Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

MLM ကြောင့် နစ်နာခဲ့သူတွေ အတွက် သတင်းကောင်း


MLM ကြောင့် နစ်နာခဲ့သူတွေ အတွက် သတင်းကောင်း
( အမေရိကန် မှာပါ ) January 10, 2017
======================
Herbalife ( American MLM Company ) ကြောင့်
နစ်နာဆုံးရှုံးမှုဖြစ်ခဲ့သူတွေထဲက လူပေါင်း ၃သိန်းခွဲလောက်ကို
အမေရိကန် FTC ကနေ နစ်နာကြေး အနေနဲ့
ချက် လက်မှတ်တွေက Mail ကနေ တဆင့် ပြန်ပို့ပေးနေပါပြီ ။
ပေးပို့ငွေ အများစုဟာ ဒေါ်လာ ၁၀၀ ကနေ ၅၀၀ ကြားဖြစ်ပြီတော့ ။
အများဆုံးက ဒေါ်လာ ၉ ထောင်ကျော်ပါတယ် ။
( Herbalife ကို ဒဏ်ရိုက်လို့ရတဲ့ ဒဏ်ကြေးငွေ ဒေါ်လာ သန်း ၂၀၀ ထဲကနေပို့ပေးတာ ဖြစ်ပါတယ် ။ )
( Source : https://www.ftc.gov/…/ftc-sends-checks-nearly-350000-victim… )

ကဲ ကျွန်တော်တို့ဆီမှာရော ဆယ်စုနှစ်ကျော် လည်ပတ်လုပ်ကိုင်နေခဲ့တဲ့
MLM Companies တွေကြောင့် နစ်နာခဲ့သူတွေအတွက် ဘာတွေ ပြန်လုပ်ပေးနိုင်မှာလဲ ?
အနည်းဆုံးတော့ဆက်ပြီး ဒီလို နစ်နာမှုတွေ မဖြစ်ပေါ်တော့အောင်ရော
ဘယ်လို စည်းကျပ်တားမြစ်ပေးနိုင်မှာလဲ ?
အစိုးရမှာ ၊ အာဏာပိုင်တွေမှာ ၊ ပြည်ထဲရေးမှာ အရေးတကြီး လုပ်စရာတွေ အများကြီးရှိနေတာ နားလည်ပါတယ် ။
ဒါပေမယ့် ပြည်သူကို နှစ်ရှည်လများ ဂုတ်သွေးစုတ်နေတဲ့
ဒီ MLM စနစ်ဆိုးရဲ့ အန္တရာယ်ကိုပဲ မေ့မထားကြပါနဲ့လို့
သတိပေး တိုက်တွန်း နှိုးဆော်လိုက်ပါရစေဗျာ ။
လေးစားလျက်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
စာကြွင်း ။
ငါတို့ Company က MLM စနစ် သိပ်စစ်လို့
နစ်နာသူ မရှိစေရဘူးလို့ မျက်လုံးစုံမှိတ်ငြင်းချင်တဲ့ မြန်မာပြည်တွင်းက သမားတွေကို ပြောချင်တာက
Herbalife ဟာ ၁၉၈၀ ကတည်းက စတင် တည်ထောင်ခဲ့တာဖြစ်ပြီး
တစ်ကမ္ဘာလုံးမှာ ရောင်းအားအမြင့်ဆုံး
ထိပ်သီး MLM Companies ၁၀၀ မှာ နံပါတ် ၃ ချိတ်ပါတယ် ။
( သူ့ အပေါ်မှာ Amway နဲ့ Avon ပဲ ရှိပါတယ် ။
ဒါတောင် Avon က MLM စစ်စစ်မဟုတ်ပါဘူး ။
Direct Selling ပိုဆန်ပါတယ် ။
အောက် ၃ လွှာအထိပဲ အကျိုးခံစားခွင့် လိုက်ပေးတာပါ ။
MLM တွေလို အလွှာ အများကြီး ( ၈ လွှာ/ ၁၂ လွှာ ) စသဖြင့်
ပေးတာမျိုး မဟုတ်ပါဘူး ။ )
ဒီလို American MLM Companies ကြီးတွေတောင်
US - FTC ကနေ စနစ်တကျ စစ်ဆေးခံလိုက်ရလို့ ဒဏ်ရိုက် ခံရ ၊
လုပ်ငန်းလည်ပတ်ပုံကို ပြောင်းဖို့ အမိန့်ချခံလိုက်ရချိန်မှာ
ခင်ဗျားတို့ရဲ့ လက်တောက်လောက် MLM Companies တွေ ဆိုရင်တော့
ဒီလို သေသေချာချာ အသေးစိတ် အစစ်ခံရပြီဆိုရင်
ဘယ်လို နေမလဲ လက်တွေ့ကျကျ စဉ်းစားကြည့်ပေါ့ဗျာ ။

Zin Zay Lwin