Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

ဒီ အချိန်မှာ MLM သမားတွေ အဓိက လုပ်နေတာ ၄ ခု ရှိ ပါတယ် ။



ဒီ အချိန်မှာ MLM သမားတွေ အဓိက လုပ်နေတာ ၄ ခု ရှိ ပါတယ် ။
၁။ MLM ဆိုတာ Direct Selling ပါ ဆိုပြီး တော့
လူတွေ လက်ခံလာအောင် ပြောဆိုရေးသားတာ ။
( ကျွန်တော့် အမြင်ကတော့ Business Model တစ်ခုမှာ
MLM ရဲ့ အလွှာများစွာ အကျိုးခံစားခွင့် ပုံစံ ကို စသုံးကတည်းက
Direct Selling ရဲ့ မူလ ဦးတည်ချက်က ပျောက်သွားပြီ ။
တကယ်လို့ အကျိုးခံစားခွင့်အလွှာကို ၃ ဆင့်ထက် မပိုအောင်ထားထားရင်တော့
Direct Selling ဘောင်ထဲမှာ ဝင်နိုင်ပါသေးတယ် ။
ကွန်ရက်ပြင်ပက တကယ့် စားသုံးသူဆီ ရောင်းချမှုကို ဦးစားမပေးပဲ လူသစ်ရှာတာနဲ့ ၊
ကိုယ့်အောက်လူတွေရဲ့ စားသုံးမှု ၊ ရောင်းချမှုပေါ်ကနေ ဆုကြေးများများရဖို့
ပုံစံ ဆွဲထားကတည်းကကို မှားနေတာပါ ။
အဓိက က MLM ( Multi-level Marketing ) ဆိုတာနဲ့ နာမည်ကပျက်လွန်းနေတော့
အခြားနာမည်ပေါင်းများစွာ ပြောင်းပြီး ဈေးကွက်ကို တိုးဝင်တာပါပဲ ။
network marketing, referral marketing , relationship marketing ,
personal franchising , direct selling , pyramid selling , social selling စတဲ့ နာမည်ကွဲပေါင်းများစွာနဲ့ လှုပ်ရှားနေကြတာပဲ ။
အဲ့ဒီ နည်းစနစ်တွေထဲက တစ်ချို့ဟာ စားသုံးသူနဲ့ ဝင်ရောက်လုပ်ကိုင်သူကို
နစ်နာမှုမရှိစေတဲ့ အတွက် အဲ့ဒီ နည်းစနစ်တွေရဲ့ အရေခွံကို MLM ဟာ ဝင်ခြုံနေတာပါပဲ ။
အဓိကက လူတစ်ယောက်ဟာ ကိုယ်တိုင် ရောင်းအားပေါ်ကနေတင်မကပဲ
ကိုယ်ခေါ်လာတဲ့ ကိုယ့်အောက်က လူပေါင်းများစွာ ရဲ့ ရောင်းအားတွေအပေါ်မှာပါ
အလွှာပေါင်းများစွာ ခံစားခွင့် ရှိနေသ၍
ဒါဟာ MLM ( Multi-level Marketing ) ပါပဲ ။
အလွှာများများကို ခံစားခွင့်ပိုပေးလေ နစ်နာသူ အရေအတွက် ပိုများလေ ဖြစ်နေမှာပါပဲ ။
ကွန်ရက်ပြင်ပက တကယ့် စားသုံးသူဆီ ရောင်းချမှုကို ဦးစားမပေးပဲ လူသစ်ရှာတာနဲ့ ၊
ကိုယ့်အောက်လူတွေရဲ့ စားသုံးမှု ၊ ရောင်းချမှုပေါ်ကနေ ဆုကြေးများများရဖို့
ပုံစံ ဆွဲထားကတည်းကကို မှားနေတာပါ ။ )
၂။ DSA ( Direct Selling Association ) ကို Lobbying လုပ်တာ ။
အရင် posts တွေမှာ ပြောပြီး သလိုပဲ DSA ဆိုတာ
MLM companies တွေ စုပြီး
MLM industry ကို Direct Selling industry အနေနဲ့ Lobby လုပ်ပြီး
အားနည်း တဲ့ ၊ သူတို့ လိုသလို လှည့်ပတ်ကစားလို့ ရမယ့် ဥပဒေ တွေ ပေါ်ထွက်လာအောင်
အာဏာပိုင်တွေကို အယုံသွင်းဖို့အဓိက ဖွဲ့စည်းထားတာပါပဲ ။
ဘာကြောင့် ဒီလို ပြောရလဲ ဆိုတော့
MLM Companies တွေကြောင့် နစ်နာမှု ရှိတဲ့ စားသုံးသူတွေ ၊
ကိုယ်စားလှယ်တွေအတွက် DSA ကနေ ကြားဝင်ဖြေရှင်းတာမျိုးလည်း လုပ်ပေးလေ့မရှိသလို
DSA အသင်းဝင် MLM Companies တွေကိုယ်တိုင်
အမေရိကားမှာတောင် ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူခံလိုက်ရတာတွေရှိနေလို့ပါ ။
လိုအပ်ရင် အမေရိကန်မှာရှိတဲ့ MLM Companies တွေကို တရားစွဲဆို အရေးယူမှု တွေရဲ့ လင့်တွေ ပေးပါ့မယ် ။
ကိုယ်တိုင် လေ့လာကြည့်နိုင်ပါတယ် ။
၃။ MLM Companies တွေကြောင့် အများပြည်သူ နစ်နာမှုကို
တကယ် ကာကွယ်ပေးနိုင်မယ့် အားကောင်းတဲ့ ဥပဒေ တွေ မဟုတ်ပဲ
အားနည်း တဲ့ ၊ သူတို့ လိုသလို လှည့်ပတ်ကစားလို့ ရမယ့် ဥပဒေ တွေ ပေါ်ထွက်လာအောင်
လူကြီးတွေကို လိုက်ကပ်လိမ့်မယ် ။ အယုံသွင်းလိမ့်မယ် ။
" လိမ့်မယ် " ဆိုတာက တကယ်တော့ စကားလုံး သုံးနှုန်းမှု မှားနေတယ်လို့တောင် ပြောလို့ရတယ် ။
ဘာလို့ဆိုတော့ စ ကို လုပ်နေပြီးပြီ ဆိုတာ သတင်းရပြီးသား မို့လို့ပါ ။
၎။ လက်ရှိ အနေအထားမှာ
MLM Companies ကို ဝေဖန်နေတာ ၊ အရေးယူဖို့ စောင့်ကြည့်နေတာတွေဟာ
တခြား မစစ်မှန်တဲ့ MLM Companies တွေ ကိုသာ ဖြစ်ပြီး
ကိုယ်တွေရဲ့ Company ကတော့ စစ်မှန်ပြီး တရားဝင်တဲ့
MLM Company ဖြစ်တဲ့ အတွက်
ဘာမှ စိုးရိမ်စရာမရှိကြောင်းပြောပြီး ရသမျှ လူတွေကို ထိန်းထားလိမ့်မယ် ။
( ခက်တာက MLM Companies တိုင်းက ဒီလိုပဲ ပြောနေကျတော့
သူတို့ ပြောသမျှသာ လက်ခံရရင်
မစစ်မှန်တဲ့ MLM Companies ဆိုတာတောင် ရှိတော့မှာ မဟုတ်ဘူး ။
အသင်းဝင် အရေအတွက် နဲ့ ဆုကြေးရရှိမှုတွေကိုတောင်
တစ်နှစ်စာ ရှင်းတမ်းထုတ်ပြီး
ပွင့်ပွင့်လင်းလင်း ချမပြရဲတဲ့ မြန်မာနိုင်ငံက MLM Companies တွေက
အဲ့လို စကားကြီးစကားကျယ်တွေပြောနေတော့
ကမ္ဘာ့ ဘိုးအေကြီး ဖြစ်တဲ့ Amway တို့ ၊
ကမ္ဘာ့ အဆင့် နံပါတ် ၃ အဆင့်မှာ ရှိတဲ့ Herbalife တို့ ဘယ်နားနေရမလဲတောင် မသိဘူး ။
ဒီ MLM Companies ကြီးတွေရဲ့ ရှင်းတမ်းတွေကြောင့်
MLM မှာ နစ်နာသူ ၊ ဆုံးရှုံးသူ အများအပြားရှိနေတယ် ဆိုတာ ထင်ရှားပေါ်လွင်နေတာပဲ ။
ဒီ Companies ကြီးတွေကလည်း Stock Market အထိတောင် စာရင်းဝင်အောင် လုပ်ထားတာဆိုတော့
သူတို့ရဲ့ သိက္ခာအတွက် ဒီ အချက်အလက်တွေကို
Public က သိအောင် Website ကနေ ချပြပေးရတာပဲ ။
ဒါတောင် သိသာထင်ရှားတဲ့ နေရာမှာ မဟုတ်ပဲ
အတော်သတိထားလိုက်ရှာမှ တွေ့မယ့်နေရာမျိုးတွေမှာ တင်ပေးထားတာ ။ )
-----
ဒီတော့ သူတို့ လုပ်နေတာတွေကို သတိထားမိရင်
သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ရော
MLM ကြောင့် လူများစု နစ်နာနေမှုတွေကို မမြင်လိုတော့တဲ့ တာဝန်သိ ပြည်သူ တွေ အနေနဲ့ရော
ကိုယ် တတ်နိုင်တာတွေ တတ်နိုင်တဲ့ ထောင့်ကနေ လုပ်နိုင်မှာပါ ။
- ကိုယ့် နီးစပ်ရာ ပတ်ဝန်းကျင်ကို အသိပညာပေးတာ ၊
- MLM Companies တွေ ရဲ့ လှုပ်ရှားမှု ၊ လူခေါ်ပုံ ၊ ပစ္စည်းရောင်းပုံ ၊
ဟောပြောပုံ တွေကို သက်သေအနေနဲ့ စုဆောင်းတာ ၊
- MLM Companies တွေ ကြောင့် နစ်နာဖူးသူတွေရဲ့ အချက်အလက်တွေ ကောက်ယူတာ ၊
- MLM Companies တွေ နဲ့ ပတ်သက်တဲ့ နိုင်ငံတကာက ဖြစ်ရပ်တွေ နဲ့
MLM / Anti-MLM သဘောတရားပိုင်းတွေ ကို ဘာသာပြန်တာ ၊
- နိုင်ငံတကာ မှာရှိတဲ့ MLM Companies တွေကြောင့် နစ်နာမှုတွေကို ထိမ်းချုပ်ဖို့
ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လေ့လာတာ စသဖြင့်
ကိုယ် လုပ်နိုင်တာကို လုပ်နိုင်သလောက် လုပ်ပေးနေနိုင်မှာပါ ။
( ကျွန်တော်အချိန်ရရင် အသေးစိတ် ထပ်တင်ပေးပါဦးမယ် ။ )
လူ အချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေဗျာ ။
စေတနာဖြင့်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ