Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, February 19, 2017

#MLM ကိုဝင်ငွေ ကောင်းတဲ့အလုပ်တစ်ခုအနေနဲ့ စိတ်ဝင်စားပြီးလုပ်ခဲ့တယ်။


#MLM ကိုဝင်ငွေ ကောင်းတဲ့အလုပ်တစ်ခုအနေနဲ့ စိတ်ဝင်စားပြီးလုပ်ခဲ့တယ်။
ပထမနှစ်လမှာတင်ဝင်ငွေကောင်းခဲ့တယ်။
ကိုယ်ရသလိုရစေချင်တဲ့စိတ်နဲ့ ကိုယ့်ရဲ့ လောဘနဲ့ နှစ်မျိုးပေါင်းပြီးပိုတွန်းလုပ်ခဲ့တယ်။
လေးငါးလနေတော့ စုစုပေါင်း(64) သိန်းရနေပြီ။
အဲ့အချိန်မှ ကိုယ့်အောက်လိုင်းကလူတွေအားလုံးလိုလိုက ဆိုင်ကယ်ပေါင် အတိုးတွေယူ ဒုက္ခတွေရောက်နေကြတာသိခဲ့ရတယ်။
ကိုယ့်ကိုယုံကြည်တဲ့ ရိုးသားတဲ့တောသူတောင်သားတွေဒုက္ခရောက်မှာရယ်
ကိုယ်အနှစ်နှစ်လလရိုးသားစွာတည်ဆောက်ခဲ့ရတဲ့ ပွဲရုံလေးရဲ့ ပုံရိပ်တွေညှိုးနွမ်းလာမှာမြင်ယောင်ပြီးအဲ့ MLMအလုပ်ကိုချက်ချင်းရပ်ဆိုင်းခဲ့တယ်။
ကိုယ့်အောက်လိုင်းအားလုံးကိုဆက်မလုပ်ဖို့ တားမြစ်ခဲ့တယ်။
ခုချိန်ထိ ဒုက္ခု ရောက်သွားတဲ့သူတွေအတွက်ကိုယ့်ပရောဂါမကင်းစွာနဲ့ နောင်တရမဆုံးပါ။
https://www.facebook.com/groups/mlmDiscussion/permalink/1787971234781040/