Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

MLM နှင့် ပတ်သက်ခဲ့သမျှ - အပိုင်း (၁)



MLM နှင့် ပတ်သက်ခဲ့သမျှ - အပိုင်း (၁)
ကျွန်တော်က ဆေးကျောင်းပြီးပြီးချင်း ပြည်တွင်း NGO တစ်ခုမှာ ၃နှစ်နီးပါးလောက်ဝင်လုပ်ခဲ့ဖူးပါတယ်
အဲ့ဒီ NGO က HIV/AIDS ဝေဒနာရှင်တွေကို ဆေးကုသမှု၊ ပြုစုစောင့်ရှောက်မှု၊ ပညာပေးမှု ၊ ထောက်ပံ့မှု နဲ့ နှစ်သိမ့်ဆွေးနွေးမှုတွေ အခမဲ့ လုပ်ပေးပါတယ်
အဲ့ဒီမှာ MLM ကုမ္ပဏီတွေကို စပြီးကြားဖူးတာပဲ ဒါပေမယ့် အဲ့ဒီတုန်းက MLM ဆိုတာဘာမှန်းလဲမသိဘူး စီးပွားရေးအကြောင်းလဲ တစ်လုံးမှ နားမလည်ပါဘူး
ဒါပေမယ့် ကျွန်တော်သိတာက ကျွန်တော့်ရဲ့ Client တွေဆီက ပြန်ကြားရတာ တစ်ယောက်လဲ မဟုတ် နှစ်ယောက်လဲမဟုတ်
ကျွန်တော့်အလုပ်က လူနာတွေနဲ့ စကားတွေအများကြီးပြောရတာကိုး
သူတို့ ရဲ့ နောက်ခံအခြေအနေ၊ မိသားစု၊ အလုပ်အကိုင်၊ အမူအကျင့် ဒါတွေအကုန်လုံးကို ခရေစေ့တွင်းကျ မေးမြန်းမှတ်တမ်းတင်ရပါတယ်
အဲ့ဒီမှာ ကျွန်တော်တွေ့ရတာက လူနာတွေတော်တော်များများဟာ (90%) ကျွန်တော်တို့လိုဆေးခန်းတွေကို မရောက်လာခင်မှာ အခြားသော ဆေးဝါးတွေ ကုထုံးတွေ နဲ့ ကုသမှုခံယူခဲ့ပြီးသားတွေများပါတယ်
တိုင်းရင်းဆေး၊ ဗိန္နော၊ နတ်၊ ဘိုးတော် အစုံမှအစုံ
HIV ပျောက်မယ်ဆိုလို့ မြင်းသေးသောက်ရတဲ့လူနဲ့ ရွှေဆေးသောက်ရတဲ့လူနဲ့ ဆေးတဖုံကို သိန်းချီပေးရပြီးနောက်ဆုံး အိမ်တိုင်ပါကျွတ်ပြီးမွဲသွားတဲ့လူနဲ့ အစုံပါပဲ ဒါပေမယ့် အဲ့ဒါတွေအကုန်လုံးက ပုန်းလျှိုးကွယ်လျှိုးနဲ့ လက်သိပ်ထိုးပြီးလုပ်ကြတာပါ ဘာကြောင့်လဲဆိုတော့ HIVပိုးကူးစက်ခံရပြီဆိုတာနဲ့ မိသားစုကပါ ခွဲခြားဆက်ဆံခြင်းကိုခံရတော့တာလေ ဒီလိုရောဂါဆိုတာ လူ့ကျင့်ဝတ်ဖောက်ဖျက်လို့ ကူးစက်ခံရတာဆိုပြီး
အဲ့တော့ HIV လူနာတွေဟာ ပေါ်ပေါ်တင်တင် ဆေးကုသမှုမခံယူရဲ နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ မတိုင်ပင်ရဲပဲ လုံးချာလည်လိုက်နေကြတော့တာပါပဲ အဲ့တော့ အဲ့ဒါကိုအခွင့်ကောင်းယူတာပေါ့
အဲ့ဒီမှာ ကျွန်တော်အံ့သြသွားတာက ရန်ကုန်မြို့လယ်ခေါင်မှာ ကုမ္ပဏီအကြီးကြီးက သူတို့ရဲ့ လင်ဇီးက HIVပါပျောက်တယ်ဆိုပြီး ရောင်းတာကိုပါ
ကျွန်တော့်ရဲ့ လူနာတွေထဲကအချို့က အဲ့ဒီ လင်ဇီးကို HIV ပျောက်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ဈေးကြီးပေးပြီး ဝယ်သောက်ခဲ့ကြဖူးပါတယ် HIVပျောက်သွားလားဆိုတော့ ကျွန်တော့်ဆီရောက်လာတဲ့ လူနာတွေဆိုတာ မျော့မျော့ပဲကျန်တော့တာပါ အသက်မပျောက်သေးလို့သာ ကျွန်တော်ဆီရောက်လာပြီး ဒီအကြောင်းတွေကြားခွင့်ရတာပေါ့
တချို့တွေလဲ ART ဆေး (HIV ကုသရာတွင် WHO မှ အတည်ပြုထားသော တခုတည်းသောကုထုံး )သောက်ခွင့်ရပြီးအသက်ဆက်ရှည်ကြပါတယ် တချို့တော့လဲ ကွယ်လွန်သွားကြပါတယ်
ART ဆေးသောက်ပြီး ပြန်လည်ကျန်းမာလာတဲ့ ကျွန်တော့်ရဲ့ Client တွေနဲ့ စကားတွေပြန်ပြောဖြစ်တော့ သူတို့ကို အရင်ကဆွယ်ခဲ့တဲ့ လင်ဇီးကုမ္ပဏီက ထပ်လာဆွယ်တယ်တဲ့
ကျွန်တော်တို့ကလဲ ပြန်ပြီးဆွေးနွေးပညာပြန်ပေးရပါတယ် ကမ္ဘာပေါ်မှာ ဒီနေ့ဒီအချိန်ထိ HIV ပိုးကို အမြစ်ပြတ်ပျောက်ကင်းအောင် မကုသနိုင်သေးပါဘူး ART ဆေးသည် WHO က အသိအမှတ်ပြုထားတဲ့ HIV ကိုကုသတဲ့ တခုတည်းသော ဆေးဖြစ်ပါတယ်လို့ တကယ်လို့ သူတို့ဆေးကသာ HIV တကယ်ကောင်းရင် WHOထိ ရောက်အောင်တင်ပါလို့
အဲ့ဒီထဲက အဲ့ဒီကုမ္ပဏီကိုတော်တော်ချဉ်သွားတာ
မြန်မာနိုင်ငံရဲ့ သက်တမ်းရင့် MLM ကုမ္ပဏီ တခုပေါ့ ဒါတောင်အဲ့တုန်းက MLM ဆိုတာလဲ ဘာမှန်းမသိ Network Business တို့ system တို့ ဆိုတာလဲ လုံးဝနားမလည်သေးတဲ့ အချိန်ပါ
https://www.facebook.com/groups/mlmDiscussion/permalink/1810169109227919/