Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 8, 2017

Mlm စနစ်ကြောင့်နစ်နာသူတို့ ၏ရင်ဖွင့်သံများ (၁)


Zhulianမှာစဝင်တော့ဟောပြောပွဲတွေလိုက်နားထောင်ရတယ်လက်တွေ့ခြင်းတောင်းတွေထားရတယ် ပစ္စည်းတွေလက်တွေ့ပြဖို့လေ့ကျင့်ရတာပေါ့ ဘယ်ပစ္စည်းကဘယ်လိုကြောင့် ကျွန်တော်တို့ကုမ္ပဏီပစ္စည်းကဒီလိုဆိုပီး ပီးရင်လက်တွေ့လိုက်ပြရတယ်နားထောင်ချင်လားမသိနားမထောင်ချင်လားမသိ အဲ့ကတည်းကစိတ်ကပျက်နေပီ ကိုယ်ကမွေးရာပါစိတ်ဓာတ်အောက်မကျို့ချင်ဘူးလေ ပညာတစ်ခုခုရလို့ဆိုဘယ်လောက်ပဲအောက်ကျို့ရကျို့ရ ခုကပစ္စည်းလေးဝယ်ဖို့အမှတ်လေးတက်ဖို့နဲ့ ပီးတော့လည်းဘာမှဖြစ်မလာဘူး ကိုယ့်ကိုယ်ကိုရှက်လည်းရှက်တယ် ဘယ်သူမှမဝယ်တော့ကိုယ်ကလည်းကုမ္ပဏီထဲဝင်ထားတော့ပစ္စည်းကောင်းတယ်လည်းဆိုတော့ကိုယ်သဘောကျတဲ့ပစ္စည်းလေးတွေဝယ်သုံးတယ် ဈေးကအပြင်ထက်နှစ်ဆမကဘူး ထားပါတော့ ပီးတော့လက်တွေ့လိုက်ပြတဲ့အခါတစ်ဖက်လူကဝယ်ရင်အဆင်သင့်ပေးရအောင်ပစ္စည်းအချို့ကိုအရင်ဝယ်ထားရတယ် ကုမ္ပဏီကတော့ဘယ်လောက်ဝယ်ရမယ်တော့မကန့်သတ်ဘူးပြောလည်းမပြောဘူး ဒါပေမယ့်အခြေနေကအဲလိုဖြစ်သွားတာပေါ့ တစ်ဖက်လူကမဝယ်တော့ပစ္စည်းတွေခုထိအိမ်မှာကျန်တုံး