Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

MLM ထုတ်ကုန်နဲ့ ပတ်သက်လို့


MLM ထုတ်ကုန်နဲ့ ပတ်သက်လို့
=======================
MLM ထုတ်ကုန်နဲ့ ပတ်သက်လို့ကတော့ သုံးတော့မယ်ဆိုရင်
တကယ် ကျွမ်းကျင်တဲ့ ပြင်ပပညာရှင်တွေရဲ့ အမြင်ကို တောင်းခံတာ အကောင်းဆုံးပဲဗျ ။
ကျန်းမာရေး ထုတ်ကုန် ဆိုရင် ကျန်းမာရေးဘက်မှာ
ကျွမ်းကျင်တဲ့ ဆရာဝန် ၊ ဆေးဝါးပညာရှင် /
အလှအပ ထုတ်ကုန်ဆိုရင်လည်း တကယ် အရေပြားအကြောင်းနားလည် တဲ့
ဆရာဝန် ၊ ပညာရှင်တွေ ကို တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပဲဗျ ။
( သူတို့ဆီမှာ အလုပ်လုပ်နေတဲ့ ပညာရှင် တွေနဲ့ ပဲ
တိုင်ပင်မယ်ဆိုရင်တော့ ချင့်သာယုံပေါ့ဗျာ ။ )
FDA ထောက်ခံချက် လောက်မှ မရထားရင်တော့ လုံးဝကို မသုံးသင့်ဘူးလို့ ပြောနိုင်တာပေါ့ဗျာ ။
ဒါပေမယ့် FDA ထောက်ခံချက် ရပြီးတိုင်းလည်း ကောင်းတယ်လို့ ပြောလို့မရသေးဘူးဗျ ။
ဘာလို့လဲဆိုတော့ တစ်ချို့က FDA မှာ လျှောက်ထားတော့ လွတ်အောင်
Food Supplement ( ဓာတ်စာ ) ဆိုပြီး လျှောက်တယ် ။
ပြောရောင်းတော့ ဆေးလို စွမ်းသယောင် ချဲ့ကားပြောကြတာမျိုးတွေလည်း ရှိတယ်လေ ။
ဒီ ဆရာက မြန်မာနိုင်ငံ FDA ( Food and Drug Administration ) က Director ပါ ။
>>>
https://www.facebook.com/tun.zaw
MLM သမားတွေကတော့ သူတို့ ထုတ်ကုန်တွေကို ကောင်းတယ်ပဲပြောမှာပဲ ။
ကျွန်တော်တို့ကလည်း အပြင်ကနေ သူတို့ထုတ်ကုန်တွေကို တစ်ခုချင်း ဝေဖန်ပေးနိုင်ဖို့ ခက်တယ်လေ ။
ဒီတော့ တကယ်ရေရှည်သုံးချင်တာမျိုးဆိုရင် ကျွမ်းကျင်ပညာရှင်တွေနဲ့သာတိုင်ပင်ပါ ။
သူတို့ ထုတ်ကုန်တွေမှာ ရှိတတ်တဲ့ ပြဿနာတွေက ...
၁။ ကြော်ငြာထဲက စာသားတွေ / သူတို့ပြောရောင်းနေသလို အစွမ်းသတ္တိမျိုးတွေ တကယ်မရှိတာ ၊ မမှီတာ
၂။ အတန်အသင့် အရည်အသွေးရှိပေမယ့် ဈေးကွက်ထဲက အရည်အသွေးတူ တခြား ထုတ်ကုန်တွေနဲ့ ယှဉ်လိုက်ရင် ဈေးက သိသိသာသာများနေတာ ။
၃။ ဈေးကတူနေရင်လည်း အရည်အသွေးကကျ
ပြောထားသလောက်မဟုတ်ပဲ နိမ့်နေတာ
၎။ တစ်ချို့ ကျန်းမာရေးထုတ်ကုန်တွေက ကိုယ့်ကျန်းမာရေးအတွက် ပိုမကောင်းလာစေတဲ့အပြင် ဆိုးကျိုး တွေပါ ရှိနေတတ်တာ ။
၅။ တစ်ချို့ ကျန်းမာရေးထုတ်ကုန်တွေက သူများတွေနဲ့ တည့်ပေမယ့်/အဆင်ပြေပေမယ့် ကိုယ်နဲ့ မတည့်တာ ။
ဒါမျိုးတွေပေါ့ ။
ဒီတော့ ကိုယ်က သုံးစွဲသူဘက်ကဆိုရင် ဒါတွေ သေချာစဉ်းစား စုံစမ်းသင့်ပါတယ် ။
Company တစ်ခုချင်း >>> Product တစ်ခုချင်း အလိုက် ကျွန်တော့်ဘက်က သုံးသပ်ပေးဖို့က မဖြစ်နိုင်လို့ပါ ။
ဒါက ဆရာ ဒေါက်တာ တင့်ဆွေ ရဲ့ facebook account ပါ ။
ဆရာကြီးက ဒါမျိုး အကြံဉာဏ်တောင်း ၊ တိုင်ပင်တာတွေကို ကူညီ ဆွေးနွေးပေးလေ့ရှိပါတယ် ။
အွန်လိုင်းကနေ တလေးတစားမေးလိုက်ရင်ကို ရပါတယ် ။
>>> https://www.facebook.com/tint.swe.dr?fref=ts