Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

MLM ပစည်းတွေဈေးကြီးတယ်


https://www.facebook.com/groups/mlmDiscussion/permalink/1829249600653203/
MLM စနစ်နဲ့ရောင်းတဲ့ကုန်ပစ္စည်းတွေဟာ ပြင်ပဈေးကွက်ကအမျိုးစားတူကုန်ပစ္စည်း  ထက်ဈေးနှုန်းမတန်တဆကြီးမားခြင်းဟာ အဲဒီစနစ်မှာ စားသုံးသူကိုအများကြီးနစ်နာစေတဲ့အချက်ပါပဲ။ ပြင်ပဈေးကွက်မှာရောင်းချမယ်ဆိုရင်ရောင်းအားဘာမှမရှိနိုင်တဲ့ပစ္စည်းတွေပါ။ ကျွန်တော့်ကိုယ်တွေ့ဖြစ်ရပ်လေးတခုကိုပြောပြချင်ပါတယ်။ ရခိုင်ပြည်နယ်စစ်တွေမြို့က အထင်ကရမုန့်ဆိုင်တခုမှာ(နာမည်ကတော့မထည့်တော့ပါ) ECOကော်ဖီနှင့်တကွMLMစနစ်နဲ့ရောင်းချတဲ့ကုမ္ပဏီတခုရဲ့ပစ္စည်းတွေရောင်းဖို့တင်ထားတာတွေ့ရတယ်။ လွန်ခဲ့တဲ့သုံးလေးလလောက်တည်းကတွေ့တာပါ။ အဲဒီအချိန်တုံးကတော့အမှတ်တမဲ့ပါပဲ။ MLMကိစ္စတွေဟော့လာတော့ ကျွန်တော်မုန့်သွားဝယ်ရင်းအဲဒီပစ္စည်းတွေရောင်းရလား၊ဝယ်သူရှိလားလို့မေးကြည့်မိတယ်။ အဖြေကတော့စီးပွားဖြစ်မပြောနဲ့တင်ထားတဲ့ပစ္စည်းတောင်နေရာမယွင်းဘူးတဲ့ဗျား။ ကဲအဲဒီတော့ MLMစနစ်နဲ့ရောင်းချနေတဲ့ပစ္စည်းတွေကိုအပြင်မှာရောင်းကြည့်ကြပါ။ ခင်ဗျားတို့ပစ္စည်းရဲ့အရည်အသွေးမှန်တွေပေါ်လာပါလိမ့်မယ်MLMအပေါင်းတို့။