Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 17, 2017

MLM သမားဘ၀အထင်နဲ့အမြင်



မန်ဘာကြေးသွင်းပြီးပစ္စည်းဝယ်ရတာကို ရှယ်ယာဝင်တဲ့
လစာမဲ့အရောင်းစာရေးက ကိုယ်ပိုင်လုပ်ငန်းရှင်လို့ပြော
အောင်မြင်သူများစုဝေးရာဆိုပြီး သူတောင်းစားတွေစု
21 ရာစု အကောင်းဆုံးစီးပွားရေးဆိုတာ ဘာမှမလုပ်
ဘာမှမရင်း စင်ပေါ်တတ်ပုံပြောပြီး အလှူခံတဲ့ စီးပွားရေး
သူခိုးကြီးတွေစုပြီး သူခိုးဖမ်းမဲ့အဖွဲ့တွေဖွဲ့။
ကြီးကြီးနဲ့ကျယ်ကျယ်မှာပြောရင် အောင်မြင်သူဖြစ်
ဝတ်လိုက်စားလိုက်ပြောလိုက်တာ သူဌေးတောင် အဖေခေါ်ရမဲ့ လူငမွဲ။
International Trading လုပ်ပြီး ဂဏန်းသချာင်္တောင်
ဖြောင့်ဖြောင့်မတ်မတ် မတွက်တတ်
ဘောပွဲလောင်းကြေးတောင် မကြည့်တတ်ပဲ ဈေးကစား
မယ်ဆိုတော့ သူဌေးဖြစ်ပြီးပေါ့။
Digital Currency တဲ့ အာမခံသူမရှိ တာဝန်ခံသူမရှိ လေထဲက လေကို ဈေးတတ်မယ်ဆိုပြီး ရောင်းဝယ်လုပ်
ဈေးကွက်မရှိတဲ့ Discount ကူပွန်ကို ဈေးတတ်မယ်
ပြောပြီးရောင်း။
ဖန်ကလပ်ထောင်ပြီး ပိုက်ဆံထိုင်တောင်းတဲ့ လူလိမ်က
သူဌေးဖြစ်။
Company Limited ပါ ဒေဝါလီခံ လိုက်ရင် အစပိုင်း
ရင်းနှီးမြုပ်နှံထားတဲ့ ပမာဏပဲပြန် ခွဲပေးလို့ပဲရမယ်။
သူပိုင်ဆိုင်မှု သွားထိလို့မရဘူး။
မရှိမဲ့ ရှိမဲ့ ဥပဒေနဲ့ တရားစွဲရင်းတောင် လစာနဲ့ဌားထား
တဲ့ MD ပဲထိုးပေးလိုက်မှာ။
အချိန်တန်ရင် သူဌေးက ကုမ္ပဏီနာမည်ပြောင်း
MD နောက်တစ်ယောက်ထက်ဌားလို့ရတယ်။
အဲ့လိုခိုင်မာတဲ့ ကုမ္ပဏီလီမီတတ် ပါစိတ်ချရတယ်။
ဟိုလူလာ ချသွားလိုက် ဒီလူလာ ချသွားလိုက်နဲ့
လူတကား ကြုံသလို ဝင်ဝင်ချသွားတာတောင်
ဇိမ်ရှိတယ် ပိုက်ဆံရတယ် အချိန်တန်ရင် သူဌေးဖြစ်မယ်
မှတ်နေရင်တော့ ကိုယ့်ဟာကိုဘာလဲ ပြန်ကြည့်ဦး။
ပြောသမျှပုံပြင်တွေ တကယ်မှတ်ရအောင် ကလေးလဲ
မဟုတ်တော့ဘူး။ဪ ကလပ်တတ်က ချင်ရင်
၆ယောက် ၈သောင်းပဲ ကုန်ပါတယ်။မူးပြီးကလို့ရတယ်။
အိပ်ချင်ရင်တော့ ဟိုတယ်တွေ တည်းခိုးခန်းတွေ
ပေါပါတယ်။
CCTV တော့ရှောင် အဖော်လေးတော့ဆောင် ပေါ့နော်။
တော်ကြာ ကျော်မကောင်း ကြားမကောင်း
Diamond HD တွေထွက်လာဦးမယ်။😂😂