Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, February 19, 2017

mlm မလုပ်တဲ့သူက ခေတ်မမီတဲ့ ငတုံးတဲ့။


mlm ကုမ္ပဏီတွေက ပြောလိုက်ရင်
mlm မလုပ်တဲ့သူက
ခေတ်မမီတဲ့ ငတုံးတဲ့။
မန်ဘာဝင်ပြီးမှ နောင်တရပြီး
ဆက်မလုပ်တော့တဲ့ သူတွေကိုလည်း
အသုံးမကျလို့ ညံ့လို့
မအောင်မြင်တာတဲ့။
မန်ဘာဝင်ဖို့ ဆွယ်တုန်းကတော့
ဒီလို လေသံမျိုး မဟုတ်ဘူး။
မန်ဘာဝင်လိုက်တာနဲ့
လပိုင်းအတွင်း
သူဌေးဖြစ်မယ့်ပုံစံ ဆွယ်ကြတာပါ။
mlm ကုမ္ပဏီတွေကြောင့်
နစ်နာခဲ့တဲ့ မြန်မာပြည်သူ အရေအတွက်က
၁ သန်းမက ရှိနေလောက်ပါပြီ။
တစ်ယောက် တစ်သောင်းပဲ
ဆုံးရှုံးခဲ့ဦး။
တစ်တိုင်းပြည်လုံးမှာ
ဆုံးရှုံးခဲ့တဲ့ ငွေပမာဏက ဘယ်လောက်ထိ များသွားမလဲ။
mlm မှာ မန်ဘာဝင်တဲ့သူတွေ
ကုန်ဆုံးခဲ့တဲ့ စုစုပေါင်း
အချိန်က ဘယ်လောက်ထိ များနေပြီလဲ။
စဉ်းစားရင် စိတ်မောမိပါတယ်။