Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 17, 2017

လုပ်ချင်အုံးဟဲ့ MLM (နိဂုံး)




လုပ်ချင်အုံးဟဲ့ MLM (နိဂုံး)
MLM Company ဘက်မှာအချိန်ပေးရင်း Member အသစ်တွေလူမရသေးတော့ လူထပ်ရအောင်ဆိုပြီး ဒီ MLM Company တွေမကျယ်ပြန့်သေးတဲ့နယ်ဘက်တွေကို ကွင်းဆင်းဖို့ Leader တွေကစီစဉ်ကြပါတော့တယ်၊နယ်ခံတစ်ယောက်နဲ့ချိတ်မယ်၊ပြီးရင်အဖွဲ့လိုက်နယ်ဆင်းပြီးလူရှာကြမယ်ပေါ့၊ဒီတော့ Downline အသစ်တွေထပ်ရလာမယ်၊ Leader တွေအနေနဲ့သူတို့အောက်မှာလူထပ်ရလာမယ်၊လက်ရှိလူသစ်လေးတွေလဲလူထပ်ရနိုင်မယ်ပေါ့လေ၊ဒီလိုနဲ့တောင်ကြီး၊မန္တလေး၊ပြည်..အစရှိတဲ့နယ်ဘက်တွေကိုတစ်ဖွဲ့ပြီးတစ်ဖွဲ့ဆင်းကြပါတော့တယ်၊လက်ရှိ MLM Member တွေအပြင်နယ်ကဈေးကွက်ကိုပါချဲ့ယူလိုက်တဲ့သဘောပေါ့ဗျာ၊နယ်ကလူတွေကလည်းရွာထပ်ဆင်းရွာကတောဘက်ဆင်း၊တောကတော့တောင်ထဲဝင်ပေါ့နော်၊ ဒီတော့ ဒီ MLM, NM စနစ်ကြီးဟာ လူအဆင့်ဆင့်ပူးပေါင်းပြီးဆောင်ရွက်ရတာထက် လူအဆင့်ဆင့်ဆီကပိုက်ဆံကိုအရယူနေသလိုဖြစ်နေတာကိုမြင်မိလာပါတယ်၊ Member တွေလစဉ်ပစ္စည်းဝယ်ရတယ်၊လူသစ်ရမှ၊အမှတ်ထိန်းမှ Bonus တွေ၊ Point တွေနဲ့ပိုက်ဆံထုတ်ရတာမျိုးတွေဟာ တကယ့်စီးပွားရေးထက်တောင်ရှုပ်ထွေးနေပါတယ်။ပြီးတော့ ဒီစနစ်ထဲမှာ ဒုက္ခရောက်နေကြတာတွေလဲမြင်လာပါပြီ၊အချို့ကတော့ဆုပ်လဲစူး၊စားလဲရူးအခြေအနေ၊အချို့ကတော့အခြေအနေမပျက်ပါဘူး၊ဒီကလစဉ်ပစ္စည်းဝယ်ပြီးသူတို့ကိုယ်တိုင်သုံးစွဲနေတော့..အဲလို Member ဝင်အတွက်တော့ဘာမှမထိခိုက်ဘူးလို့ပြောလို့ရပေမယ့် သူကလည်းဈေးမတန်တဲ့၊အရည်အသွေးစိတ်မချရတဲ့ပစ္စည်းကိုဈေးကြီးပေးလစဉ်ဝယ်ယူသုံးစွဲနေရတာမို့နစ်နာပါတယ်။အလုပ်မရှိသေးပဲဒီ MLM အလုပ်ကိုပဲဇောင်းပေးလုပ်နေကြသူတွေကတော့တစ်နေ့တစ်နေ့စာရွက်မှာ ဝ လုံးတွေဆွဲ၊ဘယ်လိုအောင်မြင်မှာပြောပြ၊ဆွယ်ရနဲ့ကိုယ်တိုင်ကတစ်ပြားမှမဝင်သေးတာလဲရှိသလို၊ကိုယ်ကပိုက်ဆံတွေဝင်နေပြီးတကယ်လုပ်ဖြစ်နိုင်တဲ့သူတွေကိုဆွယ်နေတာတွေလဲအများကြီးပါ၊သူတို့အတွက်ကတော့ ပိုက်ဆံလဲတကယ်ဝင်နေပါပြီ၊ဒါပေမယ့် Member အသစ်ကတော့သူတို့လိုရနိုင်ဖို့အတော်လုပ်ရမှာပါ၊ ဖန်ပြားကိုတော့ မသင်္ကလာတာနဲ့ အင်တာနက်မှာတက်ရှာပါတော့တယ်၊တွေ့ပါပြီ၊ Alpha Spin Bio Disc ကြီးကို ဒေါ်လာ ၁၈.၀၀ လောက်နဲ့ရောင်းနေတာ၊ဈေးက ဒေါ်လာ ၁၀ ကနေ ဒေါ်လာ ၅၀ ဝန်းကျင်အတွင်းမှာပဲရှိပါတယ်၊နိုင်ငံခြားကနေပစ္စည်းလှမ်းမှာနေကျမို့လို့ ဒီပစ္စည်းတွေဟာ တကယ့်ဈေးအမှန်ဆိုတာလက်ခံသွားပါပြီ၊ လက်မခံနိုင်တာက ဒီကလူအချို့ပါ၊သူတို့ရဲ့ဆင်ခြေကတော့ အဲဒါကအတုကြီးပါ၊ အဲဒါကထုတ်ကုန်မတူဘူး၊စသဖြင့်ပေါ့လေ၊ဘာပဲပြောပြောသနားဖို့ကောင်းပါတယ်၊ Bio Disc ဟာတကယ်စွမ်းလား၊ လိမ်တာလားဆိုတာတောင် အမေရိကားလိုနိုင်ငံမှာတောင် ငြင်းခုံနေကြဆဲပါ၊အမေရိကားလိုနိုင်ငံကြီးမှာတောင်အဲဖန်ပြားကိုဒေါ်လာ ၅၀၀ လောက်နဲ့ရောင်းနေတာလဲရှိပါတယ်၊ဒါပေမယ့် အများအားဖြင့်ကတော့ ဒေါ်လာ ၅၀ တောင်မကျော်ပါဘူး။ MLM Company တွေကနေပစ္စည်းတွေကိုဈေးအရမ်းတင်ထားတာ၊ Member တွေဆီက အချိန်၊လုပ်အားတွေကို ဂုပ်သွေးစုပ်နေတာတွေကိုမြင်မိပြီးနောက်တော့ ကျွန်တော့်အတွက်စဉ်းစားစရာတွေဖြစ်လာပါပြီ။
ကျွန်တော်ကျောင်းတက်ရင်းသန့်ရှင်းရေး၊စားပွဲထိုးအဆင့်ထိအချိန်ပိုင်းလုပ်ခဲ့ဖူးပါတယ်၊တစ်ခါမှရှက်တယ်လို့လည်းမခံစားဖူးပါဘူး၊ဒါပေမယ့် ဒီအလုပ်လုပ်ကာမှ ကျွန်တော်ကိုယ့်ကိုကိုယ်ရှက်လာမိပါတော့တယ်၊တကယ်ပါ၊ ရင်းထားတဲ့ပိုက်ဆံကလဲပြန်မရ၊ကိုယ့်မိဘပေးတဲ့မုန့်ဖိုးကလဲ ဒီ MLM Company အတွက်လိုက်မိတ်ဆက်ရ၊မုန့်ဆိုင်မှာတွေ့ရ (ကိုယ်ကသူငယ်ချင်း၊မိတ်ဆွေတွေခေါ်ထားမှတော့ကျွေးရတာပေါ့ဗျာ) ပြီးတော့ ကိုယ့် Up Line အဆင့်ဆင့်ကရမယ်၊ဘာပဲလုပ်လုပ်ထိပ်ဆုံးကလူရမယ်၊ ဒီအတွက်ကျွန်တော်အသုံးချနေရတာက ကျွန်တော့်မိဘမျက်နှာ၊ဆွေမျိုးအသိုင်းအဝိုင်း၊ကျွန်တော့်မိတ်ဆွေတွေ၊သူတို့ရဲ့အချိန်တွေ၊ကျွန်တော့်ရဲ့အချိန်တွေ၊မိဘပိုက်ဆံ၊ ဒါတွေဟာ ကျွန်တော့်အတွက် အဓိပ္ပါယ်မဲ့လာသလိုပါပဲ၊ပြီးတော့ ကျွန်တော့်ကိုကျွန်တော်မေးခွန်းထုတ်မိပါတော့တယ်၊ ငါတကယ်ဘာဖြစ်ချင်နေတာလဲလို့?? ထမင်းစားဖို့လား? ပိုက်ဆံလိုလို့လား? ဝင်ငွေလိုလို့လား? ဂုဏ်ရှိဖို့လား? ချမ်းသာဖို့လား? ချစ်သူတစ်ယောက်လား? မိတ်ဆွေတွေလား? စသဖြင့်ပေါ့လေ၊ နောက်အဖြေရလာတာက ကိုယ်ကစိတ်လေနေတယ်၊မိတ်ဆွေအသစ်တွေလိုချင်တယ်၊ပါတ်ဝန်းကျင်အသစ်လိုချင်တယ်၊ချစ်သူတစ်ယောက်လိုချင်တယ်၊အလုပ်တစ်ခုခုလုပ်နေချင်တယ်ပေါ့၊ ဒီဘက် MLM ကမိတ်ဆွေတွေထဲမှာလည်း တကယ်ခင်သွားတဲ့လူတွေရှိပါတယ်၊ အချိုကလည်းအပေါ်ယံပါပဲ၊ ပြီးတော့ စီးပွါးရေး၊အောင်မြင်ရေး၊ဈေးကွက်ဘယ်လိုဘာညာရှင်းပြနေကြတဲ့ MLM Member အများစုဟာ သူတို့ကိုယ်တိုင် တကယ့်စီးပွါးရေးကဘယ်လို၊တကယ့်ဈေးကွက်ဖော်ဆောင်မှုကဘယ်လို၊ ရာသီဥတုနဲ့ကုန်ဈေးနှုန်းသက်ဆိုင်လား၊မသက်ဆိုင်ဘူးလားဆိုတာတောင်မသိကြတာများပါတယ်၊ဒီ MLM လောကထဲက စီးပွါးရေးသဘောတွေလောက်ပဲသိထားကြတာများပါတယ်၊တစ်ရက်တော့ အဲကခင်တဲ့သူအချို့ကို (Downline မရ၊ဝင်ငွေမရှိအလုပ်လက်မဲ့နေကြသူအချို့) ကိုအိမ်မှာနေရင်းပိုက်ဆံဝင်အောင်လုပ်လို့ရတဲ့နည်းလေးတွေပြောပြဖြစ်ပါတယ်၊အချို့ပိုက်ဆံအရင်းအနှီးမလိုပဲလုပ်လို့ရတဲ့အလုပ်လေးတွေ၊ပိုက်ဆံနဲနဲလေးနဲ့လုပ်လို့ရတဲ့အလုပ်လေးတွေပေါ့နော်..အားလုံးကိုရှင်းပြ၊ပြောပြပါတယ်။
အကုန်လုံးက ပါးစပ်အဟောင်းသားလေးတွေနဲ့၊ တကယ်ဆို သူတို့ လူသစ်ရှာတိုင်း ဒီ MLM ကကောင်းတဲ့စီးပွါးရေးဘာညာပြောပြထားတာတွေကစီးပွါးရေးပညာရှင်တွေလိုပါပဲ၊ဒီလောကရဲ့သဘောကိုကအတွင်းမှာပဲပြန်ပိတ်မိနေရသလိုပါ၊အပြင်လောကရဲ့စီးပွါးရေးနဲ့ဘဝတစ်ခုလိုကွာခြားနေတယ်လို့ခံစားရပါတယ်၊အားလုံးရဲ့စိတ်ထဲမှာ ဒီ MLM Company ကငါတို့ Network၊ ငါတို့ပိုင်တာ၊ငါတို့ကလုပ်ငန်းရှင်တွေ၊ငါတို့ကစွန့်ဦးတီထွင်သူတွေ၊ငါတို့ကသူဌေးလောင်းတွေ..ဒီလိုပုံစံတွေနဲ့တက်ကြွ၊ ထပ်ခါထပ်ခါခေါင်းထဲကို OP ပွဲတွေ၊ပါတ်ဝန်းကျင်၊ဒီ MLM အသိုင်းအဝိုင်းထဲမှာ ဒါတွေပဲ Looping (Repeat) ပြန်ပါတ်နေကြတော့ စိတ်ထဲမှာသံမှိုလိုစွဲပြီး အခြားအလုပ်တွေလုပ်ရင် ဝန်ထမ်းဘဝသိမ်ငယ်ရမှာ၊မချမ်းသာတော့မှာ၊တစ်ဘဝလုံးဆင်းဆင်းရဲရဲပဲနေရတော့မလို၊သူများအောက်ကျနေရမှာ၊အလုပ်နဲ့အိမ်၊အိမ်နဲ့အလုပ်ပဲဖြစ်ပြီးအချိန်ပိုမရတော့မှာကို အလိုလိုစိုးရိမ်သွားကြမလားလို့တောင် ကျွန်တော်ထင်မိပါတယ်။ Brainwash ပေါ့နော်။ဒီနောက်ပိုင်းကောင်မလေးကလည်း အလုပ်ကိစ္စသက်သက်ဆက်ဆံနေရသလိုပါပဲ၊ကျွန်တော့်ဘက်ကပုဂ္ဂိုလ်ရေးပဲပက်သက်ချင်တော့ပါတယ်၊
ဒီ MLM, NM, အလုပ်ဟာ Life Carrier အတွက်ရွေးရမယ့်အလုပ်မဟုတ်ပါဘူး၊ပြီးတော့ စစ်မှန်တဲ့ဈေးကွက်ဖြန့်ချီရေးစနစ်မဟုတ်ပါဘူး၊ပြီးတော့ စစ်မှန်တဲ့ဈေးရောင်းချခြင်းအတတ်ပညာလဲမဟုတ်ပါဘူး၊စစ်မှန်တဲ့ကုန်သွယ်မှုစနစ်လဲမဟုတ်ပါဘူး၊ အဓိက က လူရှာမယ်၊လူတွေကပစ္စည်းဝယ်သုံးမယ်၊လူရှာမယ်၊ ဒါနဲ့ပဲ သံသရာလည်နေပြီးထိပ်ဆုံးကလူတွေကောင်းစားမယ်၊ MLM Company ဘက်ကပိုကောင်းစားနေပါပြီ။ဒီလိုလေ့လာရင်း Member တွေကိုကျွန်တော်သနားလာပါတယ်၊ကိုယ့်ကိုကိုယ်သနားတယ်ဆိုတာကလည်း ကိုယ့်အသိုင်းအဝန်း၊အချိန်တွေ၊ပညာတွေ၊ဂုဏ်တွေကို ဒီ MLM Company အတွက်ချပြီးရင်းနှီးနေရတာတွေအတွက်ပါ၊တကယ်တော့အဲလိုရင်းနှီးပေးရအောင် ထိုက်တန်ရဲ့လား? မတန်ပါဘူးဗျာ၊ကျွန်တော့်အနေနဲ့ပိုက်ဆံတစ်ပြားလောက်ရဖို့ ဆွေမျိုးအသိုင်းအဝန်းတွေ၊မိတ်ဆွေတွေအားလုံးကိုရင်းရမှာပါ၊ကောင်းစားမှာကျွန်တော်မဟုတ်ပဲအထက်ကလူတွေပါ၊ဒီလောကထဲရောက်နေပြီး မိမိသင်ယူထားခဲ့တဲ့ပညာတွေကိုမှအားမနာဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့လူတွေဟာလည်း သူတို့ဘဝတွေကို MLM Company အတွက်သွားရင်းထားကြပါတယ်၊သူတို့အနေနဲ့ ဘဝတွေတကယ်ကောင်းစားစေချင်တာလား၊တကယ်ကောင်းစားစေချင်ပေမယ့်နည်းလမ်းကြီးကရေလိုက်လွဲနေတယ်ဆိုတာမသိရှိတာလား၊နားမလည်တာလား၊မသိချင်ယောင်ဆောင်နေတာလား၊အတ္တကြီးနေတာလားဆိုတာတော့ သူတို့ကိုယ်တိုင်ပဲသိရှိမှာပါ၊လူဆိုတာဘာပဲလုပ်လုပ် ကိုယ့်လိပ်ပြာကိုယ်လုံရပါမယ်၊ကျွန်တော်အဲမှာလုပ်နေတာ စိတ်မလုံတော့ပါဘူး။တစ်ရက်ကျွန်တော့်သူငယ်ချင်းကအလုပ်သွားလျှောက်မလို့လိုက်ခဲ့ပါဆိုတာနဲ့ကျွန်တော်က ဒီ MLM Company ဘက်ကိုခေါ်လိုက်ပါတယ်၊ပြီးတော့ကျွန်တော့်အိမ်က ကျွန်တော့် CV တွေယူခဲ့ဖို့လည်းမှာလိုက်ပါတယ်၊ ကျွန်တော်အလုပ်တစ်ခါလျှောက်ရင် CV တွေအများကြီးကြိုပြင်ထားတတ်ပါတယ်၊အလုပ်လျှောက်ချင်ရင် ရပ်ကွက်ထောက်ခံစာရယ်၊ရဲစခန်းထောက်ခံစာရယ်မှာရက်စွဲထည့်ရုံအသင့်ပြင်ဆင်ထားပါတယ်၊လိုအပ်တဲ့စာရွက်စာတမ်းတွေပါပူးထားပြီးသားအသင့်လုပ်ထားတတ်ပါတယ်။တစ်ခါတစ်ခါအလုပ်ကရှိတယ်၊CV ကအသင့်ပဲ ;) (အခုကတော့ CV တွေမပြင်ထားတော့ပါဘူး၊ငါနောက်ထပ်သူများအလုပ်မလုပ်တော့ဘူးဆိုပြီးကိုဖြဲပစ်လိုက်ပါပြီ။) သူငယ်ချင်းလမ်းကြုံယူလာပေးတဲ့ CV နဲ့၂ယောက်သားသူလျှောက်ချင်တဲ့ အလုပ်သွားလျှောက်ကြရင်း လမ်းကြုံဝင်အလုပ်လျှောက်တဲ့ကျွန်တော်က အလုပ်တန်းရသွားပါတယ်၊ (ဘုရားတရားသမားကိုး :P) အလုပ်ရတော့ လစာကတော့နည်းပါတယ်၊ဒါပေမယ့်အတွေ့အကြုံတစ်ခု၊ပညာတစ်ခုရမယ်ဆိုတော့ဝင်လုပ်ရင်း ဒီအလုပ်ကလူတွေကို MLM Company ထဲဆွဲသွင်းချင်တဲ့စိတ်ကပါပြန်ဝင်လာပါတယ်၊ အဲကညီမလေးတစ်ယောက်ကိုလုပ်ငန်းအကြောင်းရှင်းပြရင်း ကျွန်တော်စဉ်းစားမိတာက ကျွန်တော်သုံးဖြုံးနေတာတွေကလုံးဝကိုမိုက်မဲမှုတွေပါပဲ၊လစာလေးတစ်ခါရဖို့တစ်လလုံးအချိန်ကုန်ခံ၊အပင်ပန်းခံလုပ်လိုက်ရတာ၊လစာလေးတော့နှမြောသားဗျ၊မိဘပိုက်ဆံသာမနှမြောမိခဲ့တာလေ၊ဒီတော့ ရုံးကပင်ပင်ပန်းပန်းနဲ့လုပ်ပြီးရတဲ့လစာလေးတွေကို MLM Company တွေဆီမှာဆက်ကြေးပေးဖို့ကျွန်တော်မဆွယ်ရက်တော့ပါဘူး။သူ့ကိုလဲရှင်းပြထားပြီးရပ်လိုက်ပါတယ်။
ကျွန်တော်လည်းလုံးဝကိုဆက်မလုပ်ဖြစ်တော့ဘူး၊အဲကလူတွေနဲ့လည်းမတွေ့ဖြစ်တော့ပါဘူး။ Up Line ကောင်မလေးနဲ့ကတော့အဆက်အသွယ်တော့ရှိပါတယ်။ တစ်ရက်တော့ ဒီ MLM Company ကြီးရဲ့စနစ်သာအကောင်းဆုံး၊ဒီကထုတ်ကုန်တွေသာအကောင်းဆုံး၊ဒီ MLM Company ကသာ Network Marketing အစစ်အမှန်ပါဆိုတဲ့ Up Line ကောင်မလေးက ကျွန်တော့်ကိုဆက်သွယ်ပါတယ်၊သူဒီထက်ကောင်းတဲ့ MLM Company တစ်ခုတွေ့ထားပြီတဲ့၊စနစ်ကလည်းအရမ်းမိုက်တယ်တဲ့၊ပြီးတော့လုံးဝအသစ်စက်စက်ပါတဲ့၊အစ်ကိုတစ်ခါတည်းလာခဲ့ပါတဲ့။ ကျွန်တော်မသွားခဲ့ပါဘူး၊နောက်ဆက်တွဲကြားတာကတော့သူတို့အတွဲလိုက်ပြောင်းသွားကြပါတယ်၊ပြီးတော့အဲမှာလဲနေရာရနေကြပါပြီ၊အဲ MLM Company ကလည်းခုအရမ်းကိုခေတ်စားနေတာလေ၊နာမည်ကြီးနေပြီပေါ့ဗျာ၊အဲမှာလည်းသူတို့လေးတွေကိုမြင်နိုင်သလို ကျွန်တော့် Crush လေးကိုလည်းမြင်နိုင်မှာပါ ;) ကျွန်တော်သာလိုက်ပြောင်းခဲ့ရင် နေရာတစ်ခုခုလည်းရချင်ရမှာပါ၊ရဖို့လည်းများပါတယ်၊ဘာလို့လည်းဆိုတော့ သူ့ကြောင့်ဆုံးရှုံးခဲ့ရတာကိုသူပြန်ပေးချင်တဲ့စေတနာလဲပါချင်ပါမှာပါ၊ ဒီ MLM Company မှာ ၅ နှစ်အတွင်းကြိုးစားပါဆိုတဲ့ Leader အစ်မလည်းအဲဒီ MLM Company အသစ်ကိုအတွဲလိုက်ပြောင်းသွားလားမေးမနေပါနဲ့၊ Crusch လေးရဲ့အမေကပြောပြဖူးပါတယ်၊ ဒီ MLM လောကမှာ လူဆွယ်ရင် လုံးဝမလုပ်ဖူးတဲ့လူက လုပ်ဖို့ဖြစ်နိုင်တယ်၊ ဒီ Network ကနေထွက်ခွါသွားတဲ့လူကိုပြန်ဆွယ်ဖို့ကအရမ်းခက်ခဲတယ်တဲ့၊ ဟုတ်ပါတယ် Prefessional MLM သမားတွေပါ၊သူတို့က Company သာရင်ပြောင်းပါတယ်၊အကျိုးအမြတ်လဲအများဆုံးရကြပါတယ်၊ပြီးတော့ အဲဒီအလုပ်နဲ့ကိုလုပ်စားရင်းဝင်ငွေတွေနဲ့အခြားအလုပ်ထဲမှာမြှုပ်ထားပါတယ်၊ တကယ်ဒုက္ခခံစားရတာက Downline အသစ်လေးတွေ၊ဒီလောကကိုခုမှဝင်တဲ့သူလေးတွေပါ၊ ယူတို့ရဲ့ဘဝ၊အချိန်၊ငွေတွေကို တကယ်စားသုံးနေတဲ့ တကယ့် Prefessional MLM သမားကြီးတွေရှိပါတယ်လို့ပြောလိုပါတယ်။ ကျွန်တော့်ရဲ့ Leader အစ်မကတော်ပါတယ်၊သူ့ကိုကျွန်တော်ယုံကြည်ပါတယ်၊ခုထိလည်းယုံကြည်ပါတယ်၊ကျွန်တော်မယုံကြည်တာက ဒီ MLM, NM, DSA အစရှိတဲ့ စနစ်ကြီးပါ၊ ကျွန်တော် သူတို့အားလုံးကိုမမုန်းသလိုမနာလိုလဲမရှိပါဘူး၊ဒါပေမယ့် ဒီ MLM, NM, DSA စတာတွေကိုတော့ လုံးဝလက်မခံတော့တာပါ။သူတို့နဲ့ကျွန်တော်မိတ်ဆွေပါပဲ၊ဒါပေမယ့်အလုပ်သဘောအရမိတ်ဆွေမဖြစ်ချင်တော့တာပါ။
အဓိက ကတော့ ဒီ MLM, NM, Direct Selling စနစ်ကြီးကကို မကောင်းတာပါ။ MLM အစစ်အမှန်ကြီးဆိုလဲ၊ Network Marketing ပါဆိုလဲ၊ Direct Selling ဆိုလဲ မလုပ်ကြပါနဲ့၊သူ့စနစ်ကိုက ထုတ်ကုန်ရောင်းချရာကနေငွေဝင်မှာမဟုတ်ပဲ အောက်လူအဆင့်ဆင့်ကနေ ရလာတဲ့ဝင်ငွေကိုအစိတ်သေးသေးလေးတွေပြန်မျှပေးပြီး MLM Company ဘက်ကအများကြီးသယ့်ယူသွားတာဖြစ်ပါတယ်။အကောင်းဆုံးစီးပွါးရေးအသိပညာတွေသင်ပေးတယ်ဆိုတာကလည်း ကိုလိုနီခေတ်ကျွန်ပညာရေးထက်ဆိုးပါတယ်၊ သူကတော့ MLM ကျွန်ပညာရေးပါပဲ၊လူရှာ၊လူဆွယ်၊ပိုက်ဆံယူပါပဲ၊ တကယ့်စီးပွါးရေးသဘောတရားအမှန်တွေကိုတကယ်မတတ်ကြပဲဒီလောကရဲ့သဘောတရားတွေသာခေါင်းထဲထည့်ပေးမှာဖြစ်လို့တကယ့်လုပ်ငန်းရှင်ဖြစ်ချင်ရင် MLM, NM, DSA မလုပ်ပါနဲ့။ဘာပွဲ၊ညာပွဲတွေဆိုတာကလည်းပိုက်ဆံကုန်ပါတယ်၊မိတ်ဆွေအနေနဲ့ တကယ်အောင်မြင်ချင်ရင်တကယ့်အပြင်လက်တွေ့လောကထဲမှာပဲသင်ယူပါ၊ကြိုးစားပါလို့အကြံပြုရင်းနိဂုံးချုပ်ပါတယ်။ ^_^
Thanks for Reading!
#Bryan
Feb 17, 2017 (FRI, 10:46 AM)
https://www.facebook.com/groups/myanmarmlmtruth/permalink/599495130243643/