Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

MLM လုပ်တဲ့သူတွေ တကယ်သိန်းဆယ် ရာချီ ရတာ မရတာ ကိုယ့်ကိုကိုယ်သိတယ်။


MLM လုပ်တဲ့သူတွေ တကယ်သိန်းဆယ် ရာချီ ရတာ မရတာ ကိုယ့်ကိုကိုယ်သိတယ်။
ဖောရှောစကားတွေပြော ဖောရှောအကွက်နင်း လူဆွယ်နေရတာလည်း ကိုယ့်ကိုကိုယ်သိတယ်။
လူအထင်ကြီးအောင်နေပြီး အိတ်ကပ်ဟောင်းလောင်း membersလေးတွေ ကိုယ့်ကိုကိုယ်သိတယ်။
MLMက ကိုယ့်အလှည့်ကျမှ ထင်သလောက်လူရှာမလွယ်လို့ လက်ရှိအလုပ်ကရတဲ့ ပိုက်ဆံနဲ့ပဲ ထမင်းစားနေရတာ ကိုယ့်ကိုကိုယ်သိတယ်။
PVအမှတ်လိုမျိုး အစရှိသည့် အမှတ်မပြည့်ပြည့်အောင် ကိုယ့်ပိုက်ဆံကိုယ် အိတ်စိုက် ဖြည့်နေရတာလည်း ကိုယ့်ကိုကိုယ်သိတယ်။
Home meetingတွေက productsကောင်းကြောင်းထက် လူဆွယ်နည်းတွေကို ပိုမို သင်ကြားနေတယ်ဆိုတာလည်း ကိုယ့်ကိုကိုယ်သိတယ်။
တချို့မိတ်ဆွေတွေ ကိုယ့်ကို လမ်းတွေ့မခေါ်ချင်လောက်အောင် ရွံနေတယ်ဆိုတာလည်း ကိုယ့်ကိုကိုယ်သိတယ်။
ပညာတတ်အမျိုးအစား တဖက်သတ်သားစကားကို ပြန်လည်ချေပပြီး လှလှပပပြောနိုင်ရင် စင်ပေါ်တတ် မိုက်ကိုင်ပြီး diamond လောင်းလျာ ဖြစ်နိုင်တာလည်း ကိုယ့်ကိုကိုယ်သိတယ် ( ချွင်းချက် အတန်းပညာမရှိ ပညာချို့တဲ့သည့် membersများအားတတ် စိတ်ဓာတ်မြင့်တင်ရေးအတွက် ရွှီရှောင် စကားအရာအောင်တဲ့ အတန်းပညာမရှိသည့် ပုဂ္ဂိုလ်ကိုလည်း တရံတခါပွဲထုတ်တတ်သည် )
Projecterမှာ မိမိ၏ MLM မလုပ်ခင်နဲ့ လုပ်ပြီးပုံ ပြသော်လညိး မိမိမှာ MLMမလုပ်ခင်ထက် အခြေအနေမဟန်တာလည်း ကိုယ့်ကိုကိုယ်သိတယ်။
ခရီးထွက်ရတယ် ခရီးထွက်ရတယ်နဲ့ ရန်ကုန်မှာ anti MLM ကဲ့သို့ MLMဆိုးကျိုးသိပြီးတဲ့လူတွေများလာလို့် နယ်ဘက်တွေ ကျေးလက်တောရွာတွေမှာ လူလိုက်ရှာပြီး စည်းရုံးရေးဆင်းနေရတာလည်း ကိုယ့်ကိုကိုယ်သိတယ်။
Yes Yes Yes! ဝူးဝါး အော်ပြီး စင်ပေါ်မှာ ပျော်နေပြရသော်လည်း ရင်ဘတ်ထဲ ကမ္ဘာယိုင်နေတာလည်း ကိုယ့်ကိုကိုယ်သိတယ် ။ ။
နိုင်ငံခြားသွားအလုပ်လုပ်မယ့်သူတွေ ဖြောင့်ဖြောင့်တန်းတန်း သူတို့စီစဉ်ထားတဲ့အတိုင်းသွားကြပါစေ ခင်ဗျားတို့ ပယောဂကြောင့် အစီစဉ်ပျက်သွားတာမျိုးမဖြစ်ပါစေနဲ့ ။ ကိုယ့်ပညာနဲ့ကိုယ်လုပ်စားမယ့် ကလေးတွေကိုလည်း လခစားဘာညာပြောပြီး ရည်မှန်းချက်မယိုင်ပါစေနဲ့ ။ ကိုယ်ပိုင်တနိုင်တပိုင်စီးပွားရေးလုပ်နေသူတွေကိုလည်း အမြတ်ငွေတွေ ကျန်းမာရေးတွေတွက်ပြပြီး လက်ရှိအလုပ်ကို မလုပ်ချင်တော့အောင် brain wash မလုပ်မိပါစေနဲ့
ဒါပါပဲ။ ။
🙈🙉🙊
Credit goes to original writer.