Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

MLMသမားတွေစိတ်ကို မြင်ကြည့်ခြင်း



Image may contain: textMLMသမားတွေစိတ်ကို မြင်ကြည့်ခြင်း
********************************
နယ်ဘက်ဒေသ အ တော်များများ
ဟာ မပြေလည်သူတွေ များကြတယ်
ငွေပို ငွေလျှံသိပ် မရှိကြဘူး
ဒါကြောင့် MLMမန်ဘာဖြစ်သွားပြီးနောက်
ကိုယ့်စရိတ်နဲ့ ကိုယ် metting တွေတက်ဘို့
လစဉ်ပစ္စည်းဝယ် အမှတ်ထိန်းဘို့ဆိုတာ
အများကြီး အခက်အခဲရှိတယ် …
နယ်ဘက် ဘယ်ကလူတွေက ရိုးသားကြတယ်
မဟုတ်မမှန် လုပ်ကြံ အာရိုက် ဖို့ဆိုတာမျိုးတွေ
ပြုရ ပြောရမှာ အတော်ဝန်လေးကြတဲ့သူတွေပါ
ဂျင်းထည့်ခံရလို ဘာမသိ ညာမသိနဲ့
MLM မန်ဘာဖြစ်သွားတယ် ဆိုရင် တောင်
အဆင် မပြေတာကို ပြေချင် ယောင် ဆောင်ပြီး
လေလုံးထွားထွားကြီတွေနဲ့ မက်လုံးပေးမြှူဆွယ်မှ
(ဂျင်းထည့် နိုင်လွန်းမှ)ရနိုင်မဲ့ မန်ဘာအသစ် ရှာ
တဲ့အလုပ်ဟာလည်း သူတို့နဲ့ သဟ ဇာတမဖြစ်ဘူး
ဒါကြောင့် မန်ဘာသစ် အတွက် လည်း အများကြီး
အခက် အခဲရှိ တယ် ……
နယ်ဘက်ဒေသူလူတွေရဲ့ မိတ် နယ်မြေဟာ
အလွန်ကျဉ်းတယ်…ရှိတဲ့မိတ် ကလည်း သူလို
ကိုယ် လို ရိုးသားကြသူတွေ နေနိုင် စားနိုင်ရုံ
အပိုဝင် ငွေမရှိကြသူတွေသာများတယ် …
ဒါကြောင့်နယ်ကလူတွေMLMမန်ဘာဖြစ်ခဲ့
ရင်တောင် နောက် မန်ဘာရဘို့က ခက်ခဲလွန်းတယ်…
MLM product တွေ ဟာေ ဈးနှုန်းတွေ
အလွန် မြင့်လွန်းတယ် …မရှိမဖြစ် မသုံးမဖြစ် ပစ္စည်း
တွေလည်း မဟုတ်ဘူး …သုံးနေကျ တန်ဘိုးနည်း
ပစ္စည် တွေက ဒီလူတွေကြားမှာ နေသားကျနေပြီ…
MLM Product တွေကို လူစွမ်းကောင်းလုပ်ပြီး
ဘယ်သူမှ ဝယ်နေမှာ မဟုတ်ဘူး……
MLMမန်ဘာဖြစ်သွား သူဟာ ဒီပစ္စည်းတွေ ပိုက်
ဘောမိ ဘို့သာရှိတယ် …
ဒါတွေကို သိသိ ကြီးနဲ့ နယ်ဘက် တွေဆင်း
ပြီးမက်လုံးပေး မြှူဆွယ် နေကြတဲ့ MLMတွေ ရဲ့
စိတ်ဓါတ်ဟာ အလွန် နမ့်ကျလွန်းတယ်လို့မြင် တယ်
အလွန်ရှက် စရာလည်းကောင်းလှပါတယ်…
ဝတ်ကောင်းစားလှဝတ်ပြီး ရိုးသားဖြူစင်တဲ့
တောသူတောင်သားတွေရှေ့မှာ
မေတ္တာရှိသယောင် ကရုဏာ ရှိသယောင်
ဟန်ဆောင် ပြ နိုင် ကြတာဟာ တော်ယုံ
စိတ်နဲ့တော့ မရဘူး …

နဂိုထဲကိုက ဘုရားဝေး တရားဝေး
ဘယ်သူသေသေ ငတေမာပြီးရောစိတ်ဓါတ်
ရှိသူတွေ …

MLM မန်ဘာဖြစ် သွားတယ်
ကိုယ့် ဟာ အဆုံးမခံနိုင်ဘူး
စာနာစိတ်ဓါတ်ခံကလည်း နည်းတော့
ဆက် မိုက် နေရတဲ့လူတွေ
ဒီလူနှစ်မျိုးနှစ်စား က နယ်ဘက်ကလူ
တွေကို ဒုက္ခ ပေးနေတယ် လို့ မြင် မိပါတယ် …
ဒီနံပါတ် ၂ သဘောအရ နဂိုက ရိုးရိုးသားသား
လုပ်ကိုင် စားနေတဲ့သူတွေဟာ MLMမန်ဘာဖြစ်ခါမှ
အယုတ်တမာဘဝ ရောက် ကြရတယ် လို့လည်း
မြင် ပါတယ် …
မသိနားမလည်တဲ့ပြည်သူတွေ မနစ်နာကြရအောင်
အမှန်တရားတွေချပြနေကြတဲ့Anti MLM တွေ က
အခကြေးငွေရလို့ လုပ်နေကြသူတွေမဟုတ်ဘူး
စေတနာကောင်းနဲ့ တကယ့်မေတ္တာနဲ့ လုပ်နေကြတာ…
ဒီလူတွေကို အကိုးအကား အထောက်အထား
ခိုင် လုံစွာနဲ့ပညာရှိပီပီ ပြန်လည်ချေပတာမျိုး
မဟုတ်ဘဲ မိုက်မိုက် ရိုင်းရိုင်း အဆင့်အတန်းမဲ့စွာ
ဆဲဆို တိုက် ခိုက် နေတဲ့ MLMသမားအချို့ရဲ့
စိတ်ဓါတ်ဟာလည်း အလွန်နိမ့်လွန်းလှပါတယ် …
ဦးဇင်းတို့က တော့ ဆဲလည်း ဂရုမစိုက်ပါ
စိတ်လည်းမဆိုးပါ…………
``လူအချင်း ချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ´´
ဦးဣန္ဒော
ပေါက်ကုန်းပေတရာအနန္တဂုဏ်ရည် ကျောင်း
ပညာရေးကောလိပ်အနီး
လှည်းကူး ရန်ကုန်
4 - 12 - 2016
==================================
https://www.facebook.com/photo.php?fbid=213037339146929&set=gm.563934187133071&type=3