Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

မြန်မာပြည်က MLM တွေအကြောင်းထပ်ပြောပါမယ်


No automatic alt text available.
မြန်မာပြည်က MLM တွေအကြောင်းထပ်ပြောပါမယ်
သေသေချာချာနားလည်အောင် အသေးစိတ်ရေးချင်လို့ ပါ
ဘယ်ကုမ္ပဏီလို့ ပြောတာမဟုတ်ပါဘူး ကုမ္ပဏီတိုင်းကတော့ ပေါ်လစီချင်း
ငွေကြေးခွဲဝေပုံခြင်းတူတာမဟုတ်ပေမယ့်။ ရှင်းရှင်းလင်းလင်းမြင်အောင်
လွယ်လွယ်သာပြောလိုက်တာဖြစ်ပါတယ်။ သေချာလေးဆင်ခြင်စဉ်းစားဖတ်ပေးကြပါ။
MLM လုပ်ရာမှာ အခုရေးမယ့်
Ponzi Pyramid နဲ့ သာသွားမယ်ဆို ဝေးဝေးသာ
ရှောင်ပေတော့။ ဒီကုမ္ပဏီတွေကိုရေးဆွဲထားတဲ့ Rule တွေဟာမြန်မာနိုင်
ငံမှာချို့ တဲ့ပါတယ် နိုင်ငံခြားမှာဆို ဒါမျိုး Ponzi နဲ့ သွားရင် ငွေကြေးခ၀ါချ
မှု နဲ့ အဖမ်းခံရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြောင်ပြောင်တင်းတင်း
လုပ်နေကြတာဖြစ်ပါတယ်။ ဒီမှာလုပ်နေတာကတော့
အတင်းသွပ်သွင်း. အတင်းရောင်း အတင်းဆွယ်တဲ့ Ponzi ကသာအများ
စုဖြစ်ပါတယ်။
၁။ မြန်မာပြည်မှာ အများစု အသုံးပြုနေတဲ့စနစ်တွေဟာ Ponzi Pyramid ဆိုတဲ့ စနစ်ကိုအသုံးပြုနေတဲ့ MLM ပါ ။ ဘယ်လောက်ပဲ ဘယ်နိုင်ငံမှာလဲ MLM သုံးတယ်
ဘာတယ်ရောင်းနေပါစေ မြန်မာနိုင်ငံမှာ အောင်မြင် တယ်ဆိုတဲ့
ဟာတွေက Ponzi scheme ကိုသာသုံးနေတာကိုတွေ့ 
နေရပါတယ်။ လုပ်တဲ့သူတွေလဲသိတယ်.. ဒါပေမယ့် သူတို့ သိန်းပေါင်းများစွာဝင်
နေတဲ့အတွက် ဆက်လက် ညာနေဦးမှာ တိုက်ပွဲဝင်နေကြဦးမှာပါပဲ ။
၂။ နောက်တစ်ခုငြင်းမရနိုင်တာက ဒီ ပိရမစ် စနစ်နဲ့ သွားတဲ့အတွက် ပစ္စည်းတွေဟာ
အရည်အသွေးညံ့ဖျင်းပြီး သာမန်စူပါမားကက်မှာသွားဝယ်တဲ့
ဈေးနှုန်းတူ ပစ္စည်းကွာလတီမြင့်
တဲ့အကောင်းစားတွေထက် အများကြီးညံ့ဖျင်းနေပါတယ်။ ပစ္စည်းဆိုတာဗန်းပြထား
တာသာဖြစ်ပြီး အဓိကကတော့ မန်ဘာဝင်တာတို့ .. စီးပွားရေးအစပြုဖို့ 
ပစ္စည်းဖိုးကြိုတင်သွင်းငွေတို့ ဘာတို့ နဲ့  ငွေကြေးကိုယူပြီး အဲဒီငွေကြေးကိုအဆင့်လိုက်
ကော်မရှင်ခွဲတမ်းနဲ့  ဖရဲသီးခွဲသလို ခွဲယူလိုက်ကြတာပါပဲ ။ ဘယ်လို အဆင့်နဲ့ သွား
တယ်ဆိုတာ ကတော့အောက်ကိုဆက်ကြည့်ပါ။
၃။ ပုံကိုကြည့်ပါ အဲဒီ Pyramid ရဲ့ ထိပ်ဆုံးမှာရပ်နေသူကတော့ ဒီလို ၀ိသမလောဘ Ponzi Pyramid ကိုအစပြု တဲ့လူပေါ့ နောင်တချိန်သူကပဲ အချမ်းသာဆုံးဖြစ်မှာပဲ ။ သူက ငွေကြေးအချို့ ရင်းနိုင်သူဖြစ်တယ်
သာမန် ကုမ္ပဏီထောင်တာမျိုးမဟုတ်ပဲ ၊ MLM ကုမ္ပဏီကိုထောင်
တယ်အတွင်းရေးမှူး ရုံးအဖွဲ့ ဝင်တွေကို ခန့် တယ် လုပ်ငန်းစတင်တယ်။
နောက်တစ်ခု အရည်အသွေးသိပ်မကောင်းတဲ့ MLM အဖြစ်ဖြန့် 
မယ့်ပစ္စည်းကိုခပ်ညံ့ညံ့ ကိုဈေးပေါပေါနဲ့ ရအောင် စက်ရုံတွေကို
ကိုယ်တိုင်ထောင်တာလဲဖြစ်မယ်။ စက်ရုံတွေနဲ့ ချိတ်ဆက်တာလဲ
ဖြစ်နိုင်တဲ့သူပါ ။ သူဌေးပေါ့။
အဲဒီလူကနေ
တစ်လွှာမြောက် လူ ၆ ယောက်ကို မြူ ဆွယ်တယ်... သူ့ လက်အောက်ခံအဖြစ်ပေါ့။
အဲဒီ ၆ ယောက် ဟာ တစ်ယောက် ၁၅ သိန်းစီရင်းလိုက်တယ်ထားပါဦး။
မန်ဘာကြေး ၅ သိန်းနဲ့ ပစ္စည်းဖိုး ၁၀ သိန်းထားပါတော့။ မန်ဘာကြေး ၅သိန်းသည်
၆ ယောက်ရဲ့ အပေါ်က လူဆီရောက်သွားတဲ့အတွက် အပေါ်က လူသိန်း ၃၀ ရသွားပါတယ်။
ပစ္စည်ဖိုးထုတ်လုပ်စာရိတ် ၅ သိန်း ရှိတယ်ထားပါဦး။ ကွာလတီညံ့လွန်းတဲ့အတွက် ၅ သိန်း
တောင်မတန်ပါဘူး တွက်ရလွယ်အောင် ၅ သိန်းလို့ ပြောတာပါ ။ ပစ္စည်းဖိုးက ၁၀
သိန်းဖြစ်တဲ့အတွက် ၅ သိန်းမြတ်နေပါပြီ ။ အဲတော့ အပေါ်က လူက သိန်း ၆၀ ရသွားပါပြီ။
၎။ အဲဒီ လူ ၆ ယောက်က နောက်ထပ် လူ ၆ ယောက်စီရှာရတယ်လို့ မြင်ကြည့်ပါ.။
ဒုတိယအဆင့်ကိုရောက်နေပါပြီ။ ဒုတိယအဆင့်ကလူ ၃၆ ယောက် က လဲ ၁၅ သိန်းစီ
ရင်းလိုက်ရပြီလို့ မှတ်။ တစ်ယောက်စီအတွက် ကုမ္ပဏီက ပြန်ပေးရတဲ့ ပစ္စည်းအရင်း ၅ သိန်းနှုတ်လိုက်ပါ ။ မန်ဘာကြေး ၅သိန်းစီ + ပစ္စည်းအမြတ် ၅ သိန်းစီ ဆိုတော့ စုစုပေါင်း ၁၀ သိန်းစီဆိုတော့ လူ ၃၆ ယောက်မှာ သိန်း ၃၆၀ ဖြစ်သွားပါပြီ ။ အဲဒီ သိန်း ၃၆၀ မှာ
မန်ဘာကြေးစုစုပေါင်း သိန်း ၁၈၀ ကို ဒီအဆင့်ရဲ့ အပေါ်က ၆ ယောက် ခွဲယူလိုက်တယ်ပဲထား တစ်ယောက် သိန်း ၃၀ စီရသွားပါပြီ။ ကျန်တဲ့ သိန်း ၁၈၀ ကိုတော့
၆ ယောက်ရဲ့ အပေါ်က လူ က တစ်ဦးထဲရသွားပြီပေါ့ဗျာ။
၅။ ကဲ ၃၆ ယောက်အဆင့်ကနေ ၆ ယောက်ဆီ ဆင့်ပွားတဲ့ ၂၁၆ ယောက်အဆင့် ..ရောက်လာပြီ ။ တစ်ယောက် ၁၅ သိန်းရင်း။ ကုမ္ပဏီက ပစ္စည်းဖိုး အရင်းကို ထုံးစံအတိုင်း ၅ သိန်းနှုတ်လိုက်မယ်။ မန်ဘာကြေး + ပစ္စည်းရဲ့ အမြတ်ငွေ သိန်းပေါင်း ၂၁၆၀ စုစုပေါင်းပါ ။ အဲဒီမှာ မန်ဘာကြေး စုစုပေါင်း ၁၀၈၀ သိန်းကို ကိုမဲဆွယ်တဲ့ ၃၆ ယောက်ကို ခွဲယူခိုင်းလိုက်ရင် တစ်ယောက် သိန်း ၃၀ ရပါတယ်။ ပစ္စည်းအမြတ်ငွေ ကျန် သိန်းပေါင်း ၁၀၈၀ ကတော့ ။အပေါ်ဆုံးကလူက သိန်း ၅၄၀ ယူပြီး။ သူ့ အောက်က ၆ ယောက် က သိန်း ၉၀ စီ ရသွားပါတော့တယ်။
၆။ ၂၁၆ ယောက်အဆင့်ကနေ ၁၂၉၆ ယောက်အဆင့်ပွားနိုင်သွားတယ်ထားဦး။
သိန်း ပေါင်း ၁၂၉၆၀ ။ မန်ဘာကြေး သိန်း ၆၄၈၀ ကို ၂၁၆ ယောက် က ခွဲယူရင်
ထုံးစံအတိုင်း သိန်း ၃၀ စီရမယ်။ ကျန်ပစ္စည်းအမြတ်ငွေ သိန်း ၆၄၈၀ ရဲ့ တစ်ဝက်
သိန်း ၃၂၄၀ ကို ၆ ယောက်ရဲ့ အပေါ်ဆုံးက လူက ရသွားမယ်။ အဲဒါရဲ့ ကျန်ငွေ
သိန်း ၃၂၄၀ ကို တစ်ဝက်ထပ်ဝက် ။ ၁၆၂၀ သိန်း ကို ထိပ်ဆုံးကလူအောက်က ၆ ယောက် ခွဲယူတော့့ တစ်ယောက်ကို သိန်း ၂၇၀ စီ ရသွားတော့တယ်။
နောက်ကျန်ငွေ ၁၆၂၀ ကို ၃၆ ယောက် က ထပ်ခွဲယူ ၄၅ သိန်းစီ ရသွားပါပြီ။
၇။ ၁၂၉၆ ယောက်ကနေ ၇၇၇၆ ယောက်ကိုဆင့်ပွားနိုင်ခဲ့ ပြီဆိုပါတော့။
သိန်း ၇၇၇၆၀ ။
တစ်ဝက် မန်ဘာကြေး ၃၈၈၈၀ ကို မဲဆွယ်သူ ၁၂၉၆ ကို ပြန်ခွဲပေးလိုက် ။ သိန်း ၃၀ စီ ရသွားပြီ ။ ပစ္စည်းအမြတ် ၃၈၈၈၀ ကို ထိပ်ဆုံးကလူက သိန်း ၁၉၄၄၀ ယူမယ်။
ကျန် ၁၉၄၄၀ ကို တစ်ဝက်ထပ်ဝက် ။ ၉၇၂၀ သိန်း အဲဒါကို ၆ ယောက်ခွဲယူ သိန်း ၁၆၂၀ စီ ကျန်ငွေ သိန်း ၉၇၂၀ ကို ကို တစ်ဝက်ဝက် ။ ၄၈၆၀ သိန်း ။၆ ယောက်ရဲ့ အောက်က ၃၆ ယောက်ခွဲယူ တစ်ယောက် ၁၃၅ သိန်းစီ။ ကျန် ၄၈၆၀ ကို ၂၁၆ ယောက်ခွဲယူ ၂၂ သိန်း ခွဲ စီရသွားပါတယ်။
၈ ။ ဒီမှာဘာသတိပြုမိတာရှိလဲ။ အပေါ်ဆုံးလူ(ကုမ္ပဏီပိုင်ရှင်) ၊ ၆ ယောက် နဲ ၃၆ ယောက် ယောက် ကျိကျိတက် ချမ်းသာနေတဲ့အချိန်မှာ ။ ၂၁၆ ယောက်ဟာ လူ ၆ ယောက်ရှာပြီးနောက်မှာ member ကြေးကနေ ရတဲ့ သိန်း ၃၀ အမြတ် ၁၅ သိန်း ရဲ့ နောက်မှာ ၂၂ သိန်း ခွဲပဲ ရပါတော့တယ်။
အောက်တစ်ဆင့်သာဆက်ဆင်းလို့ ရရင် ၁၂၉၆ ယောက်အဆင့်ဟာ တစ်ယောက် အမြတ် ၁၁သိန်း ၂သောင်း ၅ ထောင်သာရပါမယ်။ ( ၆ ယောက်ရှာလို့ ရတဲ့ 
သိန်း ၃၀ ထည့်မတွက်ထားပါ ) ။
၉။ MLM Pyramid scheme ဟာ ဒီလို နေရာမှာတန့် နေတတ်ပါတယ်။ အောက်ကလူတွေက အသည်းအသန် အမြတ်ရဖို့  နောက် လူ ၆ ယောက်ကို ပင်ပင်ပန်းပန်း ဂျင်းထည့်နေချိန်ဖြစ်ပါတယ်။
မြို့ တွေမှာရှာမရလို့ တောတွေမှာပါလိုက်ရှာနေရချိန်ပါ ။
၁၀။ ၁၅ သိန်းရင်းလိုက် လူ ၆ ယောက်ရှာတာနဲ့  ၂ ဆမြတ်ပြီ နောက်လဲ ငွေဆက်ဝင်နေမှာပဲ ဘာညာ ဆိုတာ ဒီ Pyramid ရဲ့ အောက်ရောက်လာလေလေ မမှန်တော့ပါဘူး။
လူ ၆ ယောက်ရှာလိုက်လို့  ၂ ဆမြတ်တာဟုတ်ပါတယ် ဒါပေမယ့် အပေါ်ကလူတွေအတွက် ငွေရှာပေးနေတာသာဖြစ်သွားပါပြီ။
၁၁။ အပေါ်ဆုံးကလူတွေက ဒီထက် လူရနိုင်ချေရှိမရှိ တွက်ပါတော့တယ်.။ ရနိုင်ချေရှိရင်သူတို့ Quota ကို တစ်ဝက်ထက် ၄ ပုံတစ်ပုံစီသာလျော့ ယူမှာပါ ။ အောက်က ငွေကြေးခွဲဝေမှု ကိုတဆင့်တိုးစေဖို့ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်သန်းပေါင်းများစွာဝင်နေဦးမှာပါပဲ ။
၎ ပုံတစ်ပုံ သာယူတော့တာကို
နားလည်အောင်ပြောရရင် အပေါ်က အဆင့်မှာ အပေါ်ဆုံးကလူက
၁၉၉၄၀ သိန်းယူခဲ့တယ်မလား။ ၄၆၆၅၆၀ သိန်း အဆင့်မှာ
သူဟာ ၁၁၆၆၄၀ သိန်း ရရမှာပါ ။ ဒါပေမယ့် သူက ၅၈၃၂၀ သိန်းသာယူလိုက်တယ် ။ အဲတော့ အောက်ဆုံးက ၇၇၇၆ အဆင့်က ၁၁ သိန်း ၂သောင်း ၅၀၀၀ မဟုတ်ပဲ ၂၂ သိန်းခွဲရသွားပါမယ်။ နောက်တဆင့် ဆို
၈ ပုံ တစ်ပုံ သာသူယူမယ်..။ ဒါပေမယ့် သန်းချီဝင်နေမှာပဲ အောက်
ကလူတွေက များတာကိုး။
လူ ၄၀၀၀၀ ကျော်အဆင့် လူ ၂၇၀၀၀၀ ကျော်အဆင့် ဆိုတာဖြစ်ခဲပါတယ်။
ဖြစ်နိုင်ရင်တောင် ဆက်မတက်တော့ပါဘူး။ လူ ၁၆ သိန်းအဆင့်ဆိုတာ ။ မြန်မာ့လူဦး
ရေရဲ့ ၅ ပုံတစ်ပုံ ၁၀ သန်း အဆင့်ဆိုတာ ။ မြန်မာ့လူဦးရေ ထက် ၁၀ သန်းပို သန်း ၆၀ အဆင့်ဆိုတာ ဖြစ်နိုင်စရာမရှိပါဘူး။ ဒီထက်ဆက်တက်ရင် အမေရိကန်လူဦးရေ သန်း ၃၀၀။ နောက် ၂ဆင့်ဆက်တက် ရင် ကမ္ဘာလူဦးရေအထိရောက်တောမယ်။
၁၂ ။ လူ ဦးရေတက်လာရင်ကုမ္ပဏီကိုဖျက်လိုက်ရုံပါပဲ ။ အရင် MLM တွေလို
ရသင့်ရထိုက်တာရ တော့ ကုမ္ပဏီကိုဖျက်လိုက်တာပါပဲ ။ ပစ္စည်းဆက်မထုတ်တော့ဘူး
ဆိုတဲ့ စကားတစ်ခုထဲနဲ့  ထိပ်ပိုင်းလူတွေ ငွေအလုံးအရင်းပိုက်ပြီး အောက်ကလူတွေက ဘာမှ လုပ်လို့ မရတော့ပါဘူး။
၁၃။ အဲလိုထိပ်ပိုင်းလူတွေက ငွေရှိတယ်.. မတရားရှာဖွေထားတာဖြစ်တယ် အခွန် လဲပေးစရာမလိုပါဘူး။ လူမသိသူမသိနဲ့ ငွေသန်းပေါင်း ကုဋေပေါင်းများစွာဝင်နေတာပါ။
အဲလို ငွေ လွယ်လွယ်ရနေမှတော့ နောက်လူတွေကို လိမ်ဖို့ လဲဝန်လေးတော့မှာမဟုတ်ပါဘူး။အချိန်များလာတာနဲ့ ချမ်းသာမှာပေါ့။
၁၄။ သူတို့ အဲလိုချမ်းသာတာပါ ဘာပိုင်တာညာပိုင်တာ ကွိပိုင်တာ ကွပိုင်တာ
ဘယ်နှစ်သန်းကို ဘယ် နှစ်နှစ်အတွင်းဝင်တာ
ဘာညာ ဆွယ်နေတဲ့သူတွေက ၁ အဆင့် ကနေ ၆ အဆင့်
၃၆ အဆင့် လူတွေ ပါ။ သူတို့ ဟာ ပြ စရာမျောက်တွေဖြစ်ပါတယ်။ တကယ်လဲ ငွေရပါတယ်။ ကမ္ဘာပတ်နိုင်အောင်ချမ်းသာသွားတဲ့ 
လူတွေပေါ့ဗျာ ။ဟော်တယ်တွေမှာ နေ့ တိုင်းစားတဲ့ကြေးရတတ်အဆင့်ထဲပါ
မပေါ့။
၂၁၆ ပါထည့်တွက်လိုက်ဦး ကျောင်းသူလေး
တွေ ဘာလေးတွေ မရစဖူး ငွေလေးတွေရလာတယ် မိဘထောက်ပံ့
နိုင်တယ်ဘာညာ လုပ်ပြနေတာ ဒီ ၂၁၆ ယောက်ထဲမှာပါလောက်ပါတယ်။
သူတို့ ကိုအားကျလို့ သင်က စလိုက်တယ် .. သင့်အဆင့်က
လူ ၄၀၀၀၀ ကျော်အဆင့်မှာဆိုရင် သင်ဘာလုပ်မလဲ ။ သင့်အနေနဲ့ ကတော့ လူ၆ ယောက်ဆက်ရှာပြီး ၁၅ သိန်းအရင်းကို ၂ ဆမြတ်အောင်ဆိုလုပ်ဦးမှာပါပဲ ။
ဒါပေမယ့် သင့်အောက်က လူတွေက ဆက်လက်ရှာဖို့ ခက်နေမှာကိုသင်မြင်ဖို့ လိုပါတယ်။
သင်ရင်းသမျှလဲ အပေါ်ကလူတွေပိုက်ဆံအိတ်ထဲတစ်စိတ်တစ်ပိုင်းစီဝင်သွားမှာပါ။
၁၅။ အဲတော့ အဆင့်အမြင့်လူတွေများလာလေလေ ကုမ္ပဏီ ငွေထုပ်ပိုက်ပြီး ပြေးဖို့ နီးလာလေလေ ကိုသတိပြု မိစေချင်ပါတယ်။