Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

MLM သမားတွေ ဗျာ ကျွန်တော်တစ်ခုစိန်ခေါ်ချင်တယ်


ကဲ ဒီ Groupထဲမှာ ရှိတဲ့ MLM သမားတွေ ဗျာ ကျွန်တော်တစ်ခုစိန်ခေါ်ချင်တယ်
ဘယ်သူမဆို ကျုပ်ပြောတာတွေသဘောတူရင်
ကျုပ်ကို ခင်ဗျားတို့ Downline သွင်းလို့ရတယ်
1. ခင်ဗျားတို့ပြောပြောနေကြ လက်ရှိအလုပ်ကိုပစ်ပယ်ဖို့မလိုဘူးဆိုတော့က ကျုပ်ရုံးချိန် မနက်၉နာရီကနေ ညနေ ၅နာရီခွဲ တစ်ပတ်၆ရက် ရှိတယ် အဲ့အချိန် ကိုမထိရဘူး တကယ်လို့ မဖြစ်မနေဖျက်ရမယ်ဆို ကျုပ်လစာ တစ်လ၄သိန်းပဲရှိတယ် ရက်၃၀နဲ့ပဲတွက်တစ်ရက်ကို ၁၃၃၃၃ကျပ်ကို ကျုပ်ကိုခေါ်တဲ့ Upline လျော်ရပါမယ်
2. ခင်ဗျားတို့ ပြောနေကြစကားရှိတယ် Downline တွေအလုပ်လုပ်ရင်လိုအပ်တာတွေကူညီမယ် ပြောတယ် အဲ့တော့ကျုပ် အလုပ်ချိန်နဲ့လွတ်တဲ့အချိန်လူရှာတိုင်းကျုပ်စားရိတ်နဲ့ခင်ဗျားတို့ခေါ်မယ် ကူပြီးရှင်းပေးပါ PS.စားရိတ်အားလုံးတိကျစွာမှတ်သားထားပါမယ်
3. ခင်ဗျားတို့ပြောသလိုကျုပ်ပတ်ဝန်းကျင် ကျုပ်အသိုင်းဝိုင်းကိုခင်ဗျားတို့ပြောသလိုလူဆွယ်ပေးမပေးအမြဲစောင့်ကြည့်ပါကျုပ်လူ၁၀ယောက်ကို စည်းရုံးရာမှာ ၁ယောက်ပင် မရပါကကျုပ်ကိုခေါ်သောupline အရှုံးဟုသတ်မှတ်ပါမယ်
4. အထက်ပါ အချက်များတိုင်း၃လ လုပ်ပါမယ် တကယ်လို့ ၃လအတွင်းမှာ တစ်စုံတစ်ခုမထူးခြားလျှင် ကုန်ကျစားရိတ်များအားလုံး နှင့် တစ်ကွ ကျုပ်ရသောလစာ၏ ၃ လ စာကိုပေးလျော်ရပါမယ်
5. အကယ်၍ အောင်မြင်ပါက အလုပ်မှအပြီးအပိုင်ထွက်ပြီး mlm အား ဇောက်ချလုပ်ကိုင်မည့်အပြင် ရရှိသောအကျိုးအမြတ်၏ ၅၀%တိတိကို upline အားပေးပါမယ်
ကဲ သဘောတူတယ် ဆို စာချုပ်စာတမ်းနဲ့ လုပ်ကြမလား ညွှန်းကြားချက်အတိုင်း မလွဲမသွေလုပ်မယ် မအောင်မြင်ရင် ကျုပ်လစာ၃လစာ ၁၂သိန်းနဲ့ ကုန်ကျစရိတ်အားလုံးလျော်ရမယ်