Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

MLM မလုပ်သင့်တဲ့သူ





MLM မလုပ်သင့်တဲ့သူ
---
ကျနော် ဆွေးနွေးချင်တာကတော့ ကျနော် သဘောပေါက်တဲ့ စီးပွားရေး စီမံခန့်ခွဲမှု ဘက်ကမြင်တဲ့ အမြင်ပါ။
MLM စနစ် ကောင်းတယ် မကောင်းဘူးဆိုတာထက် ဘယ်သူတွေ က MLM ကို မလုပ်သင့်ဘူးလည်းဆိုတာကို
စဆွေးနွေးရမယ်ဆိုရင်ဖြင့်
Multi level marketing က Network Marketing တစ်ခုပါပဲ။
ဒါ့ကြောင့်
၁) သူရဲ့ အဓိက ပထမဆုံး ရင်းနှီးမြှပ်နှံခြင်း (investment) က network ပါပဲ။ ဒါကို နားလည်မှကို ရမှာပါ။
ဒီကိစ္စကို MLM သမားတွေ သိပ်မရှင်းပြကြပါဘူး။
Network ဖြစ်ပြီဆိုမှတော့ Communication (ဆက်သွယ်ခြင်း)
အဲ့ communication တွက် နည်းလမ်းတွေရဖို့ သင့်ကို MLM သမားတွေဟာ သူတို့ စနစ်ထဲ ဝင်လာခဲ့ဖို့ စည်းရုံးကြပါလိမ့်မယ်။
အဲ့စနစ်ထဲကို သင်ရောက်သွားပြီဆိုတာနဲ့ သင့်အကြည့် အပြုံး သင့် နေထိုင်ပုံဟာ (၀၀၇) ဘွန်း ဂျိမ်း ဘွန်းလို ပုံသွင်းခဲ့ရပြီ သင်တစ်ခြားကား ပြောင်းရိုက်အခါ သင့်အား ဂျိမ်းဘွန်းလို့ပဲမြင်သွားတတ်ကြပါတယ်။
၂) ဒုတိယ investment ကတော့ အချိန်ပါပဲ။
၃) နောက်ဆုံးတစ်ခုကတော့ ပိုက်ဆံပါပဲ
ကဲ ဒီ investment (၃)ခုကို သုံးကြည့်ပြီး MLM မလုပ်သင့်တဲ့ သူ ခွဲထုတ်ကြည့်ရအောင်
MLM ကို ဝင်တာနဲ့ ကိုယ် က customer လည်းဖြစ် Marketer လည်းဖြစ်မှာပါ။ marketer ဖြစ်မှ ပိုက်ဆံပြန်ဝင်မှာပါ။ ဒါ့ကြောင့် marketing ဆင်းရပါ့မယ်။
ကိုယ်တိုင်က Customerဖြစ်ပြီဆိုတော့ ပစ္စည်းဝယ်ဖို့တွက် ပိုက်ဆံ ၊ marketing ဆင်းဖို့ ပိုက်ဆံ ၊ အနည်းဆုံးလိုအပ်ပါလိမ့်မယ်။ (၁)လစာ တွက်ထားရပါလိမ့်မယ်။
ဥပမာ - marketing cost and product cost ကို (၁)လ ၄ သိန်းလောက်ပဲ သုံးရမယ်ဆိုပါစို့ ဝင်ငွေ ပြန်ရှာရတော့မယ်။
တစ်လ (၄)သိန်းဖိုးသုံးရမယ်ဆိုတော့ ဟိုအပေါ်က အချက်တွေကိုပါ equation ချပြရမယ်ဆိုရင်
Network + Product Cost + Marketing Time = Profit
ဘာ့ကြောင့်ကို အရေးတကြီး ထည့်တွက်ရလည်းဆိုတာကတော့ ကျနော် - MLM မလုပ်သင့်တဲ့ သူကို ထောက်ပြချင်လို့ပါပဲ။
Network ကို အခြေခံပြီး Profit တွက်ကြည့်ရအောင်။
Product တွေ က ကောင်းပါတယ် ဈေးပေးရပါ့မယ်။ ဒါ့ကြောင့် တစ်ခု ဝယ်ဖို့ အတော် စဉ်းစားပါလိမ့်မယ်။ ဒါ့ကြောင့်
သင့်ရဲ့ Network (ပတ်ဝန်းကျင်မှာ) ငွေဖြုန်းနိုင်တဲ့ သူရှိလား? ဆိုတာကို မဝင်ခင် စဉ်းစားပါ။ မရှိရင် မလုပ်ပါနဲ့။(၄)သိန်း နဲ့ဆို ကော်ပြန့်စိမ်း ရောင်းနိုင်ပါတယ်။ ရောင်းကောင်းရင် (၄)သိန်းဆိုတာ ၂ ပတ်လောက်နဲ့ အရင်း ကျေနိုင်ပါတယ်။ အဲ့ဒီ့အခါ ကြာဇံကြော်ပါ ခေါက်ဆွဲကြော် တွဲရောင်းပါ။ခုခေတ်က ကားတွေပိတ်တော့ ညစာကို ဟင်းချက်မစားနိုင်ကြတော့ပါဘူး။ မကြာခင်မှာ (၈)သိန်း မြတ်လာနိုင်ပါတယ်။ ထိုအခါ (ဆိုင်)တစ် (ဆိုင်) ခွဲဖွင့်ဖို့ကြိုးစားပါ။ ဘုရားပွဲတွေပါ လိုက်ရောင်းပါ။ (၁)နှစ်အတွင်းမှာ သင် (၁)လကို (၈)သိန်း အမြတ်ရနိုင်ပြီး ဝန်ထမ်းတွေပါ ရလာနိုင်ပါတယ်။ ဥပမာ တရုတ်တန်းက (ခေါက်ဆွဲကြော်) ရောင်းရင်း ချမ်းသာတဲ့ သူတွေ ကိုကြည့်ပါ။
မှတ်ချက်။ ။ MLM ထက် စားသောက်ဆိုင်က ပိုပြီး ဝင်ငွေခိုင်းနိုင်ပါတယ်။ MLM က ကိုယ်က သူ့ဆီကို marketing လုပ်ရတာ။ စားသောက်ဆိုင်က အရသာကောင်းပြီး စေတနာပါရင် စားသုံးသူက အပြည့်ပဲ။
သင် ငွေဖြုန်းနိုင်တဲ့ သူတွေဆီကို သွားပြီး marketing ဆင်းဖို့တွက် သင့်မှာ ဝတ်ကောင်း စားလှရှိပါသလား? သူတို့သွားလာတတ်တဲ့ စားသောက်ဆိုင်တွေမှာ သင် ဝင်စားနိုင်ပါသလား။ ဟောပြောပွဲတွေ သင်တတ်နိုင်ပါသလား? မရှိရင် မစားနိုင်ရင် မသွားနိုင်ရင် MLM ကို မလုပ်ပါနဲ့
ကိုယ့် အပေါ်မှာ upline တွေ များနေပြီဆိုရင် မလုပ်ပါနဲ့
သင့်ကို ငွေဖြုန်းနိုင်တဲ့ သူတွေ
ဘက်က ယုံကြည်ရလောက်တဲ့
ရုပ်ရည်ရူပကာ (သို့မဟုတ်)
အပြောအဆို တတ်မှု (သို့မဟုတ်)
ဝတ်စား ဆင်ယင်မှု (သို့မဟုတ်)
ငွေဖြုန်းပြနိုင်မှု စတာတွေ ရှိပါသလား?
မရှိရင်တော့ MLM မလုပ်ပါနဲ့။
MLM ဟာ ငွေဖြုန်း နိုင်တဲ့ သူတွေရှိတဲ့ Market ကို Target ထားတာပါ။ (၁)လအတွင်း ဘာဖြစ်သွားတယ် ရာထူးတက်သွားတယ် ဆိုတဲ့ သူတွေ အများစုရဲ့ background ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်လို့ နိဂုံးချုပ်ပါတယ်