Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

MLM ဟာအပိုဝင်ငွေရတဲ့လုပ်ငန်းဟုတ်လို့လား ????


MLM(ဆင့်ပွား​​စနစ်)​အ​ကြောင်း​ပြောပါရ​စေ။
သိသင့်​သည့်​အချက်​မှာ​သူတို့ကြေငြာထားသည့်​အတိုင်း
"အပိုဝင်​​ငွေလိုချင်​သူများအတွက်​လက်​မလွှတ်
သင့်​​သောအခွင့်​အလမ်း​ကောင်း"
ဆိုသည်​မှာ မမှန်​ကန်​ပါ။
သင့်​အတွက်​"မွဲ​ဆေး"ဆိုလျှင်​ ပိုမှန်​ပါသည်​။
အဘယ်​​ကြောင့်​ဆို​သော်​ သင့်​စတင်​လုပ်​ကိုင်​ပါက
မန်​ဘာ​ကြေး(ဝါ)အသင်းဝင်​​ကြေး​ပေးရမည်​။
ကိုယ်​တိုင်​အသုံးပြု၍​သော်​လည်း​ကောင်း၊တစ်​ဆင့်​ပြန်​လည်​​ရောင်းချ၍​သော်​လည်း​ကောင်း သင့်​ရင်းနှီးမြုပ်​နှံ
ရမည့်​ ပမာဏ အနည်းအများရှိသည်​။
ထို့ပမာဏ ပြန်​ရရန်​ သင့်​အသိမိတ်​​ဆွေ၊
အ​ပေါင်းအသင်းများကိုမြူဆွယ်​စည်းရုံးရမည်​။
၆လအတွင်း လစဉ်​မိမိ​​အောက်​တွင်​မိတ်​ဆက်​ထား​သောသူများအနည်းဆုံး၆ဦးမှာအများဆုံး၆၄ဦး
ရှိရမည်​။
ထို့သူများ၏ လစဉ်​ဝယ်​ယူသည့်​ပမာဏအ​ပေါ်
သင့်​အတွက်​ ဆု​ကြေးပမာဏ အနည်းငယ်​ပြန်​ရပြီး
သင့်​​အောက်​လူများ အရင်းမ​ကျေပဲအရှူံး​ပေါ်​နေမည်​။
သင့်​လည်း ဝယ်​ယူသည့်​ပမာဏအတွက်​ကျသင့်​​ငွေ၊
ပြန်​လည်​​ရောင်းချသည့်​အ​တွက်​ကုန်​ကျစရိတ်​၊
သင့်​အ​ထွေ​ထွေစရိတ်​ စသည့်​ အသုံးစရိတ်​များ၊
အချိန်​များ အရှူံး​ပေါ်နိုင်​ပြီးအမြတ်​မထွက်​နိုင်​ပါ။
သင့်​တစ်​နှစ်​အတွင်း သင့်​​အောက်​၌မန်​ဘာ​ပေါင်း ရာ​ကျော်​ရှိပြီး လစဉ်​ထို့သူများ၏ ​ရောင်းအားပမာဏ
အ​မြောက်​အများရှိမှသာလျှင်​ သင့်​အတွက်​ဆု​ကြေးပမာဏ အ​တော်​အသင့်​ရရှိပြီး သင့်​​အောက်​လူ အနည်းငယ်​သာ ဝင်​​ငွေရရှိပြီး​အောက်​ဆုံးမှလူအများ အရှူံး​ပေါ်​နေမည်​။
သင့်​ဆု​ကြေးအ​တော်​အသင့်​ရရှိ​သော်​လည်း လစဉ်​အထက်​ပါကုန်​ကျစရိတ်​များရှိ​သည့်​ကို သင့်​သတိပြုပါ။
၂နှစ်​အတွင်း သင့်​​အောက်​၌မန်​ဘာ​ထောင်​​ပေါင်းများစွာ
ရှိမှသာလျှင်​ သင့်​အကျိုးအမြတ်​စတင်​ခံစားရပြီး
အောင်​မြင်​မှု​ခြေလှမ်းစတင်​​ကောင်းစတင်​ပါလိမ့်​မည်​။
သတိပြုရန်​ သင့်​ရင်းနှီးထား​သောအချိန်​နှင့်​​ငွေပမာဏကိုပြန်​စဉ်းစားပါ။သင့်​မိတ်​ဆက်​​ခေါ်ယူ
ထား​သော သင့်​မိတ်​​ဆွေများ၏ အ​ခြေအ​နေပြန်​လှည်ကြည့်​ပါ။သင့်​​အောင်​မြင်​မှုစတင်​ဖို့ သင့်​​အောက်​လူ
ထောင်​​ပေါင်းများစွာကို မ​စ​​တေးလိုက်​ပါနဲ့။
သင့်​​အောင်​မြင်​​​မှုမြင့်​လာ​လေး သင့်​​အောက်​လူ​တွေ ဆုံးရှူံးမှု များ​လာ​လေးပါပဲ။
သင့်​အပိုဝင်​​ငွေဆိုသည်​မှာ လစဉ်​​ငွေစု​နေရသလိုပါပဲ။
သို့​သော်​သင့်​လစဉ်​စု​ငွေအကုန်​ပြန်​မရပါ။
ထို့​ကြောင့်​သင့်​မွဲ​ဆေး​ဖော်​မည့်​အခွင့်​အလမ်းသာ
ဖြစ်​သည်​။
"တရားဝင်​မှတ်​ပုံတင်​ထားပြီး
FDA ​ထောက်​ခံချက်​ရရှိထားသည်​"
ရှင်းပြပါရ​စေ။"တရားဝင်​မှတ်​ပုံတင်​ထား"
ဘာကိုမှတ်​ပုံတင်​ထားတာလဲ။
ကုမ္ပဏီ?​ဆေး?(ဓာတ်​စာ)နည်းစနစ်?(MLM)
ကုမ္ပဏီ တရားဝင်​မှတ်​ပုံတင်​ထားတာမှန်​တယ်​။
ကုမ္ပဏီ တိုင်​ လုပ်​ရပာတယ်​။
သင့်​၌၁၅သိန်းရှိလျှင်​ရပါပြီး။
ဓာတ်​စာ အတွက်​ FDA ​​ထောင်​ခံချက်​?
ေ​ဆး (ဓာတ်​စာ)
စား​သုံးရန်​သင့်​/မသင့်​ ​ထောက်​ခံတာပါ။
သူတို့​ဆေး(ဓာတ်​စာ)​ကောင်းပါသည်​၊​ပျောက်​ပါသည်
ဟု​ထောက်​ခံ​ပေးခြင်းမဟုတ်​ပါ။
ဒီ​နေရာမှာ ​ဆေးဆိုသည်​မှာ ​ရောဂါ​ဝေသနာ သက်​သာ
ပျောက်​ကင်းရန်​ ​ထုတ်​လုပ်​ခြင်း ဖြစ်​သည်​။
ဓာတ်​စာ ဆိုသည်​မှာ လူခန္ဓာကိုယ်​ ​နေ့စဉ်​လိုအပ်​သည့်​ အာဟာရဓာတ်​ကို ဖြည့်​စွက်​ရန်​ ထုတ်​လုပ်​​ခြင်း
ဖြစ်​သည်​။
ဓာတ်​စာသည့်​ မည်​သည့်​ ​ရောဂါ​ဝေသနာများကို ကြိုတင်​ကာကွယ်​ ကုသ ​ပျောက်​ကင်း ပါမည်​ဟု
မရည်​ညွှန်းထားပါ။
ဓာတ်​စာ ဆိုသည်​မှာ လူတိုင်း ​နေ့စဉ်​စားသုံး​နေသည့်
အသီးအနှံ၊အသီးအရွက်​၊သစ်ဥသစ်ဖု​​များကို မစားသုံး​သူများအတွက် ​အစားထိုးစားသုံးရန်​ထုတ်​လုပ်​ထား​သောဖြည့်​စွက်​အာဟာရ များဖြစ်​သည်​။
သင့်​ပတ်​ဝန်းကျင်​တွင်​ဓာတ်​စာများကို ရောဂါပျောက်​ကင်း၊သက်​သာပါသည်​၊ကြိုတင်​ကာကွယ်​နိုင်​ပါသည်​ ဟု​ပြောလာလျှင်​ လူလိမ်​များသာဖြစ်​သည်​။
သင့်​အရင်းအနှီးအနည်းငယ်​ဖြင့်​ လစဉ်​ဝင်​​ငွေရမည်​။
ချမ်းသာနိုင်​မည်​ဟု​ပြောလာလျှင်​လူလိမ်​များသာ
ဖြစ်​သည်​။
ထို့သို​ပြောဆိုလာလျှင်​ ဗီဒီယို၊ဓာတ်ပုံ၊​အသံ ဖမ်းပြီး
သိမ်းဆည်း​ပေးပို့နိုင်​ပါသည်​။
MLM?/NM?/DSA?
MLM ကုမ္ပဏီတိုင်း ဆင့်​ပွားစနစ်​၊ကွန်​ယက်​စနစ်​၊
တိုက်​ရိုက်​​ရောင်းချစနစ်​ လုပ်​ပါမည်​ ဟု သက်​ဆိုင်​ရာ
ဝန်​ကြီးဌာနများတွင်​မှတ်​ပုံတင်​ထားခြင်းမရှိပါ။
(မှတ်​ပုံတင်​ထားဖို့ဥပ​ဒေမရှိပါ)
MLM ကုမ္ပဏီ တိုင်းသည့်​ အထက်​ပါ စနစ်​သုံးခုအမည်​ခံပြီး စားသုံးသူများနဲ့ ပြည်သူများကို ​လိမ်​လည်
လှည်​ဖျားရန်​အမျိုးမျိုးကြိုးစားအားထုတ်​​နေပါသည်​။
စီးပွား​ရေးအခွင့်​အလမ်း ဆိုသည်ထက်​ သူတို့ကုန်​ပစ္စည်း
များကုန်​ကျစရိတ်​သက်​သာစွာဖြန့်​ဖြူးနိုင်​မည့်​အခွင့်​အလမ်းဆိုလျှင်​ ပိုမှန်​ပါသည်​။
သူတို့ကုန်​ပစ္စည်းသက်​သာစွာဖြန့်​ဖြူးနိုင်​ရန်
သင့်​တို့၏ ​လောဘ၊အလုပ်​အကိုင်​ရှားပါးမှု၊ဆင်းရဲမွဲ​သေမှု၊ယုံကြည်​မှုကို အသုံးချပြီး ကုမ္ပဏီသူ​ဌေးနှင့်​ လူနည်းစု တစ်​စု ချမ်းသာဖို့ သင့်​တို့ကို အသုံးချ​နေခြင်း ဖြစ်​သည်​။
စားသုံးသူ သင့်တို့​ကို၏ လောဘ ကို ​မြေ​တောင်​​မြှောက်​​ပေးပြီး အလုပ်​အကိုင်​အခွင့်​အလမ်း​ကောင်းဟု ဗန်းပြပြီး
ချမ်းသာကြွယ်​ဝ ဝင်​​ငွေအ​မြောက်​အများရမည်​ဟု မြူဆွယ်​စည်းရုံးကာ သင့်​တို့၏ မိသားစု၊ပတ်​ဝန်းကျင်​၊ဝင်​​ငွေ၊အချိန်​​တွေကို ချနင်းပြီး သူတို့ချမ်းသာကြွယ်​ဝဖို့ လိမ်လည်​​အသုံးချ​နေခြင်းဖြစ်​သည်​။
တိုးတတ်​လာ​သော​ခေတ်​ကြီးမှာ အိမ်​ရှင်​မ သာမက
ပညာရည်​နို့စို့​နေ​သော ​ကျောင်းသား/သူ များပါမကျန်
မိမိ ကိုယ်​ပိုင်​အသက်​​မွေးဝမ်း​ကျောင်းပညာဖြင့်​ စီးပွားရှာ
အလုပ်​လုပ်​​နေသူများ၊သာသနာနွယ်ဝင် ရဟန်း၊သံဃာ၊သီလရှင်များပာမချန်​​​​​ ပစ်​မှတ်​ထားပြီး လူ လူခြင်း
သော်​လည်း​ကောင်း၊အသင်းအဖွဲ့အစည်းအရုံးအ​နေဖြင့်
သော်​လည်း​ကောင်း၊စီးပွား​ရေး​ဟော​ပြောပွဲအ​နေဖြင့်
သော်​လည်း​ကောင်း၊Online Shopping အ​နေဖြင့်
သော်​လည်း​ကောင်း မြူဆွယ်​စည်းရုံး​နေပါသည်​။
သို့ပါ၍ ထို့ ကုမ္ပဏီများရန်​မှာကင်း​ဝေးရန်​ သင့်​နီးစပ်​ရာ
မိတ်​​ဆွေများထံသို့ အသိ​ပညာ​ပေး၊သတိ​ပေးဖြန့်​​ဝေ​ပေးပါရန်​တိုက်​တွန်းနိုး​ဆော်​အပ်​ပါသည်​။
အထူးသတိပြုရန်​​လိုအပ်​ပါသည်​။
https://m.facebook.com/groups/myanmarmlmtruth
®Anti mlm
https://www.facebook.com/groups/mlmDiscussion/permalink/1847395242171972/