Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

အချောင်လိုချင်စိတ်များတဲ့ မြန်မာများနဲ့ MLM



Image result for no mlm







ဒို့ မြန်မာတွေမှာ အချောင်လိုချင်စိတ် အချောင်ကြီးပွားလိုစိတ်တွေ ပြည့်နေတာ တော်တော် စိတ်မကောင်းစရာပဲ ။
ဘယ်နေရာတွေမှာကြည့်ရင်သိနိုင်လည်းဆိုတော့ ဒီနေ့ MLM ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခုဝင်လာတာတောင် တစ်အုပ်တမကြီး အားပေးကြတာ မြင်မကောင်းဘူး ။
ဘယ်လောက်ပဲ ရင်း စောင်သူဌေးကြီးဖြစ်သွားမယ်ဆိုလည်း ယုံတာပဲ ။
ဘယ်လောက်ရင်းယုံနဲ့ စောင်ဘ၀ကြီး ပြောင်းသွားမယ်ဆိုလဲ ယုံကြတာပဲ ။

ဒုတိယတစ်ခု လူလေးငါးခြောက်ယောက်လောက်က ဟုတ်တယ် ဟုတ်တယ် ကောင်းတယ် ကောင်းတယ် ဆိုတာနဲ့
အူလည်အူလည် ဟုတယ်ဟ ကောင်းတယ်ဟ ဖြစ်သွားတာပဲ ။ ဘာနားလည်လဲဆို ဘားမှနားမလည်းဘူး ။
လေ့လာသလားဆိုတော့လည်းမလေ့လားဘူး ။ မြတ်မယ် ကြီးပွားမယ်ဆိုတာနဲ့ ကို ငွေကိုပြစ်ထည့်လိုက်တာပဲ ။
ငွေရှာလွယ်လိုက်ကြပုံများ ။
အရင်ကခံပြီးလည်း ထပ်ခံဖို့ ၀န်မလေးသူတွေကိုတော့ အံ့သြဆုံးပဲ ။ အရင်က MMM ဆိုတဲ့ scamကြီးကို ခံခဲ့ပြီးလည်း အခု coinspace ဆိုတာနဲ့ အုန်းအုန်းအုန်းလိုက်ကြတာတော့တာပဲ ။
လေထဲကပေးတဲ့ အနောက်နိုင်ငံက လူလည်ပတ်ကား တွေရဲ့ လေအာမခံချက်တွေကို ဘ၀ကြီးတည်ဆောက်နေတာ။
"ဒစ်ဂျယ်တယ်ကာရမ်စီကွ စက်ကြီးတွေနဲ့ မိုင်းနင်းနေတာကွ " လာပြောဦးမယ် ။ သိတယ် မငံပါနဲ့ ။ ဒစ်ဂျစ်တယ်ကာရမ်စီတွေထဲမှာ bitcoin တစ်ခုပဲ မာမာချာချာဖြစ်ပြီး ethလိုမျိုးတောင်တတ်လိုက်ကျလိုက် ရက်ကန်ရက်ကန် ဖြစ်နေတဲ့ အချိန်မှာ ဘောင်မ၀င်တန်းမ၀င်သေးတဲ့close coin နဲ့ သူဌေးဖြစ်မှန်းနေတာ တော်တော်ရီစရာကောင်းတယ် ။
ဟိုက bot mail လေးတွေနဲ့ ဘယ်နှစ်ဆို မားကတ်ဖွင့်တော့မှာ ဘယ်နှစ်ဆို ဘလောချိန်းဝင်တော့မှာတွေနဲ့ လေပန်းလည်း လက်ခုပ်တီးနေတာပဲ။
ထားပါတော့ ကိုယ်အကုန်ခံနိုင်လို့ ကိုယ်လုပ်တာ ဘားမှမပြောလိုပါဘူး ။ ဒါပေမဲ့ လူငယ်တွေ အလုပ်လိုအပ်နေသူတွေ ကိုဦးတည်ပြီး အလုပ်ရှာဖွေရေးgroupတွေမှာ ဘယ်လောက်ပဲရင်း ဘ၀ပြောင်းသွားမယ်ဘာညာနဲ့လိုက်ဆွယ်နေတာကတော့ ဖာကျတာပဲ ။ (ကန်တော့ပါရဲ့)
ပြောလိုက်ရင် MLM မဟုတ်ဘူး NWM မဟုတ်ဘူးနဲ့ လူကြတော့ အသေလိုက်ရှာနေကြတယ်နော် ။
ပြောလိုက်ပါဦး လူရှာပေးပြီး ကိုယ့်အောက်နှစ်ယောက်ထည့်ရင် ဘောနပ်ရတယ်ဆိုတာ ။ ဒါကြတော့ ရှက်လို့ ဖုံးထားကြတယ်မို့လား ။
အခုတလော groupထဲမေးတာများလာလို ထပြောတာပါ ။
ကိုယ်တွေ သာ အဲ့အလုပ်တွေလုပ်ရင် စကားကောင်းကောင်းလေးလွှတ်ပြီး memberတွေ တစ်အုပ်တစ်မကြီး ရှာနိုင်ပြီး ဘောနပ်စ်တွေ အများကြီး ရမှာဆိုတာ သိတယ် ။
ဒါပေမဲ့ အန်ကယ်ကတော့ No ပါကွယ် ။
အန်ကယ်တို့က ထမင်းပဲ စားတယ် ၊ချီးမစားဘူး။ ဒါကြောင့် အဲ့လိုငွေတွေမမက်ဘူး ။
#ThetPaingTun
#JustReporting
https://www.facebook.com/groups/mlmDiscussion/#