Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

သာမန်ကုမ္ပဏီတွေမှာ မားကတ်တင်းလုပ်တာနဲ့ MLM ကုမ္ပဏီတွေမှာ မားကတ်တင်းလုပ်တာ... ကွာခြားချက်လေးတွေ ရှိပါတယ်။












သာမန်ကုမ္ပဏီတွေမှာ မားကတ်တင်းလုပ်တာနဲ့ MLM ကုမ္ပဏီတွေမှာ မားကတ်တင်းလုပ်တာ... ကွာခြားချက်လေးတွေ ရှိပါတယ်။
၁။ အခြေခံလစာ
သာမန်ကုမ္ပဏီတစ်ခုမှာ မားကတ်တင်းဝင်လုပ်ရင် အခြေခံလစာ အနည်းဆုံး တစ်သိန်းဝန်းကျင် ရပါတယ်...
MLM ကုမ္ပဏီမှာ အခြေခံလစာ တစ်ပြားမှမရတဲ့အပြင် အလုပ်လုပ်မယ့်လူက မင်ဘာကြေး ပြန်ပေးရပါတယ်...
၂။ လိုအပ်တဲ့အရည်အချင်း
သာမန်ကုမ္ပဏီတစ်ခုမှာ မားကတ်တင်းဝင်လုပ်ရင် ပညာအရည်အချင်း ၁၀ တန်းအောင်လောက်တော့ ရှိဖို့လိုပါတယ်... ရုပ်ရည်ပြေပြစ်သူ၊ သွက်လက်တက်ကြွသူ၊ အသက်ကန့်သတ်ချက် စတာတွေ ရှိပါတယ်...
MLM ကုမ္ပဏီမှာတော့ ဘာကန့်သတ်ချက်မှ မရှိပါဘူး... ငွေရင်းရှိဖို့နဲ့ နုံဖို့ပဲ လိုပါတယ်... သူတို့လိမ်တာကိုယုံလောက်အောင် နုံလေလေ ကြိုက်လေလေပါ...
၃။ ကုမ္ပဏီအထောက်အပံ့
သာမန်ကုမ္ပဏီမှာ မားကတ်တင်းဝန်ထမ်းကို ယူနီဖောင်းပေးပါတယ်... ထုတ်ကုန်ကို မားကတ်တင်းဆင်းတဲ့အခါ ကုမ္ပဏီကားနဲ့ပို့တာ၊ လမ်းစရိတ်ပေးတာတွေ ရှိပါတယ်... After sale service ကို ကုမ္ပဏီက တာဝန်ယူပေးပါတယ်...
MLM မှာတော့ အားလုံးကိုယ့်စရိတ်ကိုယ်စား လုပ်ရတဲ့အပြင် လူအထင်ကြီးအောင်တောင် လိမ်ညာဝတ်စား၊ နေထိုင်ခိုင်းပါတယ်... (ဥပမာ- ပိုက်ဆံ အဆင်မပြေရင်တောင် လိုင်းကားမစီးဘဲ၊ တက်စီစီးခိုင်းတာမျိုး)... After sale service အတွက် ကုမ္ပဏီက ဘာမှတာဝန်မယူ... ကိုယ်ဖြစ်ကိုယ်ခံပါ...
၎။ ကုန်ပစ္စည်းရဲ့ ဈေးကွက်
သာမန်ကုမ္ပဏီတွေဟာ အချင်းချင်းပြိုင်ရတာမို့ အရည်အသွေး တတ်နိုင်သမျှကောင်းအောင်၊ ဈေးကို ဖြစ်နိုင်သမျှသက်သာအောင် ဖြန့်ပါတယ်... ကြော်ငြာအားလည်း ကောင်းကောင်းသုံးထားပေးလို့ ဈေးကွက်ဖြန့်တဲ့အခါ မားကတ်တင်းဝန်ထမ်းဟာ မျက်နှာမငယ်ပါဘူး...
MLM တွေမှာတော့ မားကတ်တင်းသမားတွေဟာ... နာမည်လည်းမရှိဘဲ ဈေးကြီးလွန်းတဲ့ ကုန်ပစ္စည်းတွေကို ဘာကောင်းတယ်၊ ညာကောင်းတယ်နဲ့ လိမ်ညာပြီး ရောင်းကြရပါတယ်... တဖက်လူက အလိမ်ဖော်လိုက်ရင် မားကတ်တင်းသမားဟာ အင်မတန် မျက်နှာငယ်ရပါတယ်...
၅။ အရင်းအနှီး
သာမန်ကုမ္ပဏီတစ်ခုက မားကတ်တင်းသမားဟာ ငွေကြေးမရင်းရပါဘူး... ကုမ္ပဏီကနေ အလကားပေးလိုက်တဲ့ ကုန်ပစ္စည်းကို ယူလာပြီး ဈေးကွက်ဖြန့်ရပါတယ်... မကုန်ရင် ကုမ္ပဏီကို ပြန်အပ်ရပါတယ်...
MLM မှာတော့ မားကတ်တင်းသမားဟာ ငွေရင်းရပါတယ်... ကုမ္ပဏီက သတ်မှတ်တဲ့ပမာဏကို ငွေကြိုပေး ယူရပြီးတော့ အဲဒီပစ္စည်းတွေကို ကုန်အောင်မရောင်းနိုင်ရင် ကုမ္ပဏီကလည်း ပြန်လက်မခံပါဘူး... ကိုယ့်ဟာကိုယ် သုံးရပါတယ်... ကိုယ်ဝယ်ထားပြီးသား ပစ္စည်းကို ငွေပေါ်ချင်လို့ လျှော့ဈေးနဲ့ လိုက်ရောင်းမယ်ဆိုရင်လည်း ကုမ္ပဏီက လက်မခံပါဘူး... သူတို့သတ်မှတ်ဈေးအတိုင်း မရရအောင် ရောင်းရမှာပါ...
၆။ အကျိုးခံစားခွင့်
သာမန်ကုမ္ပဏီတစ်ခုမှာ မားကတ်တင်းဝန်ထမ်းဟာ အခြေခံလစာရယ်... ဈေးကွက်ဖောက်နိုင်သလောက် ကုမ္ပဏီရဲ့ သတ်မှတ်ရာနှုန်းရယ်ကို ခံစားရပါတယ်... မရောင်းနိုင်ရင်တော့ အပိုဝင်ငွေ ရာခိုင်နှုန်းကို မရပါဘူး... ဈေးကွက်ဖောက်နိုင်လို့ အပိုရတဲ့ဝင်ငွေဟာ အခြေအနေအရ ပြန်လျော့နိုင်ပေမယ့်... လုပ်သက်ကြာလာရင် အခြေခံလစာဟာ တက်လာပြီး အဲဒီလစာကတော့ ပြန်မလျော့တော့ပါဘူး...
MLM တွေမှာတော့ မားကတ်တင်းသမားဟာ ကုမ္ပဏီထုတ်ကုန်ကို ငွေရင်းပြီးဝယ်ထားရလို့ မရောင်းနိုင်ရင် တစ်ပြားမှ မရတဲ့အပြင် ရှုံးပါတယ်.. ဈေးကွက်ဖောက်နိုင်ရင်တော့ ရတဲ့အကျိုးအမြတ်ဟာ သာမန်ကုမ္ပဏီက မားကတ်တင်းတွေထက် ပိုများတတ်ပါတယ်... ဒါပေမယ့် တည်မြဲတဲ့ အခြေခံလစာမရှိတာကြောင့် အလုပ်မလုပ်နိုင်တော့တာနဲ့ သို့မဟုတ် လုပ်နိုင်စွမ်းလျော့တာနဲ့ ဝင်ငွေဟာလည်း လျော့သွားမှာပါ...
၇။ ဂုဏ်သိက္ခာ
ဒီတစ်ချက်က နောက်ဆုံးနဲ့ အရေးအကြီးဆုံးပါ...
သာမန်ကုမ္ပဏီတစ်ခုက မားကတ်တင်းဝန်ထမ်းဟာ ဝင်ငွေနည်းရင် နည်းနိုင်ပါတယ်... သို့သော် သူ့ဝင်ငွေဟာ ကိုယ့်လုပ်အား၊ ကိုယ့်ကြိုးစားမှုအပေါ်မှာ အခြေခံပြီး ရတာဖြစ်လို့ သူဟာ အမြဲလိပ်ပြာလုံနေပါတယ်... လူပင်ပန်းရင်တောင် စိတ်ကတော့ လွတ်လပ်နေမှာပါ...
MLM က မားကတ်တင်းတွေကတော့ ဈေးကြီးတဲ့ ကုန်ပစ္စည်းတွေကို တမူထူးခြားပြီး သူများထက်ကောင်းသယောင် လိမ်ညာရ... ကိုယ့်လက်အောက်မှာ မင်ဘာတွေ ထပ်ဝင်လာအောင် တကယ်မရနိုင်တဲ့ မက်လုံးတွေပေးရ... ကိုယ်တိုင်လည်း တကယ်မရတဲ့ အကျိုးခံစားခွင့်တွေကို ရနေသယောင်နဲ့ သူများအထင်ကြီးအောင် ဟန်ဆောင်ပြရ... ကိုယ်ရောစိတ်ပါ ပင်ပန်းလွန်းလှပါတယ်... သူတပါးကို ဘယ်လိုပဲ လိမ်ညာနိုင်တယ်ဖြစ်စေ... ဝင်ငွေတွေ ဘယ်လောက် ရနေတယ်ဖြစ်စေ... ကိုယ့်ကိုယ်ကိုတော့ လိမ်မရတဲ့အတွက် MLM သမားဟာ သူ့ကိုယ်သူ ဘယ်အခါမှ လိပ်ပြာလုံမှာ မဟုတ်ပါဘူး...
ဒီတော့ ခင်ဗျားတို့အနေနဲ့ မားကတ်တင်းအလုပ်ကို စိတ်ဝင်စားလို့ လုပ်တော့မယ်ဆိုရင်... သာမန်ကုမ္ပဏီမှာ မားကတ်တင်းလုပ်မလား? MLM ကုမ္ပဏီမှာ မားကတ်တင်းလုပ်မလား? ကိုယ့်ရွေးချယ်မှုပါပဲ...
(Myatt Shaw)
https://www.facebook.com/groups/mlmDiscussion/permalink/1816925508552279/