက အချောင် ဝင်ငွေရပြီး၊
မန်ဘာဝင်သူက မဆီမဆိုင် ငွေကုန်တယ်။
( မန်ဘာဝင်က လစာ မရဘဲ မာကတ်တင်း လုပ်ပေးရတဲ့ အပြင်
ကုမ္ပဏီကို မန်ဘာကြေး ပြန်ပေးရသေးတယ်။ )
💥 ဒုတိယ အဆင့် 💥
မတန်တဆ ဈေးကြီးတဲ့ mlm ထုတ်ကုန်တွေကို
မန်ဘာဝင်က ငွေကုန်ခံ ဝယ်ရပြီး၊
mlm ကုမ္ပဏီက မြိုးမြိုးမြက်မြက် ဝင်ငွေ ရတယ်။
( မန်ဘာဝင်တွေ လစာမဲ့ မာကတ်တင်း လုပ်ရတဲ့ အပြင်၊
မတန်တဆ ဈေးကြီးတဲ့
ပစ္စည်းတွေကို ငွေကုန်ခံ ဝယ်ရသေးတယ်။
mlm ကုမ္ပဏီက လစာမဲ့ ဝန်ထမ်းရပြီး
မာကတ်တင်း စရိတ်မကုန်ဘဲ
အလကား ခိုင်းစားကြပါတယ်။ )
💥 တတိယ အဆင့် 💥
မန်ဘာဝင်က နောက်လူ ရှာပေးရင်
mlm ကုမ္ပဏီက အချောင် ဝင်ငွေ ထပ်ရပြီး
မန်ဘာဝင်ကျတော့ ကော်မရှင် အနည်းငယ်သာ ရသည်။
(မန်ဘာဝင်တွေက လူဆွယ်ရင်း သိက္ခာကျရပေမယ့်
မဖြစ်စလောက် ကော်မရှင်သာရပြီး
mlm ကုမ္ပဏီပိုင်ရှင်တွေက မန်ဘာဝင်တွေကို
ခေါင်းပုံဖြတ် ဂုတ်သွေးစုပ်ကြပါတယ်။)
💥 စတုတ္ထ အဆင့် 💥
မတန်တဆ ဈေးကြီးတဲ့ mlm ထုတ်ကုန်ပစ္စည်းတွေကို
မန်ဘာဝင်တွေက သိက္ခာကျခံ
လိုက်ရောင်းရပေမယ့်
ကော်မရှင် မဖြစ်စလောက်သာ ရပြီး၊
mlm ကုမ္ပဏီတွေက မြိုးမြိုးမြက်မြက် ဝင်ငွေရပါတယ်။
( များသောအားဖြင့် အပြင်လူ ဘယ်သူမှ မဝယ်တော့၊
မိတ်ဆွေ သူငယ်ချင်းတွေကို အတင်းထိုးရောင်းရလို့
ခင်မင်မှုပျက်ပြီး ချဉ်ဖတ်ဖြစ်ခြင်းကို
မန်ဘာဝင်တွေ ခါးစည်းခံရပါတယ်။
ဈေးမရောင်း လူမဆွယ်လည်း ရပါတယ်လို့
မန်ဘာဝင်မယ့်သူတွေကို
mlm ကုမ္ပဏီတွေက ပြောလေ့ရှိတယ်။
တကယ်တော့ ဈေးမရောင်း လူမဆွယ်ရင် ရပေမယ့်
ကုမ္ပဏီကလည်း မန်ဘာဝင်ကို တစ်ပြားတစ်ချပ်မှ
မပေးမှာကိုတော့ ထည့်မပြောကြဘူး။
မန်ဘာကြေးယူပြီး ကုမ္ပဏီက အနိုင်ပိုင်းထားတယ်လေ။
မန်ဘာဝင်တွေ ဝင်ငွေမရလို့ စောဒက တက်ရင်
အသုံးမကျလို့ မရတာဟု အပြစ်ပြန်တင်ပြီး
mlm စနစ်ဆိုးကြောင့် ဖြစ်ရတာကို ဝန်မခံကြပါ။
မန်ဘာဝင်တွေ လစာမဲ့ မာကတ်တင်း
လုပ်ပေးလို့ mlm ကုမ္ပဏီတွေ
တစ်နေ့တခြား အမြတ်ငွေတွေ ပိုတိုးရလာပေမယ့်
မန်ဘာဝင်တွေခမြာ တစ်နေ့တခြား ချွတ်ခြုံကျလာပါတယ်။ )
💥 နောက်ဆုံးအဆင့် 💥
ကုမ္ပဏီမှာ မန်ဘာဝင် အရေအတွက်
ဆက်မတိုးတော့ဘဲ ရပ်တန့်ကာ
ထုတ်ကုန်တွေလည်း များများစားစား
မရောင်းရတော့ရင်
mlm ကုမ္ပဏီတွေက ကုမ္ပဏီ ဖျက်သိမ်းပြီး
ငွေထုပ်ပိုက်သွားတယ်။
မန်ဘာဝင်တွေက လက်လွတ်ခွက်ချွတ် ကျန်ခဲ့ပြီး
ကိုယ်သွင်းပေးခဲ့တဲ့ မန်ဘာဝင်တွေနဲ့
ပြဿနာတက်ကာ မျက်နှာပျက်ရပါတယ်။
{ mlm စနစ်တွင်
ကုမ္ပဏီတွေနဲ့ မန်ဘာဝင်တွေရဲ့
ကွာခြားချက်တွေပါ။ }
တချို့ မန်ဘာဝင်တွေက
mlm နဲ့ ဝင်ငွေရပြီး အောင်မြင်နေပြီလို့
လက်အောက် မန်ဘာဝင်တွေကို အယုံသွင်းပါတယ်။
#တကယ်တော့ လက်အောက် မန်ဘာဝင်တွေကို
ချနင်းပြီးမှ ရတဲ့ဝင်ငွေဟာ
#သမ္မာအာဇီဝ
ဖြစ်ရဲ့လားဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။
mlm ကုမ္ပဏီရဲ့ ဂုတ်သွေးစုပ်တာကို
မန်ဘာဝင်တိုင်း ခံကြရပါတယ်။
မန်ဘာဝင်တွေ နာမည်ပျက်ခံ လုပ်ရပေမယ့်
အကျိုးအမြတ်ကို mlm ကုမ္ပဏီတွေက
ဝါးမြိုသွားကြတာပါ။
*လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ*
==============
မြန်မာပြည်မှာ
mlm ကုမ္ပဏီတွေ ဆိုးဆိုးရွားရွား
သောင်းကျန်းနေကြတယ်။
တောကြိုတောင်ကြား အထိ
လိုက်လိမ်နေကြတယ်။
မန်ဘာဝင်တွေကလည်း တုံးပါ့ဗျ။
တောကြိုတောင်ကြားထိ
ပင်ပင်ပန်းပန်း လိုက်လိမ်ရတာ မန်ဘာဝင်တွေ။
ကံမကောင်းရင် ခေါင်းကွဲမယ့် ကိစ္စ။
ရတဲ့ အကျိုးအမြတ်ကိုတော့
mlm ကုမ္ပဏီက မြိုစို့ပြီး၊
မန်ဘာဝင်တွေကို ပြန်ပေးတာက
အကြွင်းအကျန် အရိုးပမာ
ကော်မရှင် တစ်ပဲခြောက်ပြား။
mlm ကုမ္ပဏီတွေက
မန်ဘာဝင်တွေကို
ဖောင်ဖြည့် လက်မှတ်ထိုးခိုင်းပြီး
ဥပဒေကို လက်တစ်လုံးခြားထားတယ်။
ပြဿနာ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင်
ကုမ္ပဏီတွင် တာဝန်မရှိ။
မန်ဘာဝင် ကိုယ့်ဘာသာ ဖြေရှင်းရမယ်တဲ့။
မန်ဘာဝင်တွေ ရတာက
အကြွင်းအကျန် ကော်မရှင်။
ခေါင်းခံရမှာက ၄၂၀ လိမ်လည်မှု။
mlm ကုမ္ပဏီတွေ ကလိမ်ကျ ပုံက
ပြောမကုန်အောင်ပါပဲဗျို့။
*လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ*
=====================
💥 mlm မန်ဘာဝင်တွေရဲ့ စိတ်ထဲမှာ
Anti - MLM တွေကို ရန်သူလို့ ထင်နေမှာပါ။
ဒါပေမယ့် တကယ်တမ်း စဉ်းစားကြည့်ရင်
mlm မန်ဘာဝင်တွေရဲ့
ရန်သူအစစ်ဟာ Anti - MLM တွေ မဟုတ်ပါဘူး။
မန်ဘာဝင်တွေကို တစ်လျှောက်လုံး
ခေါင်းပုံဖြတ် ခိုင်းစားနေတဲ့ MLM
ကုမ္ပဏီတွေကမှရန်သူအစစ်ပါ။
မန်ဘာကြေး သွင်းထားရပေမယ့်၊
ငွေ သိန်းဂဏန်း အကုန်ခံပြီး ရင်းထားရပေမယ့်၊
အမှတ်မပြည့်လို့ bonus ဆုကြေး မရတာတွေက
ခေါင်းပုံဖြတ် ခိုင်းစားခံရသလိုပဲ။
မန်ဘာဝင်ဖို့ ဆွယ်တုန်းက ပြောတဲ့
ဝင်ငွေမျိုး မရကြတဲ့အပြင်၊
အမှတ်မပြည့်ရင် နှိမ်ချင်သလိုလို ပြောဆိုကြတာ
လည်း ခံရခက်ပါတယ်။
မန်ဘာဝင်ဖို့ ဆွယ်တုန်းက
အချိန်ပိုင်းလုပ်ပြီး အလွယ်တကူ
ဝင်ငွေရသယောင် ပြောခဲ့ပေမယ့်၊
တကယ်တမ်းကျတော့ ဟောပြောပွဲတွေကို
အချိန်ကုန်ခံ ငွေကုန်ခံပြီး တက်ရတာနဲ့၊
လမ်းစရိတ်တွေ ထောင်းပြီး
အရှုံးပေါ်တဲ့လတွေလည်း မနည်းပါဘူး။
ဒီလို အဖြစ်ကို
မန်ဘာဝင်တွေဘက်က
ကုမ္ပဏီကို နားလည်ပေးပြီး အပြစ်မပြောကြပေမယ့်
မန်ဘာဝင်တွေ လူ မရှာပေးနိုင်လို့ ရောင်းအားမကောင်းရင်
အမှတ်မပြည့်လို့ ဆိုပြီး
ကုမ္ပဏီက bonus ဆုကြေး မပေးကြပါ။
ဒီအပြင် နှိမ်ချင်သလိုလို ပြုမူကြတာ
မန်ဘာဝင်တွေ အဖို့ စိတ်ထိခိုက်စရာပါပဲ။
ဒါကြောင့် mlm မန်ဘာဝင်တွေ အနေနဲ့
MLM ကုမ္ပဏီတွေကို ပြန်လည်တောင်းဆိုနိုင်ပါစေ။
အလကား မန်ဘာဝင်ပြီး လုပ်နေတာ မဟုတ်ပါ။
မန်ဘာဝင်ကြေး ပေးပြီး
ငွေ သိန်းဂဏန်း အကုန်ခံ ရင်းထားရတာပါ။
တောင်းဆိုခွင့်ရှိတာကို တောင်းဆိုနိုင်ကြပါစေ။
စေတနာဖြင့်
By Tin Zaw
®®®®®®®®®®®®®®®®®®®®

� မန်ဘာကြေး သွင်းခိုင်းရင်၊ မတန်တဆ ဈေးကြီးသော ပစ္စည်းများ ဝယ်ခိုင်းရင်၊ နောက်လူ ဓါးစာခံ ထပ်ရှာခိုင်းရင် mlm ခေါ် Multi Level Marketing ဆင့်ပွားကွန်ယက် ထောင်ချောက်ပါပဲ။ အလုပ်ရှင်ကို ပိုက်ဆံပြန်ပေးရတဲ့ အလုပ်သမားမျိုး မတွေ့ဖူးရင် mlm ကုမ္ပဏီတွေမှာ တွေ့ရမှာပါ။ လစာမဲ့ မာကတ်တင်းသမား မတွေ့ဖူးရင် mlm ကုမ္ပဏီတွေမှာ တွေ့ရမှာပါ။ �MLM မန်ဘာဝင်များ ဖတ်ဖို့ ~~~~~~~~~~~~~~~~~~~ mlm ကုမ္ပဏီတွေ အဆွယ်ကောင်းလို့ မန်ဘာဝင်မိတာ မင်းအပြစ် မဟုတ်ဘူး။ ကိုယ့်ဘာသာ လိမ်ခံထိတာတောင် နောက်လူ ဓါးစာခံ လိုက်ရှာနေရင်တော့ မင်းအပြစ်ဖြစ်သွားပြီ။ ⚠ mlm ခေါ် Multi Level Marketing စနစ်တွင် ကုမ္ပဏီ နှင့် မန်ဘာဝင်၏ ကွာခြားချက်များ ⚠ ~~~~~~~~~~~~~~~~~~~~ 💥 ပထမ အဆင့် 💥 မန်ဘာဝင်ဖို့ မန်ဘာကြေး ပေးလိုက်ရတော့ mlm ကုမ္ပဏီက အချောင် ဝင်ငွေရပြီး၊ မန်ဘာဝင်သူက မဆီမဆိုင် ငွေကုန်တယ်။ ( မန်ဘာဝင်က လစာ မရဘဲ မာကတ်တင်း လုပ်ပေးရတဲ့ အပြင် ကုမ္ပဏီကို မန်ဘာကြေး ပြန်ပေးရသေးတယ်။ ) 💥 ဒုတိယ အဆင့် 💥 မတန်တဆ ဈေးကြီးတဲ့ mlm ထုတ်ကုန်တွေကို မန်ဘာဝင်က ငွေကုန်ခံ ဝယ်ရပြီး၊ mlm ကုမ္ပဏီက မြိုးမြိုးမြက်မြက် ဝင်ငွေ ရတယ်။ ( မန်ဘာဝင်တွေ လစာမဲ့ မာကတ်တင်း လုပ်ရတဲ့ အပြင်၊ မတန်တဆ ဈေးကြီးတဲ့ ပစ္စည်းတွေကို ငွေကုန်ခံ ဝယ်ရသေးတယ်။ mlm ကုမ္ပဏီက လစာမဲ့ ဝန်ထမ်းရပြီး မာကတ်တင်း စရိတ်မကုန်ဘဲ အလကား ခိုင်းစားကြပါတယ်။ ) 💥 တတိယ အဆင့် 💥 မန်ဘာဝင်က နောက်လူ ရှာပေးရင် mlm ကုမ္ပဏီက အချောင် ဝင်ငွေ ထပ်ရပြီး မန်ဘာဝင်ကျတော့ ကော်မရှင် အနည်းငယ်သာ ရသည်။ (မန်ဘာဝင်တွေက လူဆွယ်ရင်း သိက္ခာကျရပေမယ့် မဖြစ်စလောက် ကော်မရှင်သာရပြီး mlm ကုမ္ပဏီပိုင်ရှင်တွေက မန်ဘာဝင်တွေကို ခေါင်းပုံဖြတ် ဂုတ်သွေးစုပ်ကြပါတယ်။) 💥 စတုတ္ထ အဆင့် 💥 မတန်တဆ ဈေးကြီးတဲ့ mlm ထုတ်ကုန်ပစ္စည်းတွေကို မန်ဘာဝင်တွေက သိက္ခာကျခံ လိုက်ရောင်းရပေမယ့် ကော်မရှင် မဖြစ်စလောက်သာ ရပြီး၊ mlm ကုမ္ပဏီတွေက မြိုးမြိုးမြက်မြက် ဝင်ငွေရပါတယ်။ ( များသောအားဖြင့် အပြင်လူ ဘယ်သူမှ မဝယ်တော့၊ မိတ်ဆွေ သူငယ်ချင်းတွေကို အတင်းထိုးရောင်းရလို့ ခင်မင်မှုပျက်ပြီး ချဉ်ဖတ်ဖြစ်ခြင်းကို မန်ဘာဝင်တွေ ခါးစည်းခံရပါတယ်။ ဈေးမရောင်း လူမဆွယ်လည်း ရပါတယ်လို့ မန်ဘာဝင်မယ့်သူတွေကို mlm ကုမ္ပဏီတွေက ပြောလေ့ရှိတယ်။ တကယ်တော့ ဈေးမရောင်း လူမဆွယ်ရင် ရပေမယ့် ကုမ္ပဏီကလည်း မန်ဘာဝင်ကို တစ်ပြားတစ်ချပ်မှ မပေးမှာကိုတော့ ထည့်မပြောကြဘူး။ မန်ဘာကြေးယူပြီး ကုမ္ပဏီက အနိုင်ပိုင်းထားတယ်လေ။ မန်ဘာဝင်တွေ ဝင်ငွေမရလို့ စောဒက တက်ရင် အသုံးမကျလို့ မရတာဟု အပြစ်ပြန်တင်ပြီး mlm စနစ်ဆိုးကြောင့် ဖြစ်ရတာကို ဝန်မခံကြပါ။ မန်ဘာဝင်တွေ လစာမဲ့ မာကတ်တင်း လုပ်ပေးလို့ mlm ကုမ္ပဏီတွေ တစ်နေ့တခြား အမြတ်ငွေတွေ ပိုတိုးရလာပေမယ့် မန်ဘာဝင်တွေခမြာ တစ်နေ့တခြား ချွတ်ခြုံကျလာပါတယ်။ ) 💥 နောက်ဆုံးအဆင့် 💥 ကုမ္ပဏီမှာ မန်ဘာဝင် အရေအတွက် ဆက်မတိုးတော့ဘဲ ရပ်တန့်ကာ ထုတ်ကုန်တွေလည်း များများစားစား မရောင်းရတော့ရင် mlm ကုမ္ပဏီတွေက ကုမ္ပဏီ ဖျက်သိမ်းပြီး ငွေထုပ်ပိုက်သွားတယ်။ မန်ဘာဝင်တွေက လက်လွတ်ခွက်ချွတ် ကျန်ခဲ့ပြီး ကိုယ်သွင်းပေးခဲ့တဲ့ မန်ဘာဝင်တွေနဲ့ ပြဿနာတက်ကာ မျက်နှာပျက်ရပါတယ်။ { mlm စနစ်တွင် ကုမ္ပဏီတွေနဲ့ မန်ဘာဝင်တွေရဲ့ ကွာခြားချက်တွေပါ။ } တချို့ မန်ဘာဝင်တွေက mlm နဲ့ ဝင်ငွေရပြီး အောင်မြင်နေပြီလို့ လက်အောက် မန်ဘာဝင်တွေကို အယုံသွင်းပါတယ်။ #တကယ်တော့ လက်အောက် မန်ဘာဝင်တွေကို ချနင်းပြီးမှ ရတဲ့ဝင်ငွေဟာ #သမ္မာအာဇီဝ ဖြစ်ရဲ့လားဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။ mlm ကုမ္ပဏီရဲ့ ဂုတ်သွေးစုပ်တာကို မန်ဘာဝင်တိုင်း ခံကြရပါတယ်။ မန်ဘာဝင်တွေ နာမည်ပျက်ခံ လုပ်ရပေမယ့် အကျိုးအမြတ်ကို mlm ကုမ္ပဏီတွေက ဝါးမြိုသွားကြတာပါ။ *လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ* ============== မြန်မာပြည်မှာ mlm ကုမ္ပဏီတွေ ဆိုးဆိုးရွားရွား သောင်းကျန်းနေကြတယ်။ တောကြိုတောင်ကြား အထိ လိုက်လိမ်နေကြတယ်။ မန်ဘာဝင်တွေကလည်း တုံးပါ့ဗျ။ တောကြိုတောင်ကြားထိ ပင်ပင်ပန်းပန်း လိုက်လိမ်ရတာ မန်ဘာဝင်တွေ။ ကံမကောင်းရင် ခေါင်းကွဲမယ့် ကိစ္စ။ ရတဲ့ အကျိုးအမြတ်ကိုတော့ mlm ကုမ္ပဏီက မြိုစို့ပြီး၊ မန်ဘာဝင်တွေကို ပြန်ပေးတာက အကြွင်းအကျန် အရိုးပမာ ကော်မရှင် တစ်ပဲခြောက်ပြား။ mlm ကုမ္ပဏီတွေက မန်ဘာဝင်တွေကို ဖောင်ဖြည့် လက်မှတ်ထိုးခိုင်းပြီး ဥပဒေကို လက်တစ်လုံးခြားထားတယ်။ ပြဿနာ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် ကုမ္ပဏီတွင် တာဝန်မရှိ။ မန်ဘာဝင် ကိုယ့်ဘာသာ ဖြေရှင်းရမယ်တဲ့။ မန်ဘာဝင်တွေ ရတာက အကြွင်းအကျန် ကော်မရှင်။ ခေါင်းခံရမှာက ၄၂၀ လိမ်လည်မှု။ mlm ကုမ္ပဏီတွေ ကလိမ်ကျ ပုံက ပြောမကုန်အောင်ပါပဲဗျို့။ *လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ* ===================== 💥 mlm မန်ဘာဝင်တွေရဲ့ စိတ်ထဲမှာ Anti - MLM တွေကို ရန်သူလို့ ထင်နေမှာပါ။ ဒါပေမယ့် တကယ်တမ်း စဉ်းစားကြည့်ရင် mlm မန်ဘာဝင်တွေရဲ့ ရန်သူအစစ်ဟာ Anti - MLM တွေ မဟုတ်ပါဘူး။ မန်ဘာဝင်တွေကို တစ်လျှောက်လုံး ခေါင်းပုံဖြတ် ခိုင်းစားနေတဲ့ MLM ကုမ္ပဏီတွေကမှရန်သူအစစ်ပါ။ မန်ဘာကြေး သွင်းထားရပေမယ့်၊ ငွေ သိန်းဂဏန်း အကုန်ခံပြီး ရင်းထားရပေမယ့်၊ အမှတ်မပြည့်လို့ bonus ဆုကြေး မရတာတွေက ခေါင်းပုံဖြတ် ခိုင်းစားခံရသလိုပဲ။ မန်ဘာဝင်ဖို့ ဆွယ်တုန်းက ပြောတဲ့ ဝင်ငွေမျိုး မရကြတဲ့အပြင်၊ အမှတ်မပြည့်ရင် နှိမ်ချင်သလိုလို ပြောဆိုကြတာ လည်း ခံရခက်ပါတယ်။ မန်ဘာဝင်ဖို့ ဆွယ်တုန်းက အချိန်ပိုင်းလုပ်ပြီး အလွယ်တကူ ဝင်ငွေရသယောင် ပြောခဲ့ပေမယ့်၊ တကယ်တမ်းကျတော့ ဟောပြောပွဲတွေကို အချိန်ကုန်ခံ ငွေကုန်ခံပြီး တက်ရတာနဲ့၊ လမ်းစရိတ်တွေ ထောင်းပြီး အရှုံးပေါ်တဲ့လတွေလည်း မနည်းပါဘူး။ ဒီလို အဖြစ်ကို မန်ဘာဝင်တွေဘက်က ကုမ္ပဏီကို နားလည်ပေးပြီး အပြစ်မပြောကြပေမယ့် မန်ဘာဝင်တွေ လူ မရှာပေးနိုင်လို့ ရောင်းအားမကောင်းရင် အမှတ်မပြည့်လို့ ဆိုပြီး ကုမ္ပဏီက bonus ဆုကြေး မပေးကြပါ။ ဒီအပြင် နှိမ်ချင်သလိုလို ပြုမူကြတာ မန်ဘာဝင်တွေ အဖို့ စိတ်ထိခိုက်စရာပါပဲ။ ဒါကြောင့် mlm မန်ဘာဝင်တွေ အနေနဲ့ MLM ကုမ္ပဏီတွေကို ပြန်လည်တောင်းဆိုနိုင်ပါစေ။ အလကား မန်ဘာဝင်ပြီး လုပ်နေတာ မဟုတ်ပါ။ မန်ဘာဝင်ကြေး ပေးပြီး ငွေ သိန်းဂဏန်း အကုန်ခံ ရင်းထားရတာပါ။ တောင်းဆိုခွင့်ရှိတာကို တောင်းဆိုနိုင်ကြပါစေ။ စေတနာဖြင့် By Tin Zaw ®®®®®®®®®®®®®®®®®®®®
https://www.facebook.com/photo.php?fbid=203583670092296&set=a.110296379421026.1073741828.100013219927433&type=3&theater